
လူသားတို့၏စိတ်သည်ဆန်းကြယ်လှသည်။စိတ်နှင့်ရုပ်၂ခု
တွင်စိတ်ကဦးဆောင်သည်ဟုမြတ်ဗုဒ္ဓကဟောကြားထား
သည်။စိတ်သည်အရာရာကိုဖန်တီးနိုင်စွမ်းရှိသည်။ရုပ်ခန္ဓာ
ကိုယ်ကိုသာချုပ်နှောင်လို့ရမည်။စိတ်ကိုကားချုပ်နှောင်၍
မရချေ။
ထို့ကြောင့်မိမိတို့၏စိတ်ကျန်းမာရေးကိုမိမိတို့ဂရုစိုက်ရ
မည်။မိမိတို့စိတ်ထဲ၌ဘာဖြစ်နေသည်ကိုကိုယ်ကိုယ်တိုင်
ဂရုစိုက်ရမည်။လူသည်ထူးခြားဆန်းကျယ်လှသည်။
သူတပါး၏အကြောင်းအရာကိုစပ်စုလိုကြသည်။မိမိ၏
စိတ်ကိုတော့လွှတ်ချင်တိုင်းလွှတ်ချထားသောသူများလည်း
ရှိကြသည်။
စိတ်ပျိုကိုယ်နုဆိုသည့် မြန်မာစကားပုံရှိသည့် အတိုင်းစိတ်
သည်ရုပ်ခန္ဓာ၏နုပျိုမှူကိုလည်းဖန်တီးပေးနိုင်သည်။လူတစ်
ယောက်၏ဥပတိရုပ်သည်စိတ်ပေါ်၌အများကြီးမူတည်
သည်။စိတ်အခြေအနေပေါ်မူတည်၍ အများကြီးပြောင်းလဲ
ပေးသည်။
ထိုမျှလောက်အရေးကြီးသောစိတ်ကို မိမိတို့ထိန်းချုပ်ပိုင်
နိုင်ရပေမည်။ရောက်ချင်ရာရောက်ဖြစ်ချင်ရာဖြစ်လွှတ်မထားသင့်ပေ။မိမိကိုယ်တိုင်လည်းစိတ်ကိုလွှတ်ချမိ၍အရာ
ရာကိုအရူံးပေးချင်စိတ်ဖြစ်သည့်အခါ၌ သတိတရားလက်
ကိုင်ထား၍ ဆင်ခြင်ထိန်းချုပ်နေရသည်။
ယခုလိုအချိန်၌ မိမိတို့မြန်မာနိုင်ငံသားတို့၏စိတ်သည်
အတက်အကျ ဝမ်းနည်းပူဆွေးမှူများများပြားလှသည်။
တခါတရံစဉ်းစားမိသည်ငရဲပြည်ဆိုသည်မှာ မြန်မာနိုင်ငံလားဟုတွေးမိသည့်အခါပင်ရှိသည်။
သို့သော်လည်းမိမိတို့သည်မည်ကဲ့သို့သောအခက်အခဲ
ကျဉ်းထဲကျပ်ထဲရောက်နေစေကာမူ စိတ်ဓာတ်မကျအောင်
ထိန်းချုပ်နိုင်ရမည်။ခွန်အားလျော့စေမည့်အတွေးမျိုးစိုးစဉ်း
မျှဝင်မလာအောင်စောင့်ကြပ်သတိထားရမည်။
ယခုကာလ၌စာရေးသူမိမိကိုယ်တိုင်တကြိမ်တခါမျှမကြုံ
ဖူးသည့်စီးပွားရေးကြပ်တည်းမှူမျိုးကြုံတွေ့နေရသည်။
သို့သော်လည်းမိမိသည်အလုပ်နှင့်လက်နှင့်မပျက်အောင်
နေပြီးပစ္စုပ္ပန်တည့်တည့်နေသည်။အပျက်အတွေးများ
ဝင်မလာအောင်ကြိစားရှင်သန်နေထိုင်သည်။
စိတ်ညစ်လာလျှင်ဘုရားစာရွတ်သည်။ကိုယ်အတွက်အသုံး
တည့်မည့်ဘာသာစကားတခုခုအား youtubeနှင့်
Googleမှလေ့လာသည်။ထို့ကြောင့်မ်ိမိ၏hive platformမှမိတ်ဆွေများကိုအကြံပေးလိုသည်မှာ
မိမိ၏စိတ်ခွန်အားကိုအထိခိုက်မခံပါနှင့်။မိမိတို့လိုချင်သော
ပန်းတိုင်ကိုစိတ်ခွန်အားအပြည့်ဖြင့်လျောက်လှမ်းပါက
တနေ့တလံပုဂံမရွေ့ပါ။အရာရာတိုင်းသည် လူသားတို့၏
စိတ်ခွန်အားစွမ်းပကားကြောင့်သာပေါ်ပေါက်လာရပေ
သည်ဟုပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတော့သည်။
Photo crrdited from google.