ကြည့်ဖြစ်သော ဇာတ်လမ်းလေးများ (detective dee)
ဒီတစ်ခါ ကြည့်ဖြစ်တာကတော့ စုံထောက် ဒီး အကြောင်း တရုတ် ဇာတ်လမ်းလေး ဖြစ်ပါသည် ။ ထူးထူး ဆန်းဆန်း အမှုလေးတွေ ဖြစ်ပြီး အတော် စိတ်ဝင်စားဖွယ် ကောင်းသည် ထင်မိပါသည် ။ detective dee ဇာတ်ကား သုံးကား ထွက်ရှိထားပြီး သုံးကားလုံးပင် ကြည့်ကောင်း ပါသည် ။
၂၀၁၀ ထဲက ထွက်ရှိထားသော ပထမ ဇာတ်လမ်းမှာ နောက်ဆုံးမှ ကြည့်ရှုသင့်သည့် ဇာတ်လမ်းတစ်ခု ဖြစ်သည်ထင်ပါသည် ။ ဒုတိယ ဇာတ်လမ်းတွင်မှ စုံထောက်ဒီး အလုပ်ရစ နဂါးပြသနာနှင့် အဆိပ်ကောင်တို့ ပြသနာ စတင်ခဲ့ပါသည် ။ ထို့ကြောင့် ထိုဇာတ်လမ်းသည် ပထမ ဖြစ်သင့်ပါသည် ။
နောက်တစ်ကားကတော့ ထိုဇာတ်ကားအဆုံးဖြစ်သော ဒီးကို ရှင်ဘုရင်မှ ကျိုင်းတံ ပေးအပ်သည်မှ စတင်ထားပြီး နတ်ဝိဇ္ဇာ အမှုစတင် ပေါ်ပေါက်လာပါတယ် ။ ဘုရင်မရဲ့ မကျေနပ်မှုများနဲ့ နတ်ဝိဇ္ဇာ အတတ် အညာရှင်များကြား ဘယ်လို ဖြေရှင်းရမယ်ဆိုတာ စိတ်ဝင်စားဖွယ်ပါ ။
၂၀၁၀ တွင် ထွက်ခဲ့သော ဆန်းကြယ်မီးတောက်ကတော့ ထိုအရာများ ဖြစ်ပြီးနောက် ဘုရင်မဖြစ်လာမည့် မိဖုရားဝူ နန်းတက်ရန် ပြုလုပ်ချိန် ပုန်ကန်မှုဖြင့် ထောင်ကျနေသော ဒီးကို ထောင်မှထုတ်ပြီး တာဝန် ပေးအပ်လိုက်သည် ။ ကြားထဲတွင် အချိန်များစွာ ကြာပြီး ဖြစ်သဖြင့် ပထမဆုံး ထွက်ခဲ့သော ဇာတ်လမ်း ဆိုသော်လည်း နောက်ဆုံးပိုင်းနေရာသို့ ရောက်ရှိနေလေသည် ။ ကျွန်တော်ကတော့ ပထမကို အရင်ဆုံးကြည့်မိလိုက်လေသည် ။ ဇာတ်သိမ်းက စဖတ်သည့် အကျင့်က ရှိထားတော့ ကွက်တိ အဆင်ပြေသွားလေသည် ။
ကြည့်မယ်ဆိုရင်တော့ channel myanmar မှာ detective dee လို့ ရှာလိုက်ရုံဘဲနော် ။
MSC - 9