Online မှာငွေရှာကြသူများကို Steem သည် Cryocurrency တစ်ခုပါလို့ ပြောလိုက်လျှင် သိပင်မဲ့ တစ်ချို့မသိတဲ့သူတွေကတော့ ဂျင်းကောင် ဟုသာပြောကြပါလိမ့်မည်။ ရှိပါစေတော့.....အပြောခံရလျှင်လည်း မမှုတက်သည့်ကျွန်တော်အဖို့ကတော့ I don't care ဟုတ်သာ စိတ်ထဲကပြောလိုက်ချင်ပါသည်။ ဟိုနေ့က Online ငွေရှာသည့် အကိုတစ်ယောက် မေးလာတာ တစ်ခုရှိပါတယ်။
Steemit နှင့် FutureNet တို့ ဘာကွာလဲတဲ့?
ငွေရှာကြသည့် Site များတူပင်မဲ့ မတူညီမှုတွေများစွာရှိပါတယ်။ သူတို့ရဲ့ ကွဲပြားမှုတွေကို နောက်မှ အသေးစိတ်ရေးပေးပါ့မယ်။
Steemit ကို ဘယ်လို လူတွေသုံးကြလဲ ဆိုရင် Online မှာ ငွေရှာကြသည့် ဆွေတော် မျိုးတော်တို့ အဓိကသုံးကြပါတယ်။ ဟုတ်ပြီး ငွေရှာကြသည့် သူများတူပင်မဲ့ အောင်မြင်မှု/ကျရှံးမှုတွေ ရှိနေကြတာ ဘာကြောင့်လဲ?
Steemit သုံးသူတွေသည် ကိုယ်ရည်ကိုယ်သွေး/ Creation Power ရှိသူဖြစ်ရပါ့မယ်။ Creation မရှိဘဲ သူများရေးသမျှကို အလုံးစုံကူးချပြီး Credit ပေးနေသည်မှာ ခိုးယူခြင်းတစ်မျိုးသာဖြစ်ပါသည်(မကျေနပ်လည်း မတက်နိုင်ပါ)။ မိမိတင်တဲ့ post အတွက် ငွေမယူဘဲ Just Sharing ကို မဆိုလိုပါ။ တစ်ခြားတစ်ယောက်ရဲ့ စိတ်ကူးတွေကို မိမိကငွေတစ်ခုတည်းကိုကြည့်ပြီး ကူးချနေသည်ဆိုလျှင် ပို၍ပင် ဆိုးလှပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း Copy ယူတင်ဘူးပါတယ်။ နောက်ပိုင်းမှာ ပြင်ဆင်မှုတွေဖြင့် Creation ထည့်ပါတယ်။ Copy မလုပ်ပါနဲ့။ Ref ယူပါ ဒါမှ သင်ရတဲ့ငွေကို သင်တန်ဖိုးထားတက်မှာပါ။ Google မှ ဓာတ်ပုံများကို ယူတဲ့နေရာမှာလည်း Public သုံးဖို့မျှဝေထားသည့် ပုံများကိုသာသုံးပါ။ ဒီလိုသုံးတောင်မှ Credit ပေးပါ။ Steemit ကလည်း သင့်ရဲ့ Creation ကိုဘဲ ငွေပေးချင်မှာပါ။
တင်မယ်ဆို Steemit မှာ တင်စရာများစွာရှိပါသည်။
--> Photo
--> story
--> life
--> love
--> news
--> travel
--> History
စသည့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကိစ္စတွေကို ဓာတ်ပုံ/စာလုံး စသည့်တို့ဖြင့် ပုံဖော်ပြီး တန်ဖိုးရှိသည့် ငွေကိုရယူကြပါ။ ကိုယ်တိုင် Creating လုပ်တဲ့သူတွေကသာ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။
Cheetah ထိထားတဲ့ Post တွေကို လူတိုင်းကအထင်သေးကြသလို ကျွန်တော်ကိုယ်တိုင်လည်း Cheetah ထိတဲ့ post တွေကို Vote လုပ်မှာမဟုတ်ပါဘူး။ နောက်ဆုံးတစ်ခုက မိမိတင်ခဲ့သမျှ post တွေကို ပြန်ဖျက်လို့ရမှာမဟုတ်ဘူးဆိုတာ အမြဲတိုင်းသတိရနေပေးပါ။ အောင်မြင်မှုမှာ ခက်ခဲမှုရှိနေမှာပါ။ ကျွန်တော်တို့သည်လည်း ခက်ခဲမှုတွေကို ကျော်လွှားရကြသည်မှာ သဘာဝတစ်ခုသာဖြစ်ပါသည်။
English Version will be soon-
We are Stronger Together-
plz follow my account
Writer- D Pa Kyaw
https://www.dpakyaw.com