Facebook အတွက် သူတို့ရဲ့ စိတ်ကူးစိတ်သန်း idea ကို ဇူကာဘာဂ်က ခိုးယူပါတယ်လို့ စွပ်စွဲခဲ့တဲ့ အမွှာညီအကို နှစ်ယောက်ဟာ သူတို့ ဘစ်ကွိုင်ကနေ ဘယ်လို ချမ်းသာခဲ့တယ် ဆိုတာကို ကမ္ဘာကို ပထမဆုံး ဖွင့်ချလိုက်ပါပြီ... မာခ် ဇူကာဘာဂ်ကို Facebook အတွက် သူတို့ရဲ့ အိုင်ဒီယာကို ခိုးယူတယ်လို့ အခိုင်အမာ ပြောကြားခဲ့တဲ့ ကာမရွန် ဝင်ခဲလ်ဗော့စ်နဲ့ တိုင်လာ ဝင်ခဲလ်ဗော့စ် ဆိုတဲ့ ချွတ်စွပ်တူ အမွှာညီအကိုတွေဟာ ကမ္ဘာ့ပထမဆုံး ဘစ်ကွိုင် ဘီလျှံနာတွေ ဖြစ်လာကြပါတယ်...
ဒီအမွှာဟာ ဇူကာဘာဂ်ကို ၂၀၀၉ ခုမှာ တရားစွဲခဲ့လို့ ၆၅ မီလီယံ အမေရိကန်ဒေါ်လာ လျော်ကြေးရခဲ့ပြီး အဲဒီအထဲက ၁၀သန်းခွဲကျော်ကို ၂၀၁၃ ခုနှစ်က ဘစ်ကွိုင်မှာ ရင်းနှီးမြှုပ်နှံ ခဲ့ပါတယ်... သူတို့ အဆိုအရ အဲဒီအချိန်မှာထွက်ပြီးသမျှလည်ပတ်နေတဲ့ ဘစ်ကွိုင်ရဲ့ တစ်ရာခိုင်နှုန်းကို ဝယ်ခဲ့တာ... တဲ့...
အဲဒီအချိန်ကစပြီး ဒီဂျစ်တယ်ငွေကြေးဟာ တက်လာခဲ့တာ ရာခိုင်နှုန်း ၁၀၀၀၀ (တစ်သောင်း)အထိ ဖြစ်လာလို့ အသက် ၃၆နှစ်သာရှိတဲ့ ညီအကိုနှစ်ယောက်ကို ဘီလျံနာ ဖြစ်စေခဲ့ပါတယ်... သူတို့ ညွှန်းဆိုတာက ဒီဂျစ်တယ်ငွေကြေးဟာ ရွှေထက် သာပါတယ်တဲ့... ရွှေနဲ့ ယှဉ်ကြည့်ရင် ဘစ်ကွိုင်ဟာ ရွှေမှာရှိတဲ့ ထူးခြားချက် ကိုးချက်နဲ့ ယှဉ်ပြိုင်နိုင်ပါတယ်... အထူးသဖြင့် ရှားပါးခြင်း ကြာရှည်ခံခြင်း သယ်ရပြုရလွယ်ကူခြင်းတွေမှာပါပဲ... ကျန်တဲ့ အချက်တွေမှာလည်း ရွှေနဲ့နှိုင်းယှဉ်နိုင်သလို အချို့အချက်တွေမှာ ရွှေထက်တောင် သာပါတယ်...
"ကျနော်တို့ အမြင်မှာတော့ ဘစ်ကွိုင်ဟာ လူမှုကွန်ယက် အကုန်လုံးထဲမှာ အကောင်းဆုံးတောင် ဖြစ်နိုင်မယ် ပြောရမလားပဲ" လို့ တိုင်လာက ၂၀၁၆ခုမှာ ပြောခဲ့ပါတယ်... Financial Times မှာ ဖေါ်ပြတဲ့ ညီအကို နှစ်ယောက်ရဲ့အမြင်က "ဒီဂျစ်တယ် စီပွားရေးလောကမှာ ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာကို ပြောင်းလဲစေမဲ့ လစ်ဟာနေတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ" ဆိုတာပါ...
ဒီ ညီနောင်ဟာ ၂၀၁၂ ခုတုန်းက မြေထဲပင်လယ်ထဲက စပိန်ပိုင်ကျွန်းပေါ်ရှိ အီဘိဇာ(Ibiza)မြို့မှာ အလုပ်ပိတ်ရက် အနားယူစဉ် ဘစ်ကွိုင်ကို စတင်လေ့လာပါတယ်... ၂၀၁၅ မှာတော့ရင်းနှီးမြှုပ်နှံသူတွေ ရောင်းနိုင် ဝယ်နိုင် စုဆောင်းထားနိုင်တဲ့ ဂျဲ့မိနီ(Gemini) လို့ခေါ်တဲ့ ဒီဂျစ်တယ် ငွေကြေးဈေးကွက်ထဲ စတင်ဝင်ရောက်ခဲ့ပါတယ်...
"Nasdaq တို့ NYSE တို့နဲ့ အလားသဏ္ဍာန်တူတဲ့ အဲ့ခ်စ်ချိန်းဂ်ျ(အိပ်ချိန်း) တစ်ခုကို ဒီဂျစ်တယ် ငွေကြေးအတွက် တည်ထောင်ချင်ပါတယ်" လို့ တိုင်လာ ဝင်ခဲလ်ဗော့စ်က ပြောပါတယ်... "ကျနော်တို့ လိုချင်တာက ဝေါလ်စ္ထရိ(Wall Street)နဲ့ မိန်းစ္ထရိ(Main Street) စသည်တို့နဲ့ လိုက်လျောညီထွေဖြစ်မဲ့ အဲခ်စ်ချိန်းဂ်ျ(အိပ်ချိန်း)မျိုးပါ"
တခါတရံမှာ တန်ဘိုးကျတာတွေနဲ့ စီးပွားရေးကျွမ်းကျင်သူတွေက ဘယ်လိုပဲ ထင်မြင်ယူဆချက်တွေရှိနေပါစေ ဘစ်ကွိုင်ဟာ အခုဆိုရင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကျော် တန်နေပါပြီ...
"ကျနော် Facebook ကို စထွင်တော့ လူတွေကပြောကြတယ်၊ ပေါ်ပင်ပါကွာ ဆိုပြီးလေ" တိုင်လာက Financial Times ကို ပြောပါတယ်... "Facebook ဘယ်လို အသုံးတော်ခံနေလဲဆိုတာ ကျနော်တို့ မြင်နေရပါပြီိ... ကျနော်တို့က ဘစ်ကွိုင်ကို ဒီလိုပဲ လူတွေအတွက် အသုံးတော်ခံလာလိမ့်မယ်လို့ စိတ်ထဲမှာ သိနေတယ်... မတူညီတဲ့ ပုံစံစရိုက်လက္ခဏာနဲ့လေ..."