မနေတတ်ရင် အဆဲခံရမယ်
........... ........... ........... ........... ...........
သေရေးထက်
နေရေး ခက်တယ်
နွံထဲက ကြာက လှတယ်
သူ့ဘေးမှာ ရွှံ့နွံတွေ ဝိုင်းလို့
ထင်းထင်းကြီးပေါ့
နားလည်မှု ဆိုတာဟာ
နွံထဲက ကြာပဲ
စေတနာတွေ ဗရပွက
တခါတလေ
ဝေဒနာတွေကို
ဖြစ်စေတယ် တိုးစေတယ်
တကယ်ပါ
ထိုင်နေတာပဲ ကောင်းတယ်
တမင် မဟုတ်ပဲ
ယောင်လို့တောင် မထသင့်ဘူး
သူ့သူ ကျိုးမှာ မဟုတ်ဘူး
ရိုက်ချိုးခံရမှာ
ဒီလိုတွေကြောင့်ပဲ
ယုံကြည်ချက်ဆိုတဲ့ ငနဲ
ခဏခဏ နဲ့ မကြာမကြာ
သေဆုံးခဲ့ရပေါ့
တကယ် ...
အားနေရင်
အသေသတ်ဖို့ ဖြစ်ဖြစ်
အသေတတ်ဖို့ ဖြစ်ဖြစ်
လေ့ကျင့်နေတာပဲ ကောင်းတယ်
ဘာလို့ဆို
နေတတ်အောင် နေဖို့က သိပ်ခက်တယ်
သိဟ် (သုတ)
ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။
photo from ZEDGE
Don Jaun
MSC 31