မနေ့က application လေးတွေ အကြောင်း ရေးပြီးတင်ရလျှင်ကောင်းမည် ထင်သဖြင့် app လိုက်ရှာခြင်းပြုလုပ်ခဲ့ပါသည် ။ စာအုပ်ဖတ်၍ရသော app နှင့် မိတ်ဆက်လျှင် ကောင်းသည်ဟု ဦးဦး မဟော်မှ အကြံပြုသဖြင့် စာအုပ်များ download ဆွဲ၍ ဖတ်နိုင်သော app တစ်ခုနှင့် မိတ်ဆက်ပါဦးမည် ။ app အမည်ကတော့ MM bookshelf ဖြစ်ပါသည် ။ ထို app အားhttps://play.google.com/store/apps/details?id=com.naing.screencrackerတွင် download ရယူနိုင်ပါသည် ။
ထို application ထဲတွင် စာအုပ် အတော်များများ ပါရှိပြီး ထိုစာအုပ်များကို အခမဲ့ download ရယူနိုင်ပါသည် ။
မိမိနှစ်သက်သော စာအုပ် အမျိုးအစားများကို category တွင် ရှာဖွေနိုင်ပါသည် ။
ထို့ပြင် စာဆရာများ၏ ကလောင်အမည်များဖြင့်လည်း author နေရာတွင် ရှာဖွေနိုင်ပါသေးသည် ။
Download ပြုလုပ်ပြီးချိန်တွင်တော့ ကြော်ငြာ လာတတ်ကြောင်းကို ကြိုတင် အသိပေးပါရစေ ။ download ဆွဲယူပြီးသော စာအုပ်အား ထို application ထဲတွင်ပင် online ဖတ်ယူနိုင်ပါသည် ။ ထို့ပြင် အခြားapp များဖြင့် လည်း ဖတ်နိုင်ပါသေးသည် ။ download လုပ်ယူထားသော file သည် filemanger မှ documents အတွင်း MM bookshelf အတွင်းတွင် ရှိနေပါသည် ။
application အား uninstall လုပ်ပြီးသည့်တိုင် မိမိ download ဆွဲထားပြီး ဖတ်လိုသည့် စာအုပ်များမှာ ပျက်သွားမည် မဟုန်ပေ ။ စိတ်ပါဝင်စားသူများ application လေးယူပြီး နှစ်သက်ရာ စာအုပ်များ ရှာဖွေ ဖတ်ရှုကြပါဦး ခင်ဗျာ ။
MSC - 9