လှည်တန်းတစ်ဝိုက်နဲ့ ဦးထွန်းလင်း ခြံလမ်းတို့မှာ တစ်ခါတစ်
လေ Flyer (လက်ကမ်းကြော်ငြာ)တွေ ပြန့်ကျဲနေပြီး တစ်လမ်း
လုံး
အပြည့် ဖြစ်နေတတ်တယ်။ အဲ့ဒီဘက် ရောက်မိတဲ့အချိန်
တော်တော်များများမှာ အဲ့ဒါမျိုးတွေ့မိတယ်။ တစ်ခါတစ်လေ
လှည်းတန်းစင်တာနဲ့ စိန်ဂေဟာ ကြားဘက်က လမ်းမှာလည်း
တွေ့မိတယ်။ Flyer Boy တွေကလည်း သူတို့ တာဝန်ကျေ
အောင် လက်ထဲက Flyer ကုန်အောင် ဝေတယ်။ ဒါပေမယ့်
ယူတဲ့သူတွေမှာ အချို့က ယူပြီး တာဝန်မဲ့တာမျိုးတွေတွေ့ရ
တယ်။ ယူတုန်းကတော့ ယူတယ်။ ပြီးတော့ အမှိုက်ပုံးမရှာ
တော့ပဲ လမ်းပေါ်ကို လွှင့်ပစ်လိုက်တယ်။ အချို့က အမှိုက်ပုံး
ရှာမတွေ့လို့လည်း ဖြစ်နိုင်တယ်။ အချို့ကကျတော့ Flyer
Boy ကို သနားလို့၊ အားနာလို့ ယူလာကြတာရှိတယ်။ ယူခြင်း
မယူခြင်း၊ အားနာခြင်း၊ အားမနာခြင်းကတော့ မပြောလိုပါ
ဘူး။ ဒါက ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့် ကိုယ်က
အဲ့ဒီလက်ကမ်းစာစောင်ကို ယူပြီးရင်တော့ အမှိုက်သေချာ
ပြန်စွန့်ပစ်ရမယ်ဆိုတဲ့ Reponsibility ရှိသွားပါပြီ။
အားနာလို့ပဲ ယူယူ၊ လိုချင်လို့ပဲ ယူယူ တာဝန်ယူမှုရှိရပါမယ်။
ကျွန်တော်ဆိုရင် များသောအားဖြင့် ဂျင်းဘောင်းဘီ အိတ်ကပ်
ထဲထည့်လာတာများတယ်။ တစ်ခါတစ်လေ ကျောပိုးအိတ်ထဲ
ထည့်လာတတ်ပါတယ်။ အမှိုက်တောင်းမရှိလောက်တဲ့နေရာ
မျိုးဆို ယူကို မယူဘူး။ အားနာတဲ့စိတ်ကိုဖျောက်ထားပါတယ်။
အရာရာလိုက်အားနာနေလို့ မဖြစ်ပါဘူး။Flyer Boy လိုပဲ
အလုပ်လုပ်နေတဲ့လူတွေ လောကမှာ အများကြီးပဲ။ အားနာ
တိုင်း လိုက်ပြီး လုပ်ပေးရမယ်ဆိုရင် မနက်တိုင်း
အိမ်ရှေ့က ဖြတ်သွားတဲ့ ပဲပြုတ်သည်ရဲ့ ပဲပြုတ်ကိုလည်း သင်
မနက်တိုင်း ဝယ်ပေးရလိမ့်မယ်။ ကိုယ်အိမ်နားက ဆိုက်ကား
ကိုလည်း ပိုက်ဆံပေးပြီး နေ့တိုင်း သွားစီးပေးရလိမ့်မယ်။
Flyer Boyကလည်း သူ့အလုပ်သူဆက်လုပ်မှာပဲ..သင်မယူ
လည်း တကယ်စိတ်ဝင်စားတဲ့သူတွေ ယူလိမ့်မယ်။ အဲ့ဒီအခါ
ကျရင် ယူတဲ့သူအတွက်လည်း ကောင်းတယ်။ Flyer Boy
အတွက်လည်း ကောင်းတယ်။ Flyer Boy ကို ပိုက်ဆံပေးပြီး
ကြော်ငြာခိုင်းတဲ့ကြော်ငြာရှင်တွေအတွက်လည်း ကောင်းတယ်။
စိတ်ဝင်စားလို့ သိမ်းထားတဲ့အတွက် ပတ်ဝန်းကျင်လည်း
မညစ်ပတ်ဘူး။ သူ့အိမ်အထိသယ်သွားပြီး သူ့ဘာသာ မလိုချင်
တော့မှ အိမ်က အမှိုက်ပုံးမှာ လွှင့်ပစ်ပါလိမ့်မယ်။
ကိုယ်က အားနာတတ်တယ်။ သနားတတ်လို့ယူတယ်ဆိုရင်
အဲ့ဒီ Flyer ကို သေချာ စွန့်ပစ်ပါ။ အားနာတာတော့ဟုတ်ပါ
ပြီ။ ပြီးတော့ ပစ်ချင်တဲ့နေရာပစ်လိုက်ရင် အဲ့ဒီအမှိုက်လိုက်
ကောက်ရတဲ့ အမှိုက်ကောက်သူတွေအတွက်လည်း မလွယ်
ပါဘူး။ ကြည့်ရတာလည်း အမှိုက်တွေ ဖွေးပြီး အမြင်ဆိုးပါ
တယ်။ နိုင်ငံခြားသားတွေတွေ့ရင်ပိုတောင် အထင်သေးပါ
အုံးမယ်။ သနားလို့ယူပြီး ပစ်ချင်ရာပစ်ရင် တစ်ယောက်ကို
ကယ်ပြီး အများကို ဒုက္ခပေးသလိုပါပဲ။ Flyer တွေယူမိတဲ့
အခါ တာဝန်ယူမှု ရှိကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
credit (I.M.T)