သောကနှင့် ကွေကွင်းလိုလျှင် ဒေါက်တာ အောစလား
အတိုင်း တစ်နေ့စာပဲနေပါ။ နောင်ရေးကိုတွေးပြီး လူးလိမ့်မနေပါနှင့်။ မိုးလင်းက
အိပ်ရာဝင် အထိသာနေပါ။
၂။ နောက်တစ်ခါများ သင့်ထံသို့ ဒုက္ခက သောင်းကျန်းသူပမာ
ဘ် နှင့် တေ့၍ ချောင်ပိတ်ပြီး နှံမည်ဆိုလျှင် ကာရီယား၏ နည်းကလေးကို
Bည့်ပါ။ နည်းကလေးကတော့
(က) သင့်ကိုယ်သင်မေးကြည့်ပါ။ 'ကဲ ကဲ သည်ကိစ္စမှာ ငါမအောင်
မြင်ရင် နောက်ဆုံး ဘယ်အခြေအထိ ရောက်မှာတဲ့လဲ”
အဆိုးဆုံးအခြေကို စိတ်ထဲက လက်ခံကြည့်ပါ။ ဘာအရေးကြီး
သလဲ။နောက်ဆုံး သည်ထက်တော့ မဆိုးနိုင်ပါးဟု ဆိုနိုင်ပါစေ။
(ဂ) သည်လို အဆိုးဆုံးအခြေကို လက်ခံနိုင်တဲ့သတ္တရှိပြီး အဲဒီ
အခြေက ဘယ်ပုံတိုးတက်အောင် ကြံဆောင်ရမည်ဆိုသည်ကို
အေးအေးနှင့် စဉ်းစားကြံဆောင်ပါ။
၃။ သောကဆို သည်မှာ အလွန်ဈေးကြီးသည်။ သောကကို
ဝယ်၍ မရ။ ဥစ္စာအပေါင်းတို့ထက် အဖိုးတန်သော ကျန်းမာရေးနှင့် ဝယ်ယူရ
။ ထိုအချက်ကို အမြဲသတိပြုစမ်းပါ။ `သောကကိုမျှ မတိုက်ခိုက်တတ်သော
ငန်းရှင်များသည် အရွယ်ငယ်ငယ်နှင့်ပင် သေဆုံးကြပေမည်'ဆိုသည့် ဒေါက်တာ
ရယ်၏ ဗေဒင်ဟောချက်ကို အမြဲ သတိရမိစေချင်ပါသည်။