မည်သည့်အလုပ်ကိုမဆိုနည်းလမ်းတကျလုပ်ကိုင်ခြင်းသည်အကောင်းဆုံးဖြစ်သည်။"ဆရာမပြနည်းလမ်းမကျ"ဟူ၍သောစကားပင်ရှိသေးသည်မဟုတ်ပါတကား။နည်းစနစ်ကျစွာလုပ်ကိုင်တတ်ခြင်းသည် မည်သည့်အလုပ်ကိုမဆိုအချိန်ကုန်သက်သာစွာနှင့်လွယ်ကူ
လျင်မြန်စွာပြီးစီးနိုင်ပေသည်။
ထို့ကြောင့်နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်တတ်ရန်နည်းပေးလမ်းပြမည့်ဆရာသည်လိုအပ်လှပေသည်။
ထီးပြင်သမားမှအစနည်းလမ်းကျစွာလုပ်ကိုင်တတ်ရန် အလွန်အရေးကြီးလှပါသည်။မည်သည့်ပညာရပ်ကိုမဆို နည်းစနစ်ကျစွာလုပ်ကိုင်တတ်စေရန်အရေးကြီးသည်။
အပ်ပေါက်ထိုးသည်မှအစကျွမ်းကျင်မှူရှိမှသာလွယ်လွယ်ကူကူချောချောမွေ့မွေ့မြန်မြန်ဆန်ဆန်ပြီးစီးနိုင်လိမ့်မည်။ထို့ကြောင့်မည်သည့်အလုပ်ကိုမဆိုနည်းစနစ်တကျနှင့် အလေ့အကျင့်ဖြစ်စေရန်လိုအပ်လှပေသည်။
အလုပ်တိုင်းကိုအထင်မသေးသင့်လှချေ။ထီးပြင်သမား
လုပ်သည့်အလုပ်အား တခြားသူများမလုပ်တတ်ကြချေ။
ထို့ကြောင့်စနစ်တကျကျွမ်းကျင်စွာလုပ်ကိုင်တတ်စေရန်အတွက်ဆရာလိုအပ်ပေသည်။
ဆရာဟုဆိုရာ၌သက်ရှိထင်ရှားသင်ကြားပေးသည့်ဆရာများသာမကသင်ဆရာ၊ကြားစရာ၊မြင်စရာများလည်း ပါသည်။ထိုသင်ဆရာ၊မြင်ဆရာ၊ကြားဆရာများသည် စာအုပ်စာပေများ၊အင်တာနက်websiteများစသည်တို့အားဆိုလိုပါသည်။
လူတစ်ယောက်သည်မည်သည့်နယ်ပယ်၊မည်သည့်ပညာ
ရပ်မဆိုကျွမ်းကျင်စွာလုပ်ဆောင်တတ်စေရန်အမြဲလေ့
လာမပြတ်သင်ယူရပေမည်။မည်သည့်ပညာရပ်၌မဆို
ရလာဒ်ကောင်းများထွက်ပေါ်စေရန်ထိုနယ်ပယ်၏နည်းစနစ်ကောင်းများရှိနေပေသည်။
ထို့ပြင်နေ့စဉ်ပုံမှန်လုပ်ကိုင်နေသည့်အလေ့အကျင့်၊အကြိမ်ရေများစွာမိမိ၏နယ်ပယ်၌ထိတွေ့နေမှူစသည်
တို့သည်လည်းမိမိ၏ပညာရပ်အားပိုမိုကျွမ်းကျင်၍
တိုးတက်လာနိုင်ပါသည်။
ထို့ကြောင့်မိမိကျွမ်းကျင်အောင်မြင်လိုသည့်ပညာရပ်အား
ပုံမှန်နေ့စဉ်မပြတ်ထိတွေ့နေရန်လိုအပ်လှပေသည်။ဥပမာအားဖြင့်စာရေးသူသည်စာသင်ကြားခြင်းလုပ်ငန်း
ဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ယောက်ဖြစ်သည်။စာသင်ကြားခြင်းလုပ်ငန်းအားအသက်၁၇နှစ်သမီး
အရွယ်မှစတင်၍လုပ်ကိုင်ခဲ့သူဖြစ်သည်။အလုပ်ကိုစတင်၍လုပ်ချိန်၌အထူးထုတ်ပေါင်းစုံကိုဖတ်ရှူ၍အိမ်၌တစ်ဦးတည်းမရှက်မကြောက်တတွတ်တွတ်ဖြင့်ပါးစပ်မှရေ
ရွတ်၍စာသင်ကျင့်ခဲ့ရသည်။
ယခုအချိန်တွင်မူထိုကဲ့သို့လေ့ကျင့်ရန်မလိုအပ်တော့ပေ။
အဘယ့်ကြောင့်ဆိုသည်နေ့စဉ်နေ့တိုင်းစာသင်သည့်အကြိမ်ရေလည်းများလာသည်။နေ့စဉ်အလေ့အကျင့်တစ်ခုကဲ့သို့ဖြစ်လာသောကြောင့်မည်သည့်စာအုပ်ကိုမှ
ပြန်လှန်၍ဖတ်ရှူ့စရာမလိုလောက်အောင်ပင်ကျွမ်းကျင်လာ၍ဖြစ်သည်။
ထို့ကြောင့်နေ့စဉ်အလေ့အကျင့်များစွာ၊အကြိမ်ရေများစွာ ထိတွေ့ခြင်းသည်မိမိလုပ်ငန်းအားကျွမ်းကျင်လာစေပါ
သည်။သို့သော်လည်းစာရေးသူသည်မိမိလုပ်ငန်းနှင့်ပတ်သတ်သောစာအုပ်စာပေများအားလေ့လာခြင်း၊Youtubeနှင့်အခြားwebsiteများ၌မိမိလုပ်ငန်းနှင့်
ဆက်စပ်သည့်အကြောင်းအရာများအားလေ့လာနေရဆဲ ပင်ဖြစ်ပါသည်။
စာရေးသူသည်မိမိလုပ်ငန်း၌အလေ့အကျင့်များ၍ကျွမ်းကျင်မူများရှိသော်လည်းတခြားနယ်ပယ်၌ပင်ကျွမ်းကျင် မှူမရှိသေးကြောင်းလက်တွေ့လေ့လာသိရှိရပါသည်။
အဖြစ်အပျက်ကလေးတစ်ခုကိုပြောပြချင်ပါသည်။စာရေး
သူသည်အရာရာကိုမိမိကိုယ်တိုင်လုပ်လျှင်ရပါသည်ဟု
စိတ်မျိုးရှိသည်။
ထိုကြောင့်မိမိဆံပင်အားကိုယ်တိုင်ဖြောင့်ရန်ဖြောင့်ဆေး
ဝယ်ယူ၍မိမိဆံပင်အားဖြောင့်ခဲ့သည်။မည်သည့်အလုပ်မဆိုနည်းစနစ်ကျနမှူသည်အရေးကြီးလှပေသည်။
ဆံပင်ဖြောင့်ဆေးသည်စာရေးသူ၏ငယ်ထိပ်ဆံပင်များ၌
ပုံ၍သွားခဲ့သည်။ထို့ကြောင့်ဖြောင့်ဆေးအားများအားရေ
ဖြင့်ဆေးပြီးသောအခါတွင်ဆံပင်များအရင်းမှပျက်ထွက်၍ငုတ်စိကလေးကျန်ခဲ့သည်။မကျွမ်းကျင်မှူနှင့်နည်းစနစ်မကျသောရလာဒ်တစ်ခုပင်ဖြစ်သည်။
ထို့ကြောင့်မည်သည့်အလုပ်ကိုမဆိုကျွမ်းကျင်မှူနှင့်နည်းစနစ်ကျနမှူသည်အရေးကြီးလှပေသည်။နည်းစနစ်ကျနမှူအတွက်သင်ယူမှူနှင့်လေ့လာမှူအားကောင်းရန်လိုအပ်လှပေသည်။
မည်သည့်ပညာရပ်၊လုပ်ငန်းကိုမဆိုသင်ယူနိုင်စွမ်းရှိရန်လည်းအရေးကြီးလှပေသည်။အခြေခံမှစ၍နားလည်တတ်ကျွမ်းစေရန်သင်ယူကြရပေမည်။ထိုသို့သင်ယူ
ရရှိသည့်သီအိုရီများအားလက်တွေ့နယ်ပယ်တွင်စနစ် တကျအသုံးချတတ်ရပေမည်။ထိုသို့စနစ်တကျအသုံးချမှ
သာနည်းစနစ်ကျနပြီးလုပ်ငန်းအောင်မြင်စေမည်ဖြစ်ပေ
သည်။
ထို့ကြောင့်မိမိ၏လုပ်ငန်းများအောင်မြင်တိုးတက်စေရန်
အတွက်လိုအပ်သောနည်းစနစ်များကိုလည်းသင်ယူရမည်။ထိုနည်းစနစ်များကိုလည်းလက်တွေ့နယ်ပယ်
တွင်အသုံးချခြင်းဖြင့်ကျွမ်းကျင်မှူရှိအောင်ကြိုးစားရပေ
မည်။
အကြိမ်ကြိမ်အဖန်ဖန်စနစ်တကျလုပ်ကိုင်ခြင်းဖြင့်လုပ်ငန်းလုပ်ကိုင်ရာတွင်ကျွမ်းကျင်မှူရှိလာပေမည်။ထိုအခါ
လွယ်ကူလျင်မြန်ချောမွေ့စွာဖြင့်လုပ်ငန်းများပြီးမြောက်၍
လုပ်ငန်းကိစ္စများအောင်မြင်လာပေလိမ့်မည်။
ထို့ကြောင့်မိမိတို့၏လုပ်ငန်းနယ်ပယ်၌အောင်မြင်လိုသူများသူသည်နည်းစနစ်ကျနမှူနှင့်ကျွမ်းကျင်မှူရှိရန်
ကြိုးစားသင့်လှပေသည်။
အိအိခိုင်ရေးသားသည်။
MSC No.173.
Credited from google images.