မအေးသောင်း
စက်ဘီးကလေးနင်းရင် မင်းမောမှာ
အသက်ကလေးနှင်းယှဉ် မင်းသဘောပါ
ရတက်မအေးမင်းအထင် ဆင်းတော့ကွာ ။
မောင်ရင်ခန့် သို့ အားကျခြင်း ၁
စက်ဘီးကလေး အပြေးနင်းမယ်
တစ်ရက်ကလေး အဆွေးမပျင်းဘွယ်
တစ်ချက်ခြင်း အရေး အလေးသတင်းကွယ်
မနက်ခင်းတေးက စ မယ် ။
ဆရာ မောင်ရင်ခန့်သို့ အားကျခြင်း ၂
နှူတ်ခမ်းကလေး စူကာ တစ်မျိုးကွယ်လို့
အဟုတ် အလွမ်းအဆွေး မြှူကာ ဆိုးတယ်
မထင်လိုက်ပါနဲ့ ။
အေးသောင်းရယ်
ကျူပ် ဝရမ်းပြေး ဆိုတာ မင်း မမြင်လိုက်ပါနဲ့ကွယ် ။
ဆရာမောင်ရင်ခန့်သို့ အားကျခြင်း ၃
ကြာဖြူ ရေ
ကြာဖြူရေ ။
ကြာပန်းကလေး လို လေ
ဘဝ မနွမ်းတေးဆိုမလေ ။
မင်းအပြုံးကလေးတွေ ထာဝစဉ်ရှိတယ်
လင်း အဆုံးတေးတွေ မညာချင်မိတယ် ။
မင်း အပြုံးကလေးက
ကြာလေလေ လှတယ် ။ ။
ပြာလွင်နေတဲ့ အချစ်များ
ရာဇဝင် တွင်ရစ်စေသား ။
မျက်ဝန်းပြာ ညို့အကြည့်မယ်
အသက်မွန်းကာ တို့ သိတယ် ။
မင်း အဆင်းအလှကိုမှ
အတင်း အရ လိုချင်တယ်
ကွယ်.......
အချင်း နှမ နားလည်နိုင်ပါစေ ။ ။
ဆရာမောင်ရင်ခန့်သို့ အားကျခြင်း ၎
အခြားတပါး အရာ မကြောင့်ကျစေချင်တယ်
ဝါးတံတား လေးမှာ စောင့်နေမယ်
အနားနားလေးလာ မောင့်ကိုကွယ် ။
မောင်ရင်ခန့်သို့ အားကျခြင်း ၅
တိုင်ကလေးကွယ်ကာ တူတူရေ ဝါး
မှိုင်ငေးမရွယ်သာ ပူထူသလေ အမှား
စတိုင်အရေးမလွယ်ပါ ငြူစူလေသလား ။
မောင်ရင်ခန့်သို့ အားကျခြင်း ၆
ကိုကျူး