လျှ ပ် စ စ် မီ တာ
မီတာခတွေလို ကိုယ်က ဈေးမတက်ချင်ပါဘူး
မီတာခတွေကို ကိုယ်က လေးစားမိတယ်
လျှပ်စစ်ဓာတ်အားက မမှန်ပေမယ့်
ကိုယ့်မေတ္တာ တရားက ကမ္ဘာကြီးအတွက် မှန်တယ်
အိမ်သုံးလျှပ်စစ်မီတာပုံးဟာ အရင်တုန်းက အိမ်ထဲမှာ
အခု အိမ်သုံးလျှပ်စစ်မီတာပုံးဟာဓာတ်တိုင်ထိပ်ဖျားမှာ
မိုးရွာလည်း ပျက် လေလာလည်း ပျက် နဲ့
ကိုယ်တို့ဟာ အမဲဖျက် ခံနေရပါပြီ
တစ်နေ့ တစ်နေ့
တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် ချစ်ခြင်းမေတ္တာကို မှ
မလင်းချင်တော့လည်း အမှောင်ကျလိုက်ပါ
လျှပ်စစ်မီတာခတွေ ကို သာ ဓုေ ခါ် လို က် ပါ တ ယ် ။ ။
ကို ကျူး