ကျွန်တော်ဆောင်းပါး တပုဒ်ရေးပြီရင် နောက်တပုဒ်ရေးဖို့ကို တော်တော်လေး အတွေးခြောက်ရပါတယ်။ တပုဒ်ရေးလိုက် နောက်တပုဒ် ဘာရေးရမလဲ စဉ်းစားလိုက်နဲ့ ခေါင်းပေါ်မှာ ဆံပင်ဖြူတွေ ထိုးထောင်ထွက်ကုန်ပါပြီ။ ဒီနေ့လည်း မိုးရွာနေလို့ အလုပ်ပါးတုန်းလေး ဘာဆောင်းပါးလေး ရေးရင် ကောင်းမလဲလို့ စဉ်းစားနေရင်း မနေ့က ကျွန်တော်ရေးခဲ့တဲ့ အစပျိုးလေး ကောင်းစေချင် ဆောင်းပါးလေးမှာ အစ်ကိုတယောက် လာမန့်ထားတာလေး သတိရသွားတာနဲ့ ချရေးဖြစ်သွားတာပါ။ မနေ့က ဆောင်းပါးလေး ရည်ရွယ်ချက်က အစလှမ်းသော ခြေလှမ်းလေး ကောင်းပြီ စ လယ် ဆုံး အကောင်းဆုံး ကြိုးစားဖို့ရည်ရွယ်လိုက်တာပါ။ စ လယ် ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ဆိုတာ အစ်ကိုမန့်သွားသလို ဇွဲရှိရမယ်။ ဇွဲကောင်းဖို့လိုပါတယ်။
ကျွန်တော်တို့ လူသားတွေဟာ ဘယ်အရာလုပ်လုပ် အောင်အောင်မြင်မြင် ဖြစ်ချင်ကြတာကြီးဘဲ မဟုတ်လား။ လောကနိယာမအရ အောင်မြင်မှု့ တခုလိုချင်ရင် ထိုအောင်မြင်မှု့ နှင့် ထိုက်သင့်သလောက် ကြိုးစားအားထုတ်မှု့တော့ လိုအပ်ပါပေလိမ့်မယ်။ အနာခံမှ အသာစံရမယ်ဆိုသော ဆိုရိုးစကားများလည်း ရှိခဲ့ကြတာဘဲ။ လူရယ်လို့ ဖြစ်လာပြီဆိုကတည်းကိုက လူ့လောကကိုရလို့ ကံကောင်းတယ် ဆိုပေမဲ့ လူ့ဘဝခရီးလမ်းက ရေကန်သင့် ကြာသင့် ခရီးဖြစ်ဖို့ လွန်စွာ ခက်ခဲ့ပါသည်။ လူ့ဘဝခရီးလမ်းဆိုတာ ပန်းခင်းသောလမ်း ဖြစ်ဖို့ထက် ဆူးခင်းသောလမ်း ဖြစ်ဖို့က ပိုများပါသည်။ လောကက ပေးသော လောကဓံတရားကို လူတိုင်းရင်ဆိုင်ကျော်ဖြတ်ကြရမှာပါ။
ကြုံလာတဲ့ လောကဓံတရားကို မကြောက်မရွံ ရဲရဲတင်းတင်း ရင်ဆိုင်နိုင်မှသာလျှင် လူဖြစ်ရကျိုး နပ်ပေလိမ့်မည်။ ထိုသို့ ရင်ဆိုင်နိုင်ဖို့ဆိုလျှင် ဇွဲ လုံလ ဝိရိယ အလွန်ကောင်းဖို့ လိုအပ်ပါသည်။ ဇွဲမကောင်းဘဲနဲ့တော့ လောကဓံတရားကို ရင်ဆိုင်ဖို့ နေနေသာ ဘယ်အလုပ်ကိုမျှ ပြီမြောက်အောင်မြင်နိုင်မည် မဟုတ်ပေ။ တနည်းအားဖြင့် ဇွဲသည် လူတစ်ယောက်၏ စိတ်ဓါတ်ခွန်းအားနှင့် တူသည်ဟု ကျွန်တော်ထင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဘယ်အလုပ်ကိုမဆို စိတ်က ဦးဆောင်လုပ်မှသာ လုပ်ဖြစ်တာပါ မအောင်တော့လို့ စိတ်ဓါတ်ကျလိုက်ရင်ဖြစ် ထိုအလုပ်ပြီမြောက်တော့မည်မဟုတ်။ ဒါဟာ ဇွဲလျော့လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေ အလုပ်တခုစလုပ်တော့မယ်ဆိုရင် ပထမဆုံး အကောင်းဆုံးခြေလှမ်းနှင့် စတင်ပြီ အလယ် မှနေ အဆုံး ထိုခြေလှမ်းတိုင်း ဇွဲကောင်းကောင်းနှင့် ဆက်၍လျှောက်သင့်ပေသည်။
ကျွန်တော်တို့ ငယ်ငယ်က ကျောင်းသင်ခန်းစာတွေမှာ သင်ခဲ့ရသော ပုံပြင်လေးတပုဒ်တပုဒ်ရှိပါသေးတယ်။ ယုန်နှင့်လိပ် အပြေးပြိုင်ပွဲ ဆိုပြီ ဇွဲမရှိသောယုန် ပန်တိုင်ကို ဦးစွာရောက်နိုင်ပေမဲ့ ပျင်းရိပြီ လမ်းတဝက်မှာ ရပ်နားခဲ့လို့ ဇွဲကောင်းပြီ တရွေ့ရွေ့သာလျှောက်လှမ်းခဲ့သော လိပ်က အနိုင်ရရှိခဲ့ပါသည်။ ထိုပုံပြင်လေးက ကျွန်တော်တို့တွက် သင်ခန်းစာအများကြီး ရရှိလိုက်ပါတယ်။ လိပ်ကလေးသည် သူနှင့်မည်သို့မျှ အပြေးမယှဉ်နိုင်သော ယုန်ကို ကြောက်ရွံခြင်းမရှိ ဇွဲသတ္တိတခုတည်ူဖြင့်သာ ရင်ဆိုင်အနိုင်ယူခဲ့တာပါ။ ကျွန်တော်တို့တွက် လောကဓံတရားကြီးက မည်မျှပင် ခက်ခဲကြမ်းတမ်းနေပါစေ မလျှော့သောဇွဲနှင့် အကောင်းဆုံး ကြိုးစားရင်ဆိုင်မယ်ဆိုရင် မကျော်ဖြတ်နိုင်စရာ မရှိပါဘူး။ ကြိုးစားလျှင် အတုမရှိသော မြတ်စွာဘုရားတောင် ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့၏ မြတ်စွာဘုရားကိုယ်တော်တိုင် သက်သေပြခဲ့ပါပြီ။ အခုကျွန်တော်တို့ လျှောက်လှမ်းနေသော steemit platform ကြီးလည်း အတော်အသင့် ခရီးရောက်ခဲ့ကြပါပြီ။ ခုချိန်ထိ ဆောင်းပါးတွေရေးပြီ ဇွဲကောင်းသော Admin များနှင့် လူဟောင်းအနည်းငယ်မျှသာ ကျန်ပြီ လူသစ်များ များပြားလာပါတာတွေ့ရပါတယ်။ ဇွဲမလျော့သော Admin များနှင့် MSC အဖွဲ့ဝင်များ ကြိုးစားမှု့ဖြင့် ထိုက်သင့်သော အောင်မြင်မှု့များကို ခံစားနေရပါပြီ။ ထိုအောင်မြင်မှု့ကလည်း ဇွဲ ရှိခြင်း အကျိုးကျေးဇူပါဘဲ။
"တနေ့တလံ ပုဂံဘယ်မလှမ်း" ဆိုသော စကားပုံလေးကလည်း တနေ့ကို တလံမျှ လမ်းလျှောက်ရုံဖြင့် ပုဂံပြည်ကြီူသို့ ရောက်နိုင်ကြောင်း ဇွဲ လုံ့လ ကိုယ်စားပြု စကားပုံလေးဖြစ်ပေသည်။ ဘဝဆိုတာ တိုက်ပွဲတခုလိုပါဘဲ။ ကိုယ်လိုချင်သော ပန်းတိုင်ကို ရောက်ဖို့ လမ်းတွင်ရှိသော အခက်အခဲများ ခလုတ်ကန်သင်းများ ခယောင်းတောများကို မလွဲမသွေ ရင်ဆိုင်ကြရမှာပါ။ ထိုသို့ရင်ဆိုင်ရာတွင် ခလုတ်တိုင်လို့ လှဲမနေဘဲ ပြန်၍ထပြီ ခယောင်းတောထဲကိုလည်း ဇွဲသတ္တိအရင်းခံပြီ ရင်ဆိုင်ကျော်ဖြတ်ရပေမည်။ ဇွဲကိုအရင်းခံပြီ ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုရင် မကျော်နိုင်စရာ မရှိပေ။ မြန်မာ့သမိုင်းတွင်လည်း နောင်ရိုး တိုက်ပွဲသည် ဇွဲလုံ့လကို အရင်းပြုပြီ တိုက်ခဲ့သော တိုက်ပွဲတခုဖြစ်ပေသည်။ လူသူအင်းအား လက်နက်အင်းအား မမျှတတာကို မမှု့ ဇွဲလုံ့လ ရဲစွမ်းသတ္တိတို့အရင်းခံကာ တိုက်ပွဲဝင်ပြီ အောင်လံထူခဲ့တာပါ။ ထိုကြောင့် မည်သည့်အလုပ်ကိုမဆို အစကောင်းပြီ စလယ်ဆုံး မလျှော့သော ဇွဲ ဖြင့် ရည်ရွယ်ရာပန်းတိုင်သို့ လျှောက်လှမ်းပြီ အောင်ပွဲအလီလီဆင်နိုင်ပါစေ။
Steemit Myanmar Community မှ အဖွဲ့ဝင်များအားလုံး မလျှော့သော ဇွဲ ဖြင့် အောင်မြင်မှု့ပန်းတိုင်သို့ လျှောက်လှမ်းနိုင်ကြပါစေ။