Steemit ၏ 2018.04.14 နေ့အတွက် Top-10 တစ်ယောက်အဖြစ်ရွေးချယ်ခံရတဲ့အတွက် ဝမ်းသာမိပါတယ်
ကျွန်တော်အနေဖြင့် မကြာခင်ရက်ပိုင်းမှ Steemit ကို ပြန်လည်အာရုံစိုက်ရေးသားခဲ့ပါသည်။ အရင်လို ကိုယ့်တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ တစ်ခြားသူများကို လက်တွဲခေါ်ယူရန် အစီအစဉ်တွေ လုပ်ဆောင်လျှက်ရှိပါတယ်
လူသစ်များကိုကို လက်တွဲခေါ်ယူရာတွင် ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ဝင်ရောက်မှုများကို ကာကွယ်ရန်နှင့် MSU အဖွဲ့ရေရှည်အောင်မြင်စေရန် အရေးပေးလုပ်ဆောင်လျှက်ရှိနေပါတယ်။
ဒါအပြင် မြန်မာနိုင်ငံသား Steemit User တွေကို ငွေကြေးဆိုင်ရာကူညီမှုများ လုပ်ဆောင်ရန်အတွက် ထည့်သွင်း အကောင်အထည်ဖော်လျှက်ရှိပါတယ်။
ထိုသို့ကျိုးစားမှုအတွက် Daily Hit-Parade For Newcomers (2018.04.14) ရက်နေ့အတွက် Top 10 pots by Number of Comment တွင် No. 6 နေရာကို ရရှိခဲ့ပါတယ်။
နိုင်ငံအများအပြားရှိသည့်အထဲမှာမှ မြန်မာနိုင်ငံအနေပြီး မြန်မာလိုရေးထားသည့် Post တစ်ခုပါဝင်ခဲ့သည့်အတွက် ဂုဏ်ယူမိပါတယ်။ ယခုလိုပါဝင်နိုင်စေရန် Comment များ ပေးကြသည့် ကျွန်တော်တို့၏ MSU အဖွဲ့သားတွေကို အထူးကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်အနေဖြင့် MSU အဖွဲ့ပိုမိုအောင်မြင်စေရန် စိတ်ရော ကိုယ်ပါ ထည့်ပြီး ကြိုးစားသွားပါမည်ဟု ဂတိပေးရင်း......
D Pa Kyaw
Foumder@ Myanmar Steemit User Group
#myanmar
#Hit_Parade
#steemit
#esteem