မင်္ဂလာပါ မြန်မာ steemit မိသားစုဝင်အပေါင်းတို့ ခင်ဗျား
ကျွန်တော့်အနေဖြင့် ယခုတပါတ် မှာ ထိုင်းနိုင်ငံတွင် လူအများ
ကြိုက်နှစ်သက်ကြပီး မိမိတို့ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်
ချက်ပြူတ်စားသောက်ရန်လည်း အရမ်းလွယ်ကူလှတဲ့ ကွတ်တီယို
ပြူလုပ်နည်း အနည်းငယ် ဝေမျှ သွားမည်ဖြစ်ပါသည်....
ပထမဦးစွာ လိုအပ်သော ပစ္စည်းများကို ဖော်ပြပေးသွားပါမည်
၁.ကြိတ်ခေါက်ဆွဲ အစို သို့မဟုတ် အခြောက် ၅၀ကျပ်သား
၂.၀က်နံရိုး သို့မဟုတ် အမဲရိုး ၄၀ ကျပ်သား
၃.၀က်သားလုံး သို့မဟုတ် ကြက်သားလုံး တစ်ထုတ်
၎.၀က်သားပြူတ်ကြော် ၂၅ ကျပ်သား
၅.အနေတော်ပုဇွန်ကြော် ၂၅ကျပ်သား
၆.ပဲပင်ချို ၃၅ကျပ်သား
၇.ကြက်သွန်မိတ်နှင့် နနံပင်
ချက်ပြူတ် ပြင်ဆင်ရန်
ပထမဦးဆုံး ရေနွေးကို လူငါးဦးခန့်စာ ဒန်အိုးဖြင့် ရေကို ပွက်ပွက်
ဆူအောင်ကြိုထားပါ ရေနွေးဆူလာလျှင် ခုထစ်ထားပီးသာ
အရန်သင့် ၀က်ရိုး သို့မဟုတ် အမဲရိုးများအား ရေစင်အောင်စစ်၍
ထည့်ပြူတ်ပါ မိနစ်သုံးဆယ်ခန့် ကြာလာလျှင် ၀က်သားလုံး
သို့မဟုတ် ကြက်သားလုံးများအား ရေနွေးအိုးထဲသို့
ရောထည့်ကာပြူတ်ပီးလျှင် မိမိမှာ ကြာညို့ကြိုက်တက်သူဖြစ်ပါက ကြာညို့စားပွဲတင်ဇွန်း နှစ်ဇွန်းခန့်ဖည့်၍ ပြူတ်ပါ သို့မဟုတ်
ကြာညို့မကြိုက်ပါက ဘာမှထပ်ထည့်စရာမလိုပေ
ထို့နောက် ကြိတ်ခေါက်ဆွဲအား ပွတ်ပွတ်ဆူနေသော
ရေနွေးအိုးသို့ ၄၅စက္ကန့်မျှ ထည့်ပြူတ်ခါ ကိုယ်စားမည့်
ပုကန်ထဲသို့ဆယ်ပီးပါက ပပင်ချိုအား လိုသလောက်ထည့်ခါ
၁၀စက္ကန့်မျှ ရေနွေးအိုးမှာပြူတ်
ပီးလျှင် ကြော်ထားသော ပုဇွန် သုံးကောင်မျှထည့် ပီးလျှင်
ဝက်သားကြော်အားလပါးပါးကလေးလှီးကာ လိုသလောက်
ထည့်ပီးပါက ကြက်သွန်မိတ်နှင့် နနံပင်အားလိုသလောက်
ထည့်ကာ ဆား အချိုမှုန့် ငရုပ်သီးမှုန့် သံပုရာသီးများအား မိမိလိုသလိုပြင်ဆင်ကာ မိသားစုနှင့်ဖြစ်စေ မိတ်ဆွေ အပေါင်းသင်း
သူငယ်ချင်းများနှင့်ဖြစ်စေ ပျော်ပျော်ပါးပါးချက်ပြုတ်စားရ
လွယ်ပါသည် ကွတ်တီယိုမှာ ထိုင်းနိုင်ငံတွင် လူကြိုက်များသော အစားအစာ တစ်ခုဖြစ်သောကြောင့် ထိုင်နိုင်ငံ
ဘန်ကောက်မြို့တွင် ကွတ်တီယိုဆိုင်များပေါများလှပေသည်
တချို့မှာလည်း တခါတရံ ကျွုန်ပ်ပြောသလို ၀ိုင်းဝန်းစုဖွဲကာ
တပျော်တပါး ချက်ပြူတ်စားသောက်ကြပီး ခရီးသွားဧသည့်သည်
များမှလည်း ကြိုက်နှစ်သက်သောကြောင့် ကွတ်တီယို ဆိုင်များမှာ
စီးပွားဖြစ်ထွန်းလျှက် ရှိပါကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျားး