မြင်းခြံမြို့မှ တန်ခိုးကြီးဘုရားများဟု ဆိုလိုက်သည်နှင့် စွန်းလွန်းဆရာတော်ဘုရားကြီး၏ကျောင်းဆောင်ကို ပြေးမြင်မိသည်မှာ အမှန်ပင်ဖြစ်သည်။မြင်းခြံမြို့တွင်သာ
စွန်းလွန်းဆရာတော်ဘုရားကြီး၏ မပုပ်သိုးမပျက်စီးသေးသည့်ရုပ်ကလာပ်တော်အစစ်ကို ဖူးမြော်နိုင်ပါသည်။ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်မှာ နှစ်ကြာရှည်သော်လည်းမပျက်စီးသေးသည့်အပြင် ဦးခေါင်းတော်မှ ဆံပင်လေးများအသစ်ပေါက်လာသည့်အပြင် ခြေသည်းလက်သည်းလေးများ ရှည်ထွက်လာသဖြင့် ညှပ်ပေးရသည်ဟု ကြားသိရပါသည်။ထို့ကြောင့် သက်ရှိထင်ရှား ရဟန္တာတစ်ပါးကို ဖူးမြော်ခွင့်ရသကဲ့သို့ ခံစားရစေပါသည်။
စွန်းလွန်းဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း
ဘွဲ့တော်=ဦးက၀ိ
လူအမည်=ဦးကျော်ဒင်
အဖအမည်=ဦးသန့်
အမိအမည်=ဒေါ်တုတ်
ဇနီးအမည်=ဒေါ်ရွှေရီ
သားအမည်=မောင်ကံညွန့်
🌿🌿🌿
မြန်မာသက္ကရာဇ် ၁၂၃၉ ခု-တပေါင်းလဆန်း (၂)ရက်တနင်္လာနေ့ မနက် ၃နာရီကျော်တွင် ဖွားမြင်တော်မူသည်။
🍃🍃🍃
မြန်မာသက္ကရာဇ် ၁၃၁၄ခု-ကဆုန်လပြည့်ကျော်(၉)ရက်
စနေနေ့ညနေ ၄ နာရီ ၄၅မိနစ်ခန့်တွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။
ကျေးဇူးရှင် စွန်းလွန်းဆရာတော်ဘုရားကြီး၏ မှတ်တမ်း
☀၁၂၈၂ခု-၀ါဆိုလပြည့်ကျော်(၁၃)ရက်တွင် ပထမတရားထူးရခဲ့သည်။
☀၁၂၈၂ခု-၀ါခေါင်လပြည့်ကျော်(၁၃)ရက်နေ့တွင် ဒုတိယတရားထူးရတော်မူသည်။
☀၁၂၈၂ခု-တော်သလင်းလပြည့်ကျော်(၁၃)ရက်နေ့တွင် တတိယတရားထူးရတော်မူသည်။
☀၁၂၈၂ခု-သီတင်းကျွတ်လပြည့်ကျော် (၁၃)ရက်နေ့တွင် စတုတ္ထတရားထူးရတော်မူသည်။
သက်တော်=၇၅နှစ်
ဝါတော်=၂၈ ၀ါ
ထားရှိအပူဇော်ခံသည့်နှစ်ပေါင်း=၆၄နှစ်
ဆရာတော်ဘုရားကြီး၏ သြ၀ါဒ
"ချမ်းသာကို လိုချင်ကြလျှင် အမိနှင့်အဖကိုသတ်၊ တိုင်းပြည်အုပ်ချုပ်တဲ့ ပြည့်ရှင်မင်းကြီးနှစ်ပါးကိုသတ်၊ သူလျှိုတစ်ကျိပ်နှစ်ယောက်ကိုသတ်က ချမ်းသာပါရော။ သို့သော် မိဘနှစ်ပါးကတော့ ကျေးဇူးကြီးလှ၍ တစ်ကြိမ်သတ်ရုံနှင့် မသေနိုင်။ လေးကြိမ်ကိုယ်တိုင်သတ်မှသေသည်။ မိဘနှစ်ပါးဆိုတာ တဏှာနှင့်မာနကို ဆိုသည်။ ပြည့်ရှင်မင်းကြီးနှစ်ပါးဆိုတာ သဿဿ
တဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိကို ဆိုသည်။ သူလျှို တစ်ကျိပ်နှစ်ယောက်ဆိုတာ အတွင်းအာယတနခြောက်ပါး၊ အပြင်အာယတနခြောက်ပါးကို ဆိုသည်။အဲ....ချမ်းသာကိုလို၍ သတ်ကြပါမူ စန္ဒဂုတ်မင်း စစ်တိုက်သကဲ့သို့ အတွင်းအာယတနခြောက်ပါး ၊ အပြင်အာယတနခြောက်ပါး ရှိသည်တွင် အပြင်အာယတနခြောက်ပါးကို ဦးစွာသတ်ရမည်။ ။"
(ဆရာတော်တရားကျင့်ကြံသော က၀ိလောကမြေလှိုဏ်ဂူတော်)
လက်တွေ့တရား
"တရားအားထုတ်တယ်ဆိုတာ လက်တွေ့လုပ်နည်းကတော့ ထိမှု-သိမှု- ထိုနှစ်ခု သတိကြပ်ကြပ်ပြု ဆိုသည့်အတိုင်း၊ ထိမှု-သိမှုပေါ်မှာ သတိထားနေရုံပါပဲ။မိမိ၏ ခန္ဓာယ်ကို မိမိသုံးသပ်နေတယ်။အဲဒါဟာ သမ္ဗသနဥာဏ်လို့ ခေါ်တယ်။ကျန်ဥာဏ်များဟာ သူ့သဘောအတိုင်း သူပေါ်လာပါလိမ့်မည်၊ပေါ်လာတော့ မြင်ရပါလိမ့်မည်၊ မြင်တော့ သိပါလိမ့်မည်။အဲဒီလို ကိုယ်တိုင်မြင်ရ၊ကိုယ်တိုင်သိတော့ မည်သူက ပြောပေးစရာလိုသေးသတုန်း။ကိုယ်တိုင်သိနေပြီပဲ။ဥပမာ- ငရုတ်သီးကို ထက်ပိုင်းချိုးပြီး လျှာကိုပွတ်လိုက်ပါ၊ ငရုတ်သီးစပ်ကြောင်းကို မည်သူကမျှ ပြောပေးစရာမလို ကိုယ်တိုင်သိနေပြီမဟုတ်လား။
(ထိ၊ သိ၊ သတိ )ကို သေချာစွာ နားလည်အောင် လေ့ကျင့်သုံးပါ။ တရားထူးရပါလိမ့်မည်။
နိဗ္ဗာန်နိရောဓသစ္စာတရားကို တကယ်ရရှိ သိမြင်ဖို့က အလွန်ပြင်းထန်တဲ့ ဇွဲသတ္တိမျိုးနှင့် ဇောစိတ်အရ ဇွဲသန်သန် အဆင့်မြင့်မြင့် တရားအားထုတ်မှသာ တရားထူးကို တကယ်ရရှိ သိမြင်နိုင်တယ်ဆိုတဲ့ အဓိက လိုရင်းသတိပေးချက်ပါပဲ။ ကြိုးစားကြပါ။
တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်အလိုနှင့် အဓိဋ္ဌာန်ပြီးဘယ်အချိန်ထိ ငါ အားထုတ်မည်ဟု အချိန်ကိုတော့ မပိုင်းပါနှင့် ၊ စွမ်းအားရှိသမျှ အားထုတ်ပါ။ ။ "
"ထိမှု-သိမှု၊ ထိုနှစ်ခု ၊ သတိကြပ်ကြပ်ပြု ။
ထိတော့ သိလာလိမ့်မယ် ။သိလာတဲ့အပေါ် သတိထား "
အကျဉ်းချုပ်ဆိုရသော် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းသို့
တစ်ခေါက်တစ်ခါမျှ သွားရောက် ဖူးမြော်သင့်ပါကြောင်း တိုက်တွန်းချင်ပါသည်။ ။
ကျမ်းကိုး>>ဆရာတော်ကြီး(၁၄)ပါး၏ ၀ိပဿ နာသြ၀ါဒများနှင့်သံသရာထွက်လမ်း