တိုးတက်လာသည့် နည်းပညာနှင့်အတူ မြန်မာနိုင်ငံသား အများစုသည် Steemit ပလက်ဖောင်းပေါ်သို့ ရောက်ရှိလာကြပါသည်။
Steemit သည် Post တင်/ Like (Upvote) / Comment ပေး/ Share ( Resteem) စသည့် တို့ ပြုလုပ်နိုင်သော တစ်ခြား Social တစ်ခုပါဘဲ။ တစ်ခြား Social နှင့် မတူညီတာက မိမိတင်သော Post ကို Like (upvote) ပေးလျှင်ဖြစ်စေ/ မိမိက တစ်ခြားသူတင်သော Post ကို Like ပေးခြင်းဖြင့် ဖြစ်စေ/ Comment ပေးခြင်းဖြင့် ဖြစ်စေ ဝင်ငွေရရှိနိုင်ပါသည်။
Steemit သည် ရေတိုလုပ်ငန်းတစ်ခုမဟုတ်ဘဲ ရေရှည်လုပ်ကိုင်ရသည့် ကိစ္စတစ်ခုဖြစ်ပါသည်။ ၎င်းအတွက် စိတ်ရှည်သည့်သူများသာလျှင် Steem ကို Join ကြဖို့အကြံပေးပါရစေ။
ယခု Group တွင်ပါဝင်မည့်သူများသည် Steemit မှာ လုပ်ကိုင်နေကြပြီးဖြစ်သောကြောင့် အခြေခံအကြောင်းအရာများ မပြောတော့ပါဘူး။ ကျွန်တော်တို့ Myanmar Steemit User Group ၏ စည်းကမ်းများကိုသာ ချပြသွားမှာဖြစ်ပါသည်။
(၁) ပထမဦးစွား Myanmar Steemit User Group တွင် ကနဦး လူအယောက် (၃၀)သာ လက်ခံမှ ဖြစ်ပါတယ်
(၂) ၎င်း User များမှာ Admin (၅)ဦး / co-admin (၅) ရွေးချယ်သွားမှာဖြစ်ပါတယ်
(၃) Myanmar Steemit User အဖွဲ့ဝင်များသည် MSU မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပါသည်။
(၄) Myanmar Steemit User အဖွဲ့သည် မြန်မာနိုင်ငံသား Steemit User များကို ကူညီပေးဖို့သာဖြစ်သောကြောင့် စည်းကမ်းလိုက်နာသည့် မည်သူကိုမဆို ကြိုဆိုသွားမှာဖြစ်ပါတယ်
(၅) Admin များရွေးချယ်ရာတွင် Steemit အပေါ်တွင်စိတ်ဝင်စားမှုရှိပြီး/ ရေရှည်လုပ်ကိုင်နိုင်သည့် သူများကိုသာ ဦးစားပေးခေါ်ယူသွားမှာဖြစ်ပါသည်။
(၆) Admin များသည် လစာ ရရှိမှာမဟုတ်ပါ။ သို့ပါသော်လည်း Admin များအတွက် အထူးခံစားခွင့်များကို MSU Founder များမှ စီစဉ်ထားပြီးဖြစ်ပါတယ်။
(၇) Admin နှင့် Co-damin များရွေးချယ်မှုနှင့် လုပ်ကိုင်ခွင့်ကို မကြာခင်စနစ်တကျ ရွေးချယ်သွားမှာဖြစ်ပါတယ်။
(၈) ကျွန်တော်တို့ MSU အဖွဲ့ဝင်များသည် Steemit တစ်ခုတည်းမှာမှ မဟုတ်ဘဲ Founder များရေရှည်စီစဉ်ထားသော ကိစ္စများစွာရှိသောကြောင့် ပါဝင်ခြင်ဖြင့်အခွင့်အလမ်းကောင်းများရရှိများဖြစ်ပါတယ်။(ရေရှည်ကိစ္စများသည် လျှို့ဝှက်ထားမှာဖြစ်ပြီး ၎င်းလုပ်ငန်းများစတင်မှ သာ ချပြပေးမှာဖြစ်ပါသည်။
(၉) MSU အဖွဲ့ကို စည်းစနစ်တကျ နှင့် စည်းကမ်းပိုင်းဆိုင်ရာ အထူးအလေးထားဆောင်ရွက်မည်ဖြစ်ပါသည်။
(၁၀) MSU မှ သုံးစွဲသူများ Power UP ရန်အတွက် Steem များကို လစဉ်အလိုက် အချိုးကျ (အတိုးမဲ့) ချေးပေးသွားမှာဖြစ်ပါတယ်
(၁၁) Steem ( Power Up ရန်) ချေးမှုတွင် လိုအပ်သော စည်းကမ်းများကို Admin ရွေးချယ်ပြီးနောက် အသေးစိတ်တင်ပြပေးမှာဖြစ်ပါတယ်
(၁၂) MSU အဖွဲ့သည် မြန်မာနိုင်ငံသား Steemit User တွေ၏ ကောင်းကျိုးအတွက် တစ်ဖတ်တစ်လမ်းမှ စုစည်းအားဖြည့်ပေးခြင်းသာဖြစ်ပါတယ်
(၁၃) လမ်းခရီးအစပိုင်းတွင် ကြိုတင်မမျှော်မှန်းနိုင်သော အခက်အခဲများရှိလာမည်ဖြစ်ပါသည်။ ၎င်းအခက်အခဲများကို စုစုစည်းစည်းဖြေရှင်းရန်နှင့် User အချင်းချင်းတန်ဖိုးထား လေးစားကြရမည်မှာ MSU ၏ စံသက်မှတ်
(၁၄)၎င်းစည်းကမ်းချက်များ၏ လိုအပ်ချက်/ဟာကွတ်များကို Admin များ ရွေးချယ်ပြီးသည့်အခါ ထပ်မံအတည်ပြု တင်ပြပေးမည်ဖြစ်ပါသည်။
ဒီလောက်ဆို Myanmar Steemit User အဖွဲ့တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်လောက်ပြီထင်ပါတယ်။ လိုအပ်ချက်များကို Comment တွင်ပြောဆိုနိုင်ပါသည်
ကျွန်တော်တို့ Steemit နှင့်အတူရှေ့ဆက်အတူလျှောက်လမ်းကြရအောင်ပါ
MSU Founder- D Pa Kyaw