မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
ကျန်းခန့်သာလို့မာကြပါရဲ့လား မိတ်ဆွေတို့ရေ။

ဒီမှာ အကြောင်းအရာကို နေ့စဉ်မျှဝေနိုင်ဖို့ တကယ်မလွယ်ပါဘူး။
ဘထွေးကြီးကတော့ တစ်ရက်ခြား ပို့စ်တင်နိုင်အောင် ကြိုးစားနေတယ်တဲ့။
ကိုဒွန်ကတော့ အချိန်မှန် ပို့စ်တင်နိုင်ဖို့ စာကြိုးရေးတဲ့အကျင့် လုပ်နေရတယ်တဲ့။
ခုတော့ သူ မနက်ပိုင်းတွေမှာ ပို့စ်တင်နေတာ တွေ့ရပါတယ်။
မျိုးသူဇာက Rising Star Gaming အကြောင်းပုံလေးတွေဆွဲတင်ပြနေတာ ဝင်ငွေ မဆိုးလှဘူး။ ယခင်အပတ်တုန်းကတော့ ဒေါင်းဗုတ်ပြဿနာနဲ့ ကြုံရပြီး ခုတော့ ပြေလည်သွားပြီမို့ ဝမ်းသာရပါတယ်။
ညီလေးမိုးဟိန်းကလည်း RS Gaming post နဲ့ ဝင်ငွေ မဆိုးလှဘူး။
ပုံမှန်ကြိုးစားတင်ရင် သာမန်လခစားထက် ဝင်ငွေကောင်းမှာပါ။
ရှမ်းမင်းသားခမ်းကတော့ ဘောစိပဲ။ ယခင်က ပို့စ်တွေ အင်ကမ်းကောင်းခဲ့တယ်။
ခုနောက်ပိုင်းတော့ ဘယ်ခြေလှမ်းနေလဲ မသိဘူး။ ယခင်ကလောက် ဒီမှာ မတတ်ကြွဘူး။
ကိုယ့်လူတွေ ဘယ်လိုလဲဟေ့။
ဒီမှာက အနာဂတ် မျှော်လင့်ချက်နဲ့ အကြောင်းအရာတွေ ကြံဖန် ရေးတင်နေရတာ။
လက်ရှိကတော့ ဒီက အင်ကမ်းက ထမင်းမဝသေးဘူး။
ခုဆို ကိုရွှေဟိုက်ရဲ့ဈေးက ဆယ်ပြား အောက် ရောက်ရောက်နေတာနဲ့ အနာဂတ်တွေ ဝေဝါးချင်နေတယ်။
ဘယ်လို ရှေ့ဆက်ကြမလဲ ကိုယ့်လူတို့။

ဒီနေ့ ဖော်ပြတဲ့ ပုံလေးတွေက အိမ်ရှင်ဇနီး ရိုက်ယူထားတာပါ။
အရိပ်ပုံဟု ပြောရမလား။
အိမ်ထဲက နေပြောက်ဟု ပြောရမလား။
ဒီပုံအကကြောင်း အကြောင်းအရာစာမဖွဲ့တော့ပါဘူး။
ဒီနေ့အတွက် အကြောင်းအရာတစ်ခု အနေဖြင့်သာ ဖော်ပြရင်း မိတ်ဆွေတို့ကို စကားစမြည် လှမ်းပြောရခြင်းပါပဲ။