
English Premier League (2024/25) will start at August 17. This season I will prepare to participate Hive Fantasy Premier League. Last season I can't join Hive FPL because of late time. I created my squad (Team) after 5 matches of EPL. Now I creat my squad early and get ready to involve Hive FPL.
Let me introduce my squad. I can't get all the players what I want because of limit budget. £100 isn't enough for me (lol). Haaland is now the most expensive player with £15. Not only in this season also FPL history. I want him in my squad but as I mentioned above limitation of budget, I can't call him. But I think my Forward is still strong with Hojlund (Man United), Toney (Brentford) and Darwin Nunez (Liverpool).
Actually I like attacking playing style. I build my team with strong midfielders and Forwards players. Here my midfielders players, B.Fernandes (Man United), Odegaard (Arsenal), Mainoo (Man United), Palmer (Chelsea) and Luis Diaz(Liverpool). I think I have a nice midfield. I want to play 3.4.3 or 3.5.2 formation. That's my favorite formation for FPL.
Here my Defenders, Alexander Arnold (Liverpool), Cucurella (Chelsea), Pedro Porro (Tottenham), Branthwaite (Everton) and Ian Maatsen (Aston villa). I think my defense line is little weak than other squads. But I believe in my choice.
As conclusion, I think my team isn't bad. I believe they bring me more points than last season. How about you. Are you ready for FPL 2024/25. Let play and win together. By the way I'm Man United fan. See you my next post.

August 17 မှာတော့ Premier League 2024/25 ပွဲစဉ်များ စတင် မည် ဖြစ်၏။ EPL အဖွင့်ပွဲစဉ်ကို Man United vs Fulham ပွဲစဉ်နှင့် စတင်မည် ဖြစ်၏။ ဒီနှစ်လည်း FPL ကစားပါဦးမည်။ အသင်း လူစာရင်းလည်း ရပြီ ဖြစ်၏။ လိုချင်သည့် ကစားသမား အကုန်လုံးတော့ မရပေ။ £100 နဲ့ လောက်အောင် ဝယ်ရတာမို့ မလွယ်လှပေ။ မနှစ်က ခြေစွမ်းကောင်းတွေ ပြခဲ့သည့် ကစားသမားတွေက ဒီနှစ်မှာ ဈေးတွေ တက်လာတာလည်း ပါ၏။ ပြီး အသင်းစုံက ကစားသမားအကြောင်းတွေကို ကောင်းကောင်းမသိတော့ ကောင်းမယ်ထင် အဆင်ပြေမယ် ထင်သည့် ကစားသမားတွေ ဝယ်ထားရ၏။
ပွဲတွေ စပြီး မကန်သေးတော့ ဘယ်ကစားသမားက ဘယ်လို ဆိုတာလည်း တွက်မရသေးဘူး မလား။ အဲ့ချိန်ကြမှ လူတွေ လိုက်ဝယ်ပြီး အသင်း စရင် အမှတ်တွေ နောက်ကျကုန်နိုင်၏။ ပြီး Hive FPL ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရ ဖြစ်သွားနိုင်၏။ မနှစ်ကလည်း 5 ပတ် (5) ပွဲလောက် နောက်ကျခဲ့၏။ ပြိုင်ပွဲလည်း ဝင်ခွင့် မရလိုက်ပေ။ သို့နှင့် ဒီနှစ်မှာတော့ အသင်း ခပ်စောစော တည်ဆောက်ထားလိုက်ပြီး Hive FPL ၏ ပြိုင်ပွဲ invite code ကနေတော့ ဝင်ထားလိုက်၏။ ပါဝင် ယှဉ်ပြိုင်ခွင့် ရ၊ မရကတော့ Hive FPL က ပိုစ့်တင်တဲ့အခါ သိရမည် ဖြစ်၏။
FPL ကို phone တွေအတွက် မပေါ်ခင် Website version မှာတုန်းကလည်း ကစားခဲ့ဖူး၏။ အပျော် သက်သက်ပါလေ။ ကျွမ်းကျင်အဆင့် ပရော်ဖက်ရှင်နယ် အဆင့်တော့ မဟုတ်ပေ။ ပြီး စကစားစတုန်းက ကိုယ်ကြိုက်တဲ့ ကစားသမားဆို ထည့်ထားလိုက်ရော၊ သူ ပွဲကစားခွင့် ဘယ်လောက်ရတယ်၊ အသင်းကို ဘယ်လို အကျိုးပြုတယ်၊ ဂိုး ဘယ်လောက် သွင်းတယ်တွေ မကြည့်နေတော့ဘူး။ အဲ့မှာ လွဲတာပဲ။
FPL က ဂိမ်းဆိုပေမယ့် reality ဆန်တယ်လေ။ အပြင်က ကစားသမားတွေ အတိုင်းပဲ ဆိုတော့ သူတို့ တကယ် ကောင်းမှ ဂိမ်းထဲက ကိုယ့်ကောင်တွေကလည်း ကြမ်းမှာကိုး။ ခုတော့ ဒီအချက်ကို ကောင်းကောင်း သဘောပေါက်သွားခဲ့ပါပြီလေ။ ဒါလည်း ခုထိ ကြမ်းကပ် ကောင်းတုန်းပါပဲ။ (ကြမ်းကပ် = အမှတ်နည်းလို့ ဇယား အောက်ခြေရောက်)
ဘာပဲ ပြောပြော EPL ကို ဒီအတိုင်း အားပေးရတာထက် ခုလို FPL လို ဂိမ်းလေးနဲ့ တွဲပြီး အားပေးရတော့ ပို မိုက်တာပေါ့။ ဆုကြေးတွေကလည်း မိုက်တာကိုး။ Official EPL က ပေးတဲ့ ဆုကြေးတွေ အပြင် ကိုယ်ပိုင် League လုပ်ထားတဲ့သူတွေက ပေးတဲ့ ဆုလေးတွေကလည်း သဘောကျ ချင်စရာပင်။ အားလုံးက ဒီဂိမ်းလေးကို နှစ်သက်လို့ ပျော်ပျောိပါးပါး ကစားလို့ရအောင် Support ပေးကြသည့် သဘောပင်။
ဆုရ ရမယ်လို့ မဟုတ်ပေမယ့် အကောင်းဆုံးတော့ ကြိုးစားကြည့်ပါဦးမည်။ ပိုစ့်ရေးဖို့ အတွက်လည်း အကြောင်းအရာလေး ဘာလေး ရတာပေါ့လေ။ ကိုယ့် အသင်း အမှတ် နည်းတဲ့ week မှာ တိတ်နေပြီး အမှတ်များတဲ့ week မှာ တက်ကြွယ်လို့ ရတာပေါ့။ စကားမစပ် ကျနော်က Man United fan ပါ။