မင်္ဂလာပါ...
HF21 အပြောင်းအလဲ စဖြစ်နေပါပြီ။
ဒီနေ့မှာပဲ ကျွန်တော် Account
သက်တမ်းဟာ သုံးလပြည့်ပါပဲ။
သုံးလပြည့်မှာ ဘာတွေ တိုးတတ် ပြောင်းလဲခဲ့လဲ
ထူးထူးခြားခြား ပြောပြစရာ မရှိပါဘူး။
ဒီပို့စ်ကတော့ HF21 စတဲ့နေ့ သုံးလပြည့် မှတ်တမ်း
အနေဖြင့် တင်လိုက်တာပါပဲ။
အောက်ပါပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော့်အကောင့်ဟာ
560.890 SP
444.356 Steem and
0.815 SBD တို့ကို
ပိုင်ဆိုင်နေပါပြီ။ Steem 444.356 ကိုလည်း
#SPUD5 နေ့ မှာ Power Up ပါမည်။
ScreenShot image source
Voting Power သည် Upvote လုပ်ရာတွင် အသုံးဝင်သည့်
အရာ ဖြစ်သည်။ 100% ဖြင့် Vote ပါလျှင် 2% လျော့ကျကာ
အချိန် ၂ နာရီကြာမှ ပြန်ပြည့်ပါသည်။
HF21 မှာ အသစ်တိုးလာသော Down Vote Power သည်
Steemit platform သန့်ရှင်းရေးအတွက် သုံးပေးရမည့်
အရာ ဖြစ်ပါသည်။ ယခင်ကလို Voting Power ကို
မထိခိုက်သည့်အတွက် လွတ်လပ်စွာ သုံးနိုင်ပါမည်။
သို့သော် အသုံးချမှု မှန်ကန်ဖို့ လွန်စွာ အရေးကြီးပါသည်။
ထို Down Vote Power ကို ဘယ်လို အကျိုးရှိရှိ
အသုံးပြုကြပါမလဲ။
Spam, Plagiarism, Copy/paste and Abuse
Post တွေကို Down Vote ပေးခြင်းအားဖြင့်
Steemit platform ကို ကူညီရာ ဖြစ်စေပါတယ်။
Resource Credits သည်ကား HF20 တုန်းက
ပါလာသည့်အရာ ဖြစ်သည်။ ၎င်းမှာ Post, Comment/reply, Vote and Transation တို့အတွက် အသုံးဝင်
သောအရာလည်း ဖြစ်သည်။ SMTs များ ထွက်လာလျှင်
Resource Credit Delegation လုပ်ရာမှ အကျိုး
တစ်စုံတစ်ရာ ထပ်မံရရှိဦးမည်ဟု ကြားသိထားရသည်။
ယခု အချိန်မှာတော့ HF21 သည် ကောင်းကောင်း
အသက်မဝင်သေးပါ။ တစ်ပတ်အတွင်း ပြည့်စုံလာမည်
ထင်ပါသည်။
ဤတွင် Quality Content နှင့် ပတ်သက်၍ Complain
ဖြစ်စာရာတွေ ကြုံလာနိုင်ပါသည်။ English language
မှ Other Languages ကို Quality သိစေနိုင်မည်မှာ
Community Leaders များမှ ကူညီဆုံးဖြတ်ပေးဖို့
သင့်လျော်လိမ့်မည်ဟု ထင်ပါသည်။
လွဲမှားစွာ ပေးမိကြသော Down Vote Problem ကိုလည်း
Community Leaders တို့ သို့မဟုတ် Witness တို့က
ကူညီဖြေရှင်းပေးမှသာ ပြေလည်နိုင်လိမ့်မည်။
မိတ်ဆွေတို့ အနေဖြင်လည်း ဝိုင်းဝန်းဆွေးနွေးပေးကြပါဦး...
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...