Image Source.. ...........................
ကျွန်တော့်နာမည်"ဂျူ လိုင်" ။ ကျွန်တော့်ဘ၀အတွက် အရေးပါဆုံးလူတစ်ယောက်က ကျွန်တော့်မွေးသမိခင်ကျေးဇူးရှင်။ ကျွန်တော့်အမေက ညတိုင်းပုံပြင်လေးတွေပြောပြပြီး ကျွန်တော့်ကို လိမ္မာယဉ်ကျေးလာအောင် ဆုံးမသွန်သင်လေ့ရှိတယ်။ တစ်ခါတစ်လေ
ကျွန်တော့်အမေက ကျွန်တော့်ကိုသူငယ်ချင်းပေါင်း,ပေါင်းတယ်။ ကျွန်တော့်အခက်အခဲ၊ ကျွန်တော့်ပြသနာမှန်သမျှကို အမေပဲလိုက်လံဖြေရှင်းပေးခဲ့ရတယ်၊ ရပ်ကွက်ထဲမှာ ကျွန်ေ်တ်ာရန်ဖြစ်လို့ ရုံးတွေဂတ်တွေရောက်ရင်လည်း အမေပဲ အာမခံနဲ့ထုတ်ပေးရတယ်။
ကျွန်ေ့်တာ့်ဘ၀အတွက် အရေးပါဆုံးအမေ၊ကျွန်တော်တက္ကသိုလ် ပထမနှစ်မှာပဲ အမေဆုံးသွားရှာတယ်။ ကျွန်တော့်မှာ အမေနဲ့ပတ်သတ်လို့ အမှတ်ရစရာဆိုလို့ ဆယ်တန်းမှာဂုဏ်ထူး၃ဘာသာပါလို့ အမေကိုယ်တိုင်ဝယ်ပေးထားတဲ့ ဆိုင်ကယ်လေးတစ်စီးပဲရှိတော့တယ်။
Image Source
ကျွန်တော်က ကျွန်တော့်ဆိုင်ကယ်လေးကို ဆိုင်ကယ်လို့တောင်မမြင်မိဘူး အမေ့ရဲ့ကိုယ်ပွားလေးလို့ပဲမြင်မိတယ်။ ကျွန်တော့်ဆိုင်ကယ်လေးကို ဘယ်လောက်ထိမြတ်နိုးလဲဆိုရင် နည်းပညာတက္ကသိုလ် ပထမနှစ်ကနေ အခု ကျွန်တော်ဘွဲ့ရပြီးလို့ လုပ်ငန်းခွင်ဝင်နေတဲ့အထိပဲ ဆိုပါတော့ဗျာ။ အမေက ကျွန်တော့်ကို ထူးချွန်ထက်မြက်တဲ့ အင်ဂျင်နီယာကြီးတစ်ယောက် သိပ်ဖြစ်စေချင်တယ်။ အမေ့အိပ်မက်ကို ဖြည့်ဆည်းတဲ့အနေနဲ့ ကျွန်တော်အစွမ်းကုန်ကြိုးစားတယ်။ နှစ်တိုင်း ကျွန်တော်ပဲ roll-1 ရခဲ့တယ်။ ဘွဲ့ရတော့လည်း ကျွန်တော်ပဲ ထိပ်ဆုံးက roll-1 နဲ့အောင်ခဲ့တာပေါ့ဗျာ။ ကျနော်ရခဲ့တဲ့ ဘွဲ့က မြို့ပြအင်ဂျင်နီယာဘွဲ့၊ BE(Civil) ၊ ME ဆက်တတ်လို့ရနိုင်ပေမယ့် ကျွန်တော့်မိသားစု အခြေအနေကို ငဲ့ကွက်ပြီး ကျွန်တော် ME ဆက်မတတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ BE ဘွဲ့ကိုတောင်မှ အကုန်အကျသက်သာအောင်လို့ အဝေးရောက်ဘွဲ့ပဲ ယူခဲ့ရတယ်။
Image Source
ဘွဲ့လက်မှတ်တော့ရပြီ။ စားဝတ်နေရေးအတွက် အလုပ်ရှာရပေဦးမည်။ အင်ဂျင်နီယာကျောင်းသားအားလုံးရဲ့အိပ်မက်က "Super Land " company တွင် အလုပ်ရရှိရေးဖြစ်သည်။ "Super Land" company က နံပါတ် ၁ အကြီးမားဆုံး ဆောက်လုပ်ရေး company ကြီးတစ်ခုဖြစ်သည်။ ဒီ company မှာ အလုပ်ရဖို့အတွက်ဆို လူတိုင်းက ဘာမဆို စွန့်လွှတ်ကြဖို့ဝန်မလေးကြပါ။ ကျွန်တော်အခု ဘွဲ့တစ်ခုရခဲ့ပြီ။ အဆင့်တစ်နဲ့ အောင်ခဲ့တာမို့ မျှော်လင့်ချက်တော့ရှိသည်။
Image Source
ကျွန်တော် CV form တင်ခဲ့ပြီ။ company ကဖုန်းဆက်မယ့်အချိန်ကို မျှော်ရပေဦးမည်။ cv form တင်ထားတာ တစ်လပြည့်ပြီ ၊ ခုထိ company က ဖုန်းမဆက်သေးပါ။ ထိုတစ်လအတွင်း အိမ်အလုပ်ကိစ္စတွေ လုပ်ရင်းနဲ့သာ အချိန်တွေကုန်ဆုံးခဲ့ရသည်။ မနက်ပိုင်းဆိုလျှင် အမေ၀ယ်ပေးထားသော ဆိုင်ကယ်လေးကို စီးကာ ဈေးသွား ဟင်းသီးဟင်းရွက်တွေဝယ် ထမင်း၊ဟင်းချက်၊်၊ ပြီးရင် ညီလေးကျောင်းသွားဖို့ ထမင်းချိုင့်ပြင်ပေးရတယ်။ ကျွန်တော့်မှာ အိမ်ရှင်ထီးကြီးဖြစ်လို့။ ဒီကြားထဲ မနက်ပိုင်းဈေးဝယ်ထွက်ရင် လမ်းထိပ်က တေလေကြမ်းပိုး လေးတွေက
"အဲ့ကောင် အလကားပါကွာ၊ ဘွဲ့ရအလုပ်လက်မဲ့ပဲ၊ ဘာမှအထင်ကြီးစရာ မရှိဘူး" ဟု မကြားတကြားပြောလေ့ရှိသည်။ ကျွန်တော်မကြားချင်ယောင်ဆောင်ကာ ဆိုင်ကယ်ကို ဆက်ပြီးမောင်းခဲ့သည်။ ကျွန်တော်ငယ်ငယ်တုန်းကစိတ်နဲ့သာဆိုရင် ဒီကောင်တွေ အရေခွံဆုတ်ပြီးတာကြာပြီ။
Image Source
"Super Land" company မှ ဖုန်းမဆက်တာ ဒီနေ့နဲ့ဆို သုံးလတိတိပြည့်သွားပြီ။ ကျွန်တော့်လို Fresh Graduate တစ်ယောက်ရဲ့ CV Form ကို cancell လုပ်လိုက်ပြီထင်ပါရဲ့ဗျာ။ သူတို့ company မှာက ကျွန်တော့်ထက်အများကြီးသာတဲ့ ၊ သူတို့ company မှာ အလုပ်ရဖို့အပြိုင်ကြိုးစားနေတဲ့ နိုင်ငံခြားပြန်အင်ဂျင်နီယာကြီးတွေ ပေါမှပေါပဲဗျ။ ကျွန်တော်တခြားအလုပ်တွေ ရှာကြည့်ပါဦးမယ်။ ဘွဲ့ရအလုပ်လက်မဲ့လို့ အပြောခံရတာ ကြာတော့ရှက်လာပြီဗျ။
အပိုင်း-၂ ဆက်ရန်.......
(ယခုရေးသားထားသော ဇာတ်လမ်း မှာ စိတ်ကူးယဉ်ဇာတ်လမ်းမျှသာဖြစ်ပါသည်။ )
MSC-040