May you be filled with all blessings!
The rains this week have caused the roadside ponds to become flooded.
Yesterday, I stopped my motorcycle when I came to a pond on the side of the road in a village I often visit.
Then I took out my phone from my bag, turned on the camera, and planned to take a photo of the reflection of a white heron in the pond.
However, the heron flew away, so I couldn’t get a photo of the heron’s reflection.
I had previously featured the reflection of the trees in this pond in the Reflection Hunters Contest last year.

The second entry is a pond on the road to a monastery in the forest outside a village I have visited a few times this year.
The pond was filled with water from the rains this week.
The Reflection was visible on the water surface because of the tamarind trees that grew near the pond.

Although it is not as clear as the first image, it was chosen as the Contest Photo because it is a new image of a place that has not been featured on Hive Blockchain.
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
ဒီတစ်ပတ်အတွင်း ရွာသွန်းခဲ့သော မိုးရေများသည် လမ်းဘေးက ရေအိုင်များကို ရေများဝပ်စေခဲ့ပါသည်။
မနေ့က ကျွန်တော် ခဏခဏ သွားရောက်ဖြစ်သော ကျေးရွာတစ်ရွာ၏ လမ်းနဘေးမှ ရေအိုင်တစ်ခု အနားရောက်သောအခါ ဆိုင်ကယ်ကို ရပ်နားဖြစ်ခဲ့သည်။
ပြီးတော့ အိတ်ထဲမှ Phone ကို ယူကာ Camera ဖွင့်ပြီး ရေအိုင်ထဲက ဗျိုင်းဖြူတစ်ကောင်၏ အလင်းပြန်ပုံရိပ်ကို ဓာတ်ပုံရိုက်ယူရန် ကြံစည်ခဲ့သည်။
သို့သော် ဗျိုင်းငှက်က ပျံသန်းသွားသောကြောင့် ဗျိုင်း၏ အလင်းပြန်ပုံရိပ်ကို မရခဲ့ပါ။
ဒီရေအိုင်၌ မြင်တွေ့ရသော သစ်ပင်များ၏ အလင်းပြန်ပုံရိပ်ကို ယခင်နှစ်က Reflection Hunters Contest ၌ ဖော်ပြခဲ့ဖူးပါသည်။
ဒုတိယဖော်ပြသော ပြိုင်ပွဲဝင်ပုံကတော့ ဒီနှစ်မှာ ကျွန်တော် ခဏခဏ သွားရောက်ဖြစ်သော ကျေးရွာတစ်ရွာ၏ အပြင်ဘက် တောထဲ၌ တည်ရှိသော ဘုန်းကြီးကျောင်း အဝင် လမ်းဘေးက ရေအိုင် ဖြစ်ပါသည်။
ရေအိုင်သည် ဒီတစ်ပတ် ရွာသွန်းခဲ့သော မိုးရေများ ပြည့်လာခဲ့ခြင်း ဖြစ်သည်။
ရေအိုင် နဘေး၌ မန်းကျည်းပင်များ ရှိကြသောကြောင့် ရေမျက်နှာပြင်၌ မြင်တွေ့နေရခြင်း ဖြစ်သည်။
ပထမပုံလောက် မကြည်လင်ပေမယ့် Hive Blockchain ၌ မဖော်ပြဖူးသေးသော နေရာသစ် ပုံသစ် ဖြစ်သောကြောင့် Contest Photo အဖြစ် ရွေးချယ်ပေးခဲ့တာပါ။