ဓလေ့ ထုံးတမ်းအစဉ်အလာဆိုတာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမယ် ရှိနေလျက် ကျင့်သုံးနေတာကို စိတ်ကျေနပ်စွာ လက်ခံနေတယ်ဆိုတာ လူသားတိုင်း သိကြမည်ဟု ထင်မြင်ယူဆမိပါတယ်။လူသားအားလုံး ပျော်စရာ စိတ်ကျေနပ်မှုများ ပီတိများဖြင့် ဝေဆာနေလျင် အပြုံးကိုယ်စီဖြင့် မြင်တွေ့ရမည်မှာ အားလုံးလိုလိုပါ လို့ တင်ပြနေမိလို့ပါ။အပြုံးပိုင်ရှင်တိုင်းဟာ စိတ်ထဲမယ် ကျေနပ်မှုများ ပျော်ရွှင်မှုများ ဖြင့် သောက ကင်းဝေးနေမည့် အချိန်ပိုင်ဆိုင်နေသူများ ဖြစ်နေပါလိမ့်မည်။ဟန်ဆန်သော သူများအပြုံးဟာ မဲ့ပြုံးဖြစ်နေမည် ကိုလဲ လူတိုင်း သတိထားကြလို့ အထူးပြောစရာမလိုလှပါပေ။ စိတ်ရဲ့ အလိုဟာ မျက်နှာမယ် ပြနေသည် မဟုတ်ပါလော။ လောကကြီးမယ် ပြည့်စုံမှုဆိုတာ လူတိုင်း မရှိကြပေမယ့် ရည်ရွယ်ချက်တော့ လူတိုင်း ကိုယ်စီရှိနေကြပေမည်။ ကိုမှန်းထားသော ရည်မှန်းချက်များ အောင်မြင်တာတို့ အဆင်ပြေတာတို့ဖြစ်ပေါ်လာလျင်လည်း အပြုံးဆိုတာ မြင်တွေ့ကြရမည်ဖြစ်ပေသည်။
မြန်မာပြည်မယ် လှပသော တောင်တန်းကြီးများ ရှုခင်းများကို တခါတလေ မြင်တွေ့ရမယ်ဆို လူတိုင်းဟာ ပြုံးရွှင်နေပြီး ကြည်နူးမှုတွေကိုယ်စီနဲ့ ပြုံးရွှင်စွာကျေနပ်ပေလိမ့်မည်။ မြန်မာ မိန်းခလေး အများစုဟာ ဗုဒ္ဓဘာသာဝင်များကြ၍မြန်မာဆန်ဆန်ဝတ်ထားကြသည်များ မြင်တွေ့ကြရမည်။ လုံလုံ ခြုံခြုံဝတ်ကြသည် ယဉ်ကျေးလှသည် ကြီးသူကို ရိုသေ ရွယ်တူကို လေးစားပြီး ငယ်သူများကို သနားကြင်နာကြသည်မှာ အစဉ်အလာ တစ်ခုဖြစ်လို့ လူသားတွေအတွက် အမွေအနစ် စည်းစနစ် ကျန်နေပေလိမ့်မည်။ အပြုံး ကိုယ်စီရှိပါသော်လည်း မြန်မာ မိန်းခလေးများဟာ အနန္တောအန္တငါးပါးကို နေ့စဉ်ဦးခိုက် သူများမလို့ မြန်မာမိန်းခလေးပီသစွာ မြင်လိုက်တာနဲ့ သိသာနေတာ ထူးခြားမှု ဖြစ်နေပါတော့သည်။
မြန်မာပြည်မယ် ရှင်ပြုအလှူများ ပွဲနေပွဲထိုင် အခမ်းအနား ဘွဲ့နှင်းသဘင် ဘာသာရေးပွဲတိုင်းမယ် မြန်မာ့ ယဉ်ကျေးသော ဝတ်စားဆင်ယင်မှုများဖြင့် တင့်တယ်လှပသော မြန်မာ အမျိုးသမီး များကို မြင်တွေ့ကြရမည်။ ရိုးသားပြီး ယဉ်ကျေးသိမ်မွေ့သောအမျိုးသမီး အားလုံးသည် ပြုံးပျော်ရွှင်နေမှုများကို တင်ပြချင်တာဟာ မြန်မာဆိုတာ ကမ္ဘာကပါ လေးစားနေသည်မို့ ဖြစ်ပါတယ်။
မြန်မာ့ သနပ်ခါးလေး ပါးပြင်မယ် ပါးခွက် လေးဖြင့် လှပတင့်တယ် နေသည်မှာလည်း လူတိုင်း ငေးမောစွာ မြင်တွေ့ကြရပါမည်။ အလှတရား အသိတရား ယဉ်ကျေးမှု စာပေ ရှိသော တို့မြန်မာ အပြုံးများဟာ လည်း စာဖွဲ့ လို့ မကုန်နိုင်အောင် ဖြစ်နေပေတော့သည်။ယဉ်ကျေး သိမ်မွေ့မှု ဟာ မြန်မာအမျိုးသမီးများက ဆက်လက်ထိမ်းသိမ်းထားနေခြင်းသည် လက်ဦးဆရာ မိဘ ဆရာတို့၏လမ်းညွှန်နေမှုများ အသိတရား အရှိတရားများဖြစ်နေလေတော့သည်။
မြန်မာနိုင်ငံမယ် လူမျိုးစုပေါင်း ၁၃၅မျိုးရှိနေပါသော်လည်း ယဉ်ကျေးမှု ဓလေ့ ပုံစံဖြင့် ဝတ်စားဆင်ယင်ပြီး ယဉ်လျက်နှင့် အပြုံးပိုင်ရှင်များဖြစ်နေပေတော့သည် မဟုတ်ပါလော။စာပေမယ် မြန်မာစာပေရှိနေတယ် ကိုးကွယ်မှုမယ် အခြေခံဗုဒ္ဓဘာသာ စေတီပုထိုးနှင့် ကျောင်းကန်များစွာ တည်ရှိနေခြင်းကလည်း ကမ္ဘာမယ် မြန်မာလို့ လေးစားထိုက်သော အမွေအနှစ်များ ဖြစ်နေပေတော့သည်။ ထာဝရ အပြုံးလေးများဖြင့် ယဉ်ကျေးမှုကို ပါ မီးမောင်းထိုးပြနေ၍ ကမ္ဘာ့အလည်မယ် ရင်ကော့လို့ နှစ်ပေါင်းများစွာ တည်တံ့နေပါလိမ့်မည် ဖြစ်ပါလေတော့သည်။
နေမဝင်သော မြန်မာ့ ယဉ်ကျေးမှု စာပေ ကိုးကွယ်မှု အပြုံး ကိုယ်စီဖြင့် ကြိုဆိုနေလျက်ပါလေ။ယဉ်လျက်နှင့်အပြုံး ကို တင်ပြချင်းဖြင့် စာဖတ်သူများ လေ့လာသူများ အမိအမြေအတွက် ယဉ်လျက်နှင့် အပြုံး ပိုင်ရှင်တွေ ဖြစ်လာပြီး တင့်တယ်သော အမူအယာများ ထာဝရပိုင်ဆိုင်နိုင်ပါစေ။
photo-sansanmaw (myanmar)