မင်္ဂလာပါ။
မိုးရွာတာ နှစ်မနက် ရှိပါပြီ။
မိုးရွာတဲ့ မနက်ခင်းဘက်မှာ အေးမြသာယာရှိလှပါတယ်။
မြေပဲစိုက်မည့် တောင်သူတွေ ကတော့ မိုးရေ ရလို့ ပျော်ကြပါပြီ။
မိုးရေ ရလျှင် အဆင်သင့် စိုက်ပျိုးနိုင်ရန် မြေသားကို ထွန်ယက် ပြုပြင်ထားကြပါသည်။
ဒီရက်တွေ ရွာတဲ့ မိုး ဖြင့် ဆိုလျှင် သီးနှံတွေ အညှောက်ပေါက်ကာ အရွက်နုများ ဝေဆာလာပါလိမ့်မည်။
ကျွန်တော်သည်လည်း ဤဒေသမှ တောင်သူများကို မှီခိုကာ အလုပ်လုပ်ကိုင်နေရသည် ဖြစ်သောကြောင့် တောင်သူတွေ သီးနှံကောင်းကောင်း များများ ရစေလိုပါသည်။
မနေ့က နေ့ခင်းဘက် လယ်ယာကွင်းဘက် ရောက်စဉ်ခဏ အမိအရ ဓာတ်ဖမ်းခဲ့ရသေးသည်။
ကြည်လင်သော စိတ်ဖြင့် သဘာဝအလှ ကို ခံစားကြည့်သောအခါ သဘာဝရှုမြင်ကွင်းသည် သာယာလှပပြီး ငေးမေးဖွယ် ဖြစ်နေပါတော့သည်။
တိမ်တွေ၏ အလှကို မိုးရာသီမှာ ပေါပေါများများ ကြည့်ရှုခံစားနိုင်ပြီး မိတ်ဆွေတို့ ဘဝ သာယာငြိမ်းအေးပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။