ကျွန်တော်သည် အမှတ်မရှိသူဖြစ်သည်။
အမှတ်ဆိုသည်က အမှတ်သည်းခြေ ကို
ဆိုလိုခြင်းဖြစ်သည်။ အချို့သူတို့က အမှတ်သည်းခြေ
အားကြီးသည်။ အမှတ်သည်းခြေကြီးသူ
ကိုလည်း၊ အမှတ်သည်းခြေ ကြီးလိုက်တာ ဟူ၍
လည်းပြောဆိုတတ်ကြသည်။
ကျွန်တော်လို လူမျိုးကိုတော့ အမှတ်နည်းချက်
က။ အမှတ်နည်းတာကို နည်းတောင် နည်းသေး
ဟု ပြောကြအုံးပေမည်။ ကြီးသူရော၊ နည်းသူရော
အပြောကတော့ မလွတ်ပါဘူး။

အမှတ်သညာဟုလည်း ပြောကြပြန်သည်။
အမှတ်နှင့်ပတ်သက်၍ တော်လောက်ပြီထင်သည်။
ကျွန်တော်ရေးမည့်အကြောင်းအရာက
Exchange Account ဖွင့်ခြင်းဖြစ်ပေတော့သည်။
ထိုသို့ အကောင့်များဖွင့်ပြီး မသုံးပဲပစ်ထားသည်။
မသုံးတတ်၍ ပစ်ထားသည်လည်းရှိသည်။

တနေ့က Binance account ဖွင့်ထားပြီး
ကိုယ့်မှာရှိသော Hive ကို အသွင်းအထုတ်
လုပ်ရာတွင် Hive ကို အသွင်းသာပြုလုပ်ပြီး
ပြလည်မထုတ်ယူနိုင်သေး ပစ်ထားရသည်။

ယခုလည်း Bitget account တခုပြုလုပ်မိ
ပြန်သည်။ ထို အနှီး Bitget သည်က SBD သို့
ငွေအသွင်းအထုတ်ပြုလုပ်သည့်အခါ fee
မပေးရဟုသိရသည်။ ထိုကြောင့် Bitget account
တခုပြုလုပ်မိသည်။ သို့သော် ယခုထိ အောင်မြင်မှု
မရသေးပါ။

သူ့ရဲလုပ်ဆောင်ချက်ကို လိုက်လံပြုလုပ်ရာတွင်
ပြဿနာ အနည်းငယ်ရှိသည်။ မျက်နှာကို ဓာတ်ပုံ
ရိုက်သည့်အခါ သူပြောသည့်အတိုင် ခေါင်းလှုပ်၊
မျက်စိမှိတ်ရသည်။ အဲ့မှာ ကိုယ်တွေက မျက်မှန်
နှင့်မှ သူရေးပြသည့်အတိုင်း ဖတ်ရှု၍လုပ်နိုင်သည်။
မျက်မှန်ချွတ်၍ သူတို့ လုပ်ဆောင်ခိုင်းသည့်အတိုင်း
မလုပ်နိုင်သည့်အခါက အဆင်မပြေတော့ပါ။
Binance တုန်းကတော့ ချော်တော့ငေါ့ပြီ
ရသွားသည်။
အသက်ကြီးပေမယ့် မပျက်စီးသေးပါ ဆိုတာ
ညာတာဗျို့။ ခုတော့ ကျုပ် သိပြီး။
ငယ်ရွယ်သူတွေနဲ့တော့ လိုက်ပြီး မတုနိုင်ပါ။
ကိုယ်စွမ်းသလောက်တော့
ကြိုးစားခဲ့ပါတယ်။
ထိပ်ဆုံးသို့ မရောက်ပေမဲ့
အလယ် အလတ်တော့ မကပါတယ်။
စိတ်သွားတိုင်တော့ လိုက်မလုပ်နိုင်ဘူးပေါ့ဗျာ။
စိုင်းထီးဆိုင်ရဲ့ သီချင်းစားသားနဲ့
အဆုံးသတ်လိုက်ပါသည်ပေါ့ဗျာ။