မင်္ဂလာပါ။
ဒီရက်ပိုင်း လူက ယောင်တောင်တာင်နဲ့ အချိန်တွေ ကုန်လွန်တာ မြန်နေသလိုပဲ။
လုပ်ငန်းတွေ ပြီးမြောက်မှု နည်းပါးသကဲ့သို့ ဝင်ငွေလည်း လျော့ပါးနေပါတယ်။
HIVE ဈေးကလည်း နိမ့်ပါးနေသေးတော့ ပလုပ်တုပ်ကောက်ရမလား စိတ်ကူးမိတယ်။
Telegram Airdrop တွေကလည်း Hot ဖြစ်နေတော့ လိုက်လုပ်ရမလား စိတ်ထဲ ထည့်ကြည့်နေတယ်။
Airdrop ကောက်လျှင် Referral ရှာရမှာကိုတော့ အလွန်ပျင်းသကဲ့သို့ အကျွမ်းတဝင်လည်း မဖြစ်ဘူး။
ကဲ ဒီတော့ ဘာဆက်လုပ်ရမလဲ။

ဝေခွဲမရ စိတ်တွေကို ခဏ အသာထားပြီး လုပ်နေကြအတိုင်း Hive Blockchain မှာ post တင်ရဖို့ ကြိုးစားရပါတယ်။

ရှုတ်ထွေးနေသော အတွေးတွေထဲမှာ စိတ်ကူးစိတ်သန်းကောင်းကောင်းရဖို့ မလွယ်ကူပါဘူး။
ဒါကြောင့်သာပဲ ဒီနေ့မှာတော့ ပန်းလှလှလေးတွေ ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပန်းလှလှလေးတွေ ကြည့်မြင်ရတော့ စိတ်ငြိမ်းအေးသာယာမှုတော့ ရနိုင်မယ် မဟုတ်လား။

မိတ်ဆွေတို့ရော ဘယ်မှာ ဘာတွေ လုပ်နေကြပြီး အဆင်ပြေနေကြပါသလဲ။