"သာအေး" ထန်းတောမှ ထွက်သော ထန်းရည်များအား
အညာဒေသ၏ ယဉ်ကျေးမှု့ တစ်ရပ်ဖြစ်သော ထမင်းဝိုင်း
တွင် အချိုတည်းစရာ အဖြစ် အစဉ်အမြဲ ဧည့်ခံ ကျွေးမွေး
တက်သော " ထန်းလျှက်" ကျိုချက်နည်း အကြောင်း
လေးအား တင်ပြသွားမည်ဖြစ်ပါသည်။
ထန်းလျှက် ဆိုသည်မှာ အစာစားသောက်ပီး စားသုံးပါက
အစာကြေလွယ်ပီး ကျန်းမာရေနှင့် ညီညွတ်သော အညာ
ဒေသ၏ အစားအစာ တစ်ခုအဖြစ် ထင်ရှား၏ သို့သော်
ထန်း ဆိုသော အပင်မှာ တစ်ပင်လုံး အရွက် အသီး
အရည် ပင်စည် အမြစ်ပါ တစ်ခုမကျန် အလွန် အသုံး
ဝင်လှသော အပင်တစ်မျိုး ဖြစ်၏ ။ ထန်းရွက်အား အဆောက်
အဦး မိုးကာ အဖြစ်သုံးနိုင်သလို လူသုံးကုန် ပစ္စည်းအဖြစ်
Credit : google photo
လက်မှု့မြောက်စွာ ယပ်လုပ်ရောင်းချနို်၏ ။ ထန်းသီးအား
နွားစာကျွေးခြင်း ထန်းမုတ်ခွက် ကလေးများပြူ၍ အသုံး
အဆောင်အဖြစ် အသုံးပြူနို်ခြင်း ပီးလျှင် ထန်းရည်မှာတော့
ထန်းရည်ချို ထန်းရည်ခါး များအား အဖျော်ယာမကာ အဖြစ်
အသုံးပြူနိုင်ခြင်း ထန်းလျက် သကာ စသဖြင့် အမျိုးမျိုး ပြူလုပ်၍
စားသောက်နိုင်ခြင်း ပင်စည်မှာတော့ဖြင့် လှေအဖြစ် ထွင်း
ထုခြင်း အသားအဖြစ် ခွဲခြမ်း ဆောက်လုပ်ရခြင်း အမြစ်မှာ
ဆိုပြန်လျှင်လည်း ထန်းပင်မျှစ် ဟု ဆိုကာ ဆောင်းရာသီတွင်
မီးလှုံရင်းဖြင့် မိသားစု ပျော်ပျော်ပါးပါး စားသောက်နိုင်ခြင်း
စသည်တို့ အမျိုးမျိုး ပြူလုပ်ရသော ထန်းပင်များမှာ
အညာဒေသတွင် အများဆုံး ပေါက်ရောက်ကြသော်လည်း
ယနေ့အခါမှာ ရှားပါးလာသော မျိုးစိတ်တစ်ခုစီသို့ ဦးတည်
နေပီဖြစ်သည်ကို သင်သိပါသလား...ရှည်သွားပီ
Credit : google photo
ထန်းပင်မှ ရသော ထန်ရည်ချိုများအား နေကျော်လျှင် ချဉ်
သွားတက်သောကြောင့် ထန်းလျှက်ခဲ အဖြစ်ပြူလုပ်ပီး
သိမ်းဆည်းကြပုံ အဆင့်ဆင့်မှာ မိုးပြဲ ဒယ်ကြီးတစ်ခုထဲသို့
ထန်းရည်ချိုများ တစ်ဝက်ကျော်သည် အထိ လောင်းထည့်၍
မီးစ တစ်စနှစ်စဖြင့် အပူပေး၍ အဆက်မပြတ် မွှေပေးနေရ၏
မွှေနေသောလက်မှာ အနည်းငယ် ပျစ်လာပီထင်သော်
နောက်တစ်အိုး ထပ်ထည့်ကာ ဆက်မွှေ၏ တစ်ဖြေးဖြေး
မွှေနေရာမှ အရမ်း ပျစ်လာပီဆိုလျှင် ဆက်ပီး ထန်းရေမထည့်
တော့ဘဲ ဒီအတိုင်း ဆက်၍သာ မွှေရ၏ နောက်ဆုံး လက်ညောင်း
မမွှေနိုင်အောင် ပျစ်ချွဲ နေပီဆိုပါက ဘေးနားမှာ အရံသင့် ဆီ နှင့်
ရေကိုထား၍ ထိုပူချစ်နေသော ဒယ် ထဲမှ ထန်းရည်ပျစ်များအား
အရင်ဆုံး လက်ကို ရေထဲစိမ်ကာ လက်ကိုဆီအနည်းငယ်
Credit : google photo
သုပ်၍ ပူနေသောဒယ်ထဲသို့ လက်နှုက်ခါ လိုအပ်သော အရွယ်
အစား ကိုချိန်ပီး ဇကောထဲသို့ အခဲဖြစ်စေရန် လုံး၍ အအေးခံ
လေသလပ် ခံရပါသည် အအေးခံ၍ အနည်ငယ် မာတောင့်သွား
ပါက ဇကာ အကြီးစားပေါ်သို့ ပြောင်း၍ နေပူလှမ်းရင်း အခြောက်
ခံရပါသည် ထန်းလျှက် ပြူလုပ်နည်းမှာ ဖက်ရတာလွယ်ကူ
သလောက် ကိုယ်ကိုယ်တိုင် ပြူလုပ်ကြည့်ပါက အလွန်
ခက်ခဲပါတယ် ဆိုတဲ့အကြောင်း အဆုံးသတ် နိဂုန်း အဖြစ်
အသိပေးအပ်ပါသည် ခင်ဗျားးးးး
Post writer : ThiHaKo()
From Myanmar
Credit : google photo
MSC-019