Steemit မှFriends မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပြီး ရသင့်ရထိုက်သော အခွင့်အရေးများ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလျက်ပါ။
phone ဘေ လူတိုင်း အသုံးပြုရလို့ တယ်လီနောဆို ဗုဒ္ဒဟူးနေ့ ထည့်ကြပါ။ mpt ဆို သောကြာနေ့ထည့် လဲ ဘောနတ် အပို ရတာ သိထားကြမယ် ဆိုလဲ အဆင်ပြေနေပါမည်။ Steemit မယ် post တင်ကြပါမယ် ထိုက်တန်သော sbd အစိတ်အပိုင်း လေးတော့ ပိုင်ဆိုင်လာမှာ မုချမလွဲပေ။ အခွင့်အရေး ဆိုတာ အလုပ်လုပ်ရင်း ရလာဒ်လေးတွေ ရ လာတာမလို့ စုပါများ သွားရင် တနေ့နေ့မယ် အဆင်ပြေလာမည်မဟုတ်ပါလော။
အချိန်တွေရယ် ရက်တွေဟာ အလုပ်လုပ်နေသူ များအတွက် တန်ဖိုး မဖြတ်နိုင်အောင် တန်ဘိုးရှိနေလျက်ပါလေ။ အချိန် ပိုနေသူတွေလည်း လောကမယ် အများကြီးရှိနေလျက်ပါဘဲ။ အလုပ် အောင်မြင်ဖို့ အတွက် vision ဆိုတဲ့ အမြင်ရှိဖို့တော့ အထူးလိုအပ်ပါမယ်။ အမြင်မရှိသူတွေက အခွင့်အရေး ကို ဖန်တည်း ယူဖို့ မကြိုးစားတော့ဘဲ ထိုင်စောင့် နေသူများသာ ဖြစ်မယ်လို့ ထင်ဟပ်စေမိတာ အမှန်ပါ။
ပညာဆိုတာ မွေးကတည်းက သေဆုံးသည်အထိ သင်လို့ မကုန်နိုင်တာ ဆိုတာ သိထားမယ်ဆိုရင် အရာရာ တိုင်းဟာ ယူတတ်ကြမယ်ဆိုရင် အခွင့်အရေးတွေဟာ မနည်းလှပေတယ် မဟုတ်ပါလော။
Steemitမယ် စာရေးကြသော မိတ်ဆွေအသစ်များနှင့် ဆုံတွေ့ရခြင်းဟာလဲ နည်းပညာ အသိပညာ ဖလှယ်ကြရင်း အောင်မြင်သော ရည်မှန်းထားသော အိပ်မက် ပန်းတိုင်သို့ တခရီးတည်း သွားကြဖို့ စိတ်တူ ကိုယ်တူ အကြံတူတွေမလို့ စိတ်ခွန်အားကို ဖြစ်စေတာ အမှန်ပါလေ။ အချိန်ရ ရင် ရသလို လေ့လာ လေ့ကျင့်မယ် သိထားသမျှ တတ်ထားသမျှတွေကိုလည်း မျိုးဆက်သစ်တွေကို မျှဝေပေးမယ်ဆိုရင် ပေးသူ ယူသူ ကြည်ဖြူကြဖို့ တိုးတက်မှုတွေ ဝေဆာနေမယ်လို့ မျှော်လင့်မိပါတယ်။ပေးနေသူတွေ က ပေးနေပါသော်လည်း ယူတဲ့သူက ယူတတ်ဖို့ တော့ အရေးကြီးပါမယ် ။
အခွင့်အရေးကို လိုချင်လို့ လိုက်ရှာနေသူများ အောင်မြင်ချင်သူများဟာ အခက်ခဲပေါင်း များစွာကို ရင်ဆိုင် ကြုံတွေ့ရမည် ဆိုပါသော်လည်း ဘယ်တော့မှ နောက်မဆုတ်သော စိတ်အားဖြင့် ရှေ့သို ချီတက် အောင်မြင်လျက်ပါ ။
လောက ကြီးက ယူတတ်သူအားလုံးကို အခွင့်အရေး တွေ မျိုးစုံ ပေးနေလျက်ပါ။ အခုလဲ ပေးနေပါတယ် နောက်နောင်လဲ ပေးနေဦးမှာပါဘဲလေ။ အခွင့်အရေး တွေကို လက်ဝယ် ယူဆောင်တတ်သူ တယောက် ဖြစ်ဖို့ သိသိချင်း လုံးလ ဝရိယ ဖြင့် သင်ယူ လေ့ ကျင့်ကျွမ်းကျင်အောင် လေ့ ကျင့်ပါမှ ပြန်လည် လက်ဆင့် ကမ်းနိုင်မည် ဖြစ်တာမလို့ အချိန်ဟာ တန်းဘိုးရှိလေစွ ပါလေ။
လူသားအားလုံးဟာ အသိပညာ အတတ်ပညာတွေကို လက်ဆင့်ကမ်း သင်ကြားသင်ယူကြပြီး ကမ္ဘာကြီး ကို နည်းမျိုးစုံဖြင့် ကာကွယ် နေကြရင်း အလှဆင်နေကြတာ ကမ္ဘာ ဦးလူသားတွေ ကတည်းပါ။
သိပ္ပံပညာရှင်တွေဟာ လူသားအားလုံး ကို ပညာတွေ အတွေ့အကြုံတွေ ရှာဖွေပေးခဲ့ကြတာ သက်သေပါ။ပေးနေတာ တွေကို လက်လှမ်းမှီသလောက် ယူထားကြဖို့ဟာ ကျနော်တို့ မျိုး ဆက်သစ် လူသားတွေမယ် တာဝန် အလီလီရှိကြတယ်ဆိုတာ သမိုင်းပေး တာဝန်တရပ်လို ခံယူထားပြီး အကျိုးပြုလုပ်ငန်းတွေမယ် နိုင်ရာ နိုင်သလောက် လုပ်ဆောင်ကြရမည်မှာ 100% ဖြစ်ပေသည်။
မိတ်ဆွေတွေ အားလုံးဟာ ပေးနေသူတွေ ဖြစ်ပါလိမ့်မယ်လို့ ခံယူထားရပါမည်လေ ။မိတ်ဆွေတွေက မျိုးစုံ ပေးလိမ့်မယ် သောက တွေလဲ ပေးမည် ရှောင်ရှားဖို့တော့ လိုအပ်ပါမည်။ ကိုယ်လိုချင်တာ ကိုယ်နဲ့ သက်ဆိုင်တာများ ရအောင် ယူတတ်ဖို့ အရေးကြီးသလို အချိန်ဟာ မရပ်တန့် နေဘဲ ကုန်ဆုံးမြန်နေတာ မလို့ ကံဥာဏ် ဝရိယ အဓိက ထားလို့ အောင်မြင်မှုဆီသို့ ပေးနေတာများ ရအောင် ယူသွားပြစမ်းပါ အသင် လူသားအပေါင်းတို့။ ။
photo- googleနှင့် မူရင်း