Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံးမင်္ဂလာပါ။
ကျွန်တော်စာလည်းမရေးဖြစ်တာကြာခဲ့ပြီ။ ခုမှပြန်ပြီရေးဖြစ်တာပါ ဘာရေးရမှန်းလည်းတွေးမထိတော့ဘူး။ အဲ့လိုတွေးမရအောင်လည်း အကြောင်းအရာများက ကျွန်တော်ခေါင်းထဲ ရှုပ်ထွေးနေမိတယ်။ တခါတလေ လူတွေက ခင်မင်မှု့နှင့် အခွင့်အရေးပေးမှု့တွေကို အသုံးချပြီ တဦးအပေါ်တဦး လိမ်လည်လှည့်ဖျားမှု့တွေလုပ်တတ်ကြတယ်။ လူတိုင်းက ခင်မင်လာပြီဆို အလိုလို ခင်မင်လာတဲ့သူတွေအပေါ်မှာ အားနာတတ်တဲ့စိတ်တွေက ဖြစ်ပေါ်လာတာ များပါတယ်။ ဒါကိုဘဲ လူတွေက အခွင့်ကောင်းယူပြီ အသုံးချတတ်ကြတယ်။ ဒီလူက အားနာတတ်တာဘဲ ငါပြောရင် သဘောတူမှာပါဆိုပြီ အစရှိသဖြင့် ခိုင်းစေတတ်ကြတယ်။
ခင်မင်မှု့အရ ငွေလေးချေးပါအုံးလို့ ဘာတို့ ဖြစ်လာတတ်ကြတယ်။ ခင်မှု့အရ အားနာပြီ ချေးလိုက်တာကို အခွင့်ကောင်းယူပြီ မတောင်းမခြင်းကိုလည်း မေ့မေ့ပျောက်ပျောက် နေတတ်ကြသူများလည်း အများကြီးပါ။ ငွေဆိုတဲ့အရာမျိုးက လူတိုင်းတိုင်းလိုလို လိုအပ်တဲ့အရာ တခုပါဘဲ။ လိုအပ်လို့ သူတပါးဆီက ချေးပြီရင် သူတပါးရဲ့ လိုအပ်မှု့ကိုလည်း ပြန်လည်း ဖြည့်ဆည်းပေးတတ်ရမှာပါ။ ဒါကို တကိုယ်ကောင်းဆန်တဲ့ စိတ်နှင့် ငါ့လိုအပ်ချက်ပြည့်ပြီဆိုပြီ တပါးသူရဲ့ လိုအပ်ချက်ကို မေ့ပျောက်ပစ်တတ်ကြတယ်။ ယူရင် ပြုံးပြုံး တောင်းရင် မုန်းမုန်း ဆိုတဲ့ အကြွေးရှင်တို့ စကားလေးအတိုင်းဘဲ ယူတဲ့အချိန်ကျရင် မျက်နှာက ရွှင်ပြုံးလို့နေပြီ လိုအပ်လို့ ပြန်တောင်းရင်တော့ ဘယ်တုန်းက ယူမိသလဲကအစ ပြန်ပြီ ပြောပြနေရတယ်။
money make everything ဆိုတဲ့အတိုင်း ပိုက်ဆံက လူဘောင်ထဲမှာ 90% ပြောင်းလဲပစ်နိုင်တယ်။ ပိုက်ဆံကြောင့် ခင်မင်မှု့တွေ ပျက်တတ်ကြ ပိုက်ဆံကြောင့် မနာလိုမှု့တွေ ဖြစ်တတ် မလိုမုန်းတရားဖြစ်ပြီ လူအချင်းချင်း သတ်ဖြတ်ခြင်းတွေ အထိ ဖြစ်တတ်ကြပါတယ်။ နေ့စဉ်တွေ့နေဖတ်နေရတဲ့ fb သတင်းတွေ သတင်းစာတွေမှာ အကြွေးတောင်းရာကနေ ရန်ဖြစ်ကြ ဓါးခုတ်မှု့ဖြစ်ကြတာတွေ စသဖြင့် ဖြစ်ပျက်နေသောအရာတွေက ပိုက်ဆံကြောင့်တွေပါဘဲ။ ဒီလိုပါဘဲ သူငယ်ချင်း မိသားစုအချင်းချင်းကြားမှာလည်း ငွေကြေးကြောင့် ခင်မင်မှု့တွေ ပျက်ဆီးရတတ်ပါတယ်။ တဖက်သူငယ်ချင်းက ခင်မင်တာကို အခွင့်အရေးယူပြီ ချေးငှါး ပြန်မပေးတော့ ကြာလာတာနှင့်အမျှ မည်မျှပင် ခင်နေပါစေ ထိုသူငယ်ချင်းမှာ မိမိအပေါ် ခင်မင်မှု့လျော့နည်းလာမှာ အမှန်ပေ။
လူကိုခင်ရင် ပိုက်ဆံမချေးပါနှင့် ထိုစကားလေး ကြားဖူးကြမှာပါ။ အမှန်ပါဘဲ တကယ်ကို ခင်မင်မှု့ကို ပျက်ဆီးစေတာ ထိုပိုက်ဆံပါဘဲ။ ထို့ကြောင့်ခင်မင်မှု့ကို တန်ဖိုးထားသူတိုင်း အားနာလိုဆိုပြီ ပိုက်ဆံမချေးပါနှင့်။ ခင်မင်မှု့ကြား ငွေကြေးပါလာပြီဆို ထိုခင်မင်မှု့လည်း ကြာရှည်ခံမည်မဟုတ်ပေ။ တဦး စေတနာ တဦးမေတ္တာ ဆိုတဲ့အတိုင်း စေတနာနှင့်ပေးသောအရာများကို မေတ္တာတရားထားကာ လိုအပ်တဲ့အချိန် အပြန်အလှန် ရိုင်းပင်းခြင်းဖြင့် မေတ္တာတရားလွှမ်းခြုံသော ကမ္ဘာကြီးကို ပိုက်ဆံကြောင့်မပျက်ဆီးအောင် ထိန်းသိမ်းပြီ နွေးထွေးသောအိမ်ကလေးဖြစ်အောင် တည်ဆောက်လိုက်ကြပါစို့။
လူသားတိုင်း လူသားတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်း အချင်းချင်း ဟန်ဆောင်လိမ်လည်မှု့ ကင်းဝေးကြပါစေ။
Author ; Htin Lin Aung ( MSC 016 )
photo by google & facebook