
Hello
Nice to meet you all. How about you. I hope and wish you both healthy and richly.
Today early morning there is Carabao EFL Cup Quarter Final match (last match) played. Liverpool won West Ham with 5-1. So there are four Teams appear for Semi Final stage. There are home and away game at Semi Final stage. At Semi Final stage, Middlesbrough meet with Chelsea and Liverpool meet with Fulham. First leg will play at January 8, 2024 and Second leg will play at January 22, 2024.
How do you think for Semi Final draw? Like or unlike? Which teams will meet at Final? I think Semi Final matches are more interesting than Quarter Final matches. At Quarter Final there is only 1 leg but Semi Final there are 2 legs. That's cool.
By the way there are German Bundesliga matches also played at early morning. Leverkusen still lead the Bundesliga. They won Vfl Bochum with 4-0. They show great performance. Come on Keep moving Leverkusen.


ဒီနေ့ မနက်မှာတော့ Carabao EFL Cup လက်ကျန် ကွာတားဖိုင်နယ် ပွဲစဉ်တပွဲ ဖြစ်သည့် လီပါပူးနဲ့ ဝက်စ်ဟမ်းတို့ ကစားကြ၏။ လီပါပူးက ၅-၁ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့၏။ ပြီးခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက်ကို ဂိုးမသွင်းနိုင်မှုကို ဝက်စ်ဟမ်း အပေါ် လာပြီး ဖောက်ခွဲ ပစ်လေသလားဟုပင် ထင်မှတ် မှားရ၏။ ကွာတားဖိုင်နယ် ပွဲစဉ်များ ယှဉ်ပြိုင် အပြီးမှာ ဆီမီးဖိုင်နယ် အတွက် တပါတည်း ပွဲစဉ် ဇယား ထွက်လာခဲ့၏။
မစ်ဒယ်ဘရော့နဲ့ ချယ်လ်ဆီး၊ လီပါပူးနဲ့ ဖူလ်ဟမ်တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ ဆီမီးဖိုင်နယ် အဆင့်မှာတော့ ကွာတားတုန်းကလို တပွဲ၊ တကျော့သာ မကစားရတော့ဘဲ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ ပိုပြီးလည်း စိတ်ဝင်စားဖို့ ကောင်းလာခဲ့၏။ ဆီမီးရောက် ၄ သင်းမှာ ၁ သင်းက ချန်ပီယံရှစ်က ကျန် ၃ သင်းက ပရီးမီးယားလိဂ် က ဖြစ်၏။
မစ်ဒယ်ဘရော့တို့ အနေဖြင့် ချယ်လ်ဆီးကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲကောင်း ခက်ခဲပေလိမ့်မည်။ ဒါပေမယ့် သူတို့ အကောင်းဆုံး ကြိုးစားကြမှာကတော့ အသေအချာပင်။ ရိုးရိုးလေးသာ စဉ်းစားရင်တော့ ချယ်လ်ဆီးနဲ့ လီပါပူး ဖိုင်နယ် အဆင့်မှာ တွေ့ဆုံသွားနိုင်၏။
ဒီနေ့ မနက်မှာ အချိုရည်ဖလားအပြင် ဂျာမန် ဘွန်ဒက်လီဂါ ပွဲစဉ်များလည်း ယှဉ်ပြိုင်ကစား၏။ လေဗာကူဆင်ကတော့ ခုချိန်ထိ လုပ်ပြထားနိုင်ဆဲပင်။ ရှုံးပွဲ မရှိ ခြေစွမ်းနဲ့ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် ထားနေဆဲပင် ဖြစ်၏။ လေဗာကူဆင်ရေ ဆက်လက်ချီတက်ပါလို့။

"Photos from Carabao Cup and Leverkusen Facebook Page"