လူ့စိတ်က သစ်ရွက်လိုပဲ
သစ်လိုက် ဟောင်းလိုက်
ကြွေလိုက် ဝေလိုက်
နှစ်လရာသီတွေပြောင်းလဲသွားတိုင်း
ရွက်နုသစ်တွေ ထပ်ထပ်ဝေတယ်။
လူတစ်ယောက်ရဲ့ ရင့်ကျက်မှုက
သူ့အသက်အရွယ်နဲ့ မဆိုင်ဘူး၊
သူ့ စိတ်နေစိတ်ထားနဲ့ပဲ ဆိုင်တယ်။
စိတ်နေစိတ်ထားရဲ့ ရင့်ကျက်မှုက
သူတွေ့ကြုံရတဲ့ ကိစ္စရပ်အနည်းအများနဲ့မဆိုင်ဘူး၊
ကိစ္စရပ်ကိုဖြေရှင်းတဲ့ သူ့သဘောထားနဲ့ပဲ ဆိုင်တယ်။
.