ယနေ့ခေတ် တိုးတက်လာတာနဲ့အညီ မိသားစု
ဘ၀ နွေးထွေးမှု့များလည်း တဖြည်းဖြည်း
ပျောက်ဆုံးလို့ လာပါတယ် .......၁၉၉၀ ကျော်တုန်းက မိသားစု ဘ၀များဟာ စီးပွားရေးအရ အဆင်မပြေမှု့
အနည်းငယ်ရှိပေမယ့် နံနက်ခင်း အိပ်ယာနှိုးပီဆိုတာနှင့်
တစ်အိမ်သားလုံး စည်းလုံးညီညာစွာကိုယ့်တာဝန်
ကိုယ်ထမ်း အမှိုက်သိမ်းသူကသိမ်း ထမင်းဟင်း
ချက်ပြူတ်မှု့ တာဝန်ယူတဲ့သူက ချက်ပြူတ်ကြော်လှော်
စသဖြင့် တစ်နေ့တာပါတ်လုံး အလုပ်ကိုယ်စီဖြင့်
မအားအလှပ် ရှိနေကြပါသည်။
သို့ပေမယ့် မိသားစုဆိုတဲ့ နွေးထွေးမှူ့ကတော့
အပြည့်အလျှံတစ်နေ့တာ အလုပ်ကိုယ်စီဖြင့်
ပင်ပန်းနွမ်းနယ်မှု့ကို ညအချိန်အခါမှာ မိသားစု
စကားဝိုင်းအဖြစ် ပြန်ပြောင်း အပန်းဖြေကြပါတယ်။
ယနေ့ခေတ် ကာလနှင့်နှိုင်းယှဉ်ကြည့်ပါ
အလွန်ကွာခြားပီး အများစုမှာ မိသားစုဆိုတာပင်
သတိမရကြ အချိန်ရလျင် အင်တာနက်ကလေးဖွင့်
သူ့လိုင်းနှင့်သူအလုပ်ရှုပ်ေ နကြသူသာလျှင် ပို၍
များပေသည် တိုးတက်မှု့နှင့်အတူဆုပ်ယုတ်မှု့ကလည်း
အတူဒွန်တွဲနေတယ်ဆိုတာ ကိုယ့်ဘာသာစဉ်းစားရင်း
သံဝေဂ ရပေသည်။
ကျွန်တော်တို့ ငယ်စဉ်အရွယ် အပေါင်းသင်းရွယ်တူ
ကလေးများ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် လမ်းပေါ်
လမ်းဘေး တစ်လျှောက် အတူတူပျော်ရွှင်စွာ
ဆော့ကစား လာခဲ့ရတဲ့အချိန်တွေကို
ယနေ့ခေတ်ကာလကလေးများတွင် ရရှိနိုင်တော့မည်မထင်
အဘယ်ကြောင့်ဆိုသော် ကလေးအများစုမှာ မိဘများက
ဝယ်ဘေးထားသော မိုဘိုင်းဖုန်း အစရှိတဲ့ မော်ဒယ်မြင့်
လူသုံးကုန်ပစ္စည်းများဖြင့်သာ သူတို့ရဲ့ငယ်ဘ၀အချိန်များကို
ကုန်ဆုံးခိုင်းနေသော မိဘများကြောင့်ပင်ဖြစ်ပေသည်။
ထို့ကြောင့် မိသားစု ဆိုတဲ့ နွေးထွေးမှု့ စည်းလုံးမှု့များသည်
တဖြေးဖြေး မှေးမှိန်ကွယ်ပျောက်လို့သာလာပါသည်။
နောက်ဆက်တွဲ ဆိုးကျိုးများမှာ မိဘကိုမသိတက်ခြင်း
မေတ္တာတရားများဆုတ်ယုတ်လာခြင်း တွေးတောကြံဆမှု့
နည်းပါလာခြင်း ဆင်ခြင်တုံတရားမဲ့လာခြင်း လောကနီတိ
လေ့လာမှု့အားနည်းလာခြင်း စကားအပြောအဆိုစွမ်းရည်များ
နည်းပါလာခြင်း စသဖြင့် များစွာသော ဆိုးကျိုးများဖြစ်ပေါ်လာ
စေနိုင်ပါသည်။ထို့ကြောင့် မိမိရင်သွေးငယ် ကလေးများ
အမှားနည်းလေအောင် မိဘများကရှေ့ရေးကို မျော်တွေးကာ
အသိဥာဏ် နည်းပါတဲ့အရွယ်မှာ တစ်ဖက် တစ်လမ်းမှ
ကလေးများ အတွက် အသိဥာဏ်တိုးပွားစေသော
အရာများကိုသာ အများဆုံးသွန်သင်ဆုံးမ လမ်းပြပေးစေလို
ပါသည်။မိဘများအနေဖြင့်လည်း သားသမီးများအတွက်
အချိန်ကိုကန့်သတ်ချက်လေးပေးကာ ကလေးများနှင့်
ဗဟုသုတအဖြာဖြာတို့ကို နှီးနှောဖလှယ်ခြင်းဖြင့်
နွေးထွေးမှု့များကို တည်ဆောက်စေလိုပါသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်မိဘများမှာလည်း သားသမီးအတွက်အချိန်ဆိုတာမပေးဘဲ အားလျှင်အင်တာနက်ကလေးဖွင့်ကာ အပန်းဖြေနေကြသည်မှာ အများဆုံးပင်
ဖြစ်ပေသည် ။ ခေတ်နှင့်အညီလိုက်ရောညီစွာ အသုံးပြူရသည် ဆိုတာမမှားပေမယ့် သားသမီးနှင့် မိသားစုကိုကျော်ကာ
ခေတ်ကိုလိုက်နေပီ ဆိုလျှင်တော့ မိမိအမှားပင်
ဖြစ်ပေလိမ့်မည်။ အကောင်းနှင့် အဆိုး ဒွန်တွဲနေတယ်
ဆိုပေမယ့် အကောင်းတစ်ခုလျှင် အဆိုးကသာပို၍
အားသားနေတက်ပေသည်။ ကျွန်ုပ် အမြင်အရဆိုလျှင်
၁၉၉၀ ကျော်နှစ်တွေသည်သာလျှင် အလွန်
နွေးထွေးလှပါသည်။ကလေးသဘာဝ လသာတဲ့ညမျိုးမှာ
ဆိုလျှင် မိဘများက အိမ်ရှေ့ကွပ်ပျစ်ကလေးမှာ မိမိ၏
ရင်သွေးငယ်လေးများ ဆော့ကစားနေကြသည်ကို
ဂရုတစိုက်စောင့်ကြည့်ပေးရင်း လူကြီးများစကားဝိုင်း
စုဖွဲ့ကာညရဲ့အလှကို ဖန်ဆင်းပေးနေသကဲ့သို့ပင်
ပြန်မြင်ယောင်မိပါသည် ။ လမ်းသူ လမ်းသား ရပ်ကွပ်
ကျေးရွာ အစုစုတို့ဟာ စည်းစည်းလုံးလုံး သိုက်သိုက်
ဝန်းဝန်း ဖြင့် အရမ်းကြည်နူးစရာ ကောင်းလှပါသည်။
သို့ပေမယ့် ယနေ့ခေတ်နှင့် ယှဉ်လိုက်လျှင်
အရာအားလုံးဟာ ရေ နဲ့ ဆီ ရောထားသကဲ့သို့
ကွာခြားလွန်းလှပါသည်။ ထို့ကြောင့် ငယ်ဘ၀ ၁၉၉၀
ပြည့်နှစ် အချိန်အခါတွေကို သတိရမိရင့်းSteemit myanmr မှ အဖွဲ့သားများကိုယ်စား ဒီနေရာတစ်ဆင့်
မြန်မာပြည်သူ ပြည်သားများ အားလုံး နွေးထွေးမူ့
အရာ အားလုံး ပြန်လည် ရရှိကြပါစေလို.ပြောရင်း
စာကိုအဆုံးသတ်ပါရစေခင်ဗျာ။
ကျွန်ုပ်သည် စာရေးဆရာ တစ်ယောက် မဟုတ်သောကြောင့်
လိုအပ်ချက်များ ရှိခဲ့လျှင် ထောက်ပြဝေဖန် အကြံပြူခြင်းဖြင့်
ကူညီပေးစေလိုပါသည် စာဖက် ပရိတ်သက်အားလုံးကို
အထူးကျေးဇူးတင်လျှက်