Waiting
..... ..... ..... ..... .....
ဒီကမ္ဘာမှာ
ငါ နေထိုင်တယ်
သဘာဝတရားကြီး နဲ့အတူ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတာ
သီးခြားမဟုတ်တဲ့ သီးသန့်ဖြစ်တယ်မှု
၁၅၀၀ နဲ့ ၅၂၈ ကို
power ခြင်းမယှဉ်နဲ့
သူတို့ဟာလည်း
သီးခြား မဟုတ်တဲ့
သီးသန့်ဖြစ်တယ်မှုပဲ
ဒီအချိန် ငါ့အိပ်မက်ကို
ဘယ်သူ့ဘယ်သူကိုမှ
ထွန်ယက်ခွင့် မပေးနိုင်ဘူး
တဦးတယောက်ကို ချစ်ဖို့
ငါ့မှာ အချိန်ပိုမရှိဘူး
၂၄ နာရီက ၄၈ ဖြစ်သွားလို့
ငါ့အတွက် ဘာမှ မထူးဘူး
ခုချိန်မှာ ငါလိုချင်နေတာက
ချစ်သူ တယောက်ထက်
စိတ်ကျေနပ်ဖွယ် အနားယူမှုနှင့်
တကိုယ်ရေစာ လွတ်လပ်မှု
တစုံတရာ၏
ရစ်ပတ်မှု စေခိုင်းမှု
မပါသော
အိပ်မက်တွေအကြောင်း
ပြောဆို ဆွေးနွေးလိုသည့်
မည်သူတစ်ဦး တစ်ယောက်ကို မဆို
ငါ စိတ်လို လက်ရ
အချိန်ပေးလို၏။
သိဟ် (သုတ)
ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။
photo from ZEDGE
Don Jaun
MSC 31