ဒီအပတ် စနေ၊ တနင်္ဂနွေ သည် ကြာသပတေးမှာ
လစာထုတ်၍ ငွေလေးဖောဖောသီသီရှိသည်။
အားလပ်ရက် မိသားစုတွေ ပျော်စရာခရီးတစ်ခု
ထွက်ကြရအောင်။ ခရီးအဝေးကြီးမဟုတ်ပါဘူး
ကိုယ့်ဝန်းကျင်အနီးအနားပေါ့။ ဆိုင်ကယ်နဲ့ 
မိသားစုလေးပေါ့။ ဟိုတုန်းကတော့ စိုင်းထီးဆိုင်ရဲ့
စက်ဘီးလေး။ စက်ဘီးလေးနဲ့ မိသားစုမှ
ဆိုင်ကယ်နဲ့မိသားစုလေးတွေဖြစ်လာသည်။
ကျွန်တော်တို့တွေ နိစ္စဓူဝအလုပ်တွေလုပ်ပြီး
ငွေတွေရှာနေကြသည်။ တစ်နေ့ တစ်နေ့ စားရေး
သောက်ရေး၊ နေရေး ထိုင်ရေးများအတွက်ရှာ
လိုက်ရတာ အမောကိုမပြေနိုင်ကြပါဘူး။
ယခုခေတ်အခါကြီးမှာ အပိုတွေများတဲ့ခေတ်ကြီး၊
လိုနေတာတွေနဲ့ ဖြည့်လို့ မပြည့်နိုင်။ သုံးကုန်ပစ္စည်း
တွေက များမှများ အမယ်မင်း တ ရလောက်အောင်
အသစ်အဆန်းတွေကများ။
ငွေရှာလိုက်ကြ သုံးလိုက်ကြ သံသရာလည်နေ
တော့သည်။ ဒီသံသရာဝဲဂယက်ထဲမှ ခဏအချိန်
လေးကို မိသားစုနဲ့ ပျော်ပျော်ပါးပါးလေးနေထိုင်ရင်း
ဘဝအမောကို ခဏလေးအမောဖြေကြည့်
ကြတာပေါ့။ မိသားစုနဲ့ ခဏလေးပျော်ကြည့်ပါ။
သားလေး သမီးလေးနဲ့ ဇနီးမယားလည်းကြည်သာ
သွားပြီး ကိုယ်လည် စိတ်ချမ်းသာပါတယ်။
ငွေအများကြီးလည်းမကုန်ပါ။ အချိန်အများကြီး
လည်းမပေးရပါဘူး။ စိတ်ချမ်းသာမှုကတော့
တစိမ့်စိမ့်ကိုကြည်နူးမှုရကြမှာပါ။
အိမ်သူသက်ထား ဇနီးမယားကလည်း အိမ်ထဲမှာ
တကုပ်ကုပ်အလုပ်ရှုပ်နေရှာသူဖြစ်သည်။
အိမ်မှာနေပြီး အိမ်မှုကိစ္စကိုမပြုလုပ်ပဲ ချဲ၊ နှစ်လုံး
ထိုးနေတဲ့သူတွေတော့ မဟုတ်ပေါ့နော်။
ခင်ပွန်းကလည်း အိမ်ထောင့်တာဝန်ကျေ၊
ဇနီးမယားကလည်း အိမ်မှုကိစ္စတာဝန်ကျေပြွန်
ကြမည်ဆိုပါလျှင် သာယာချမ်းမြေ့ဖွယ်မိသားစု
ဖြစ်ပါမည်။ စက်ဘီးလေးနှင့်ဖြစ်ဖြစ်၊ ဆိုင်ကယ်
နှင့်ဖြစ်ဖြစ် စိတ်ချမ်းသာစွာအပန်းဖြေနိုင်ကြဖို့က
အဓိကဖြစ်သည်။
တခါတလေ ဘဝက လူမှုကိစ္စများဖြင့် ပင်ပန်းရ
လေသည်။ ယမကာကြိုက်သူက ယမကာ၊
အစားအသောက်ကြိုက်သူက အစားအသောက်
အမျိုးမျိုးဖြင့် စိတ်အပန်းဖြေကြသည်။
ဖော်ပြပါ အပန်းဖြေ ခြင်းများက ကိုယ်တစ်ဦးသာ
အပန်းဖြေ နိုင်သည်။ အားလပ်ရက်မှာ မိသားစုကို
အပန်းဖြေမှုလေးပြုလုပ်လိုက်မည်ဆိုပါလျှင်
ကိုယ်ရော ကိုယ့်မိသားစုအားလုံးပါ စိတ်ချမ်းသာ
ကိုယ်ကျန်းမာပြီး ပျော်ရွှင်စရာဖြစ်ကြမည်မှာ
အမှန်သာဖြစ်ပေတော့သည်။
ပြီးခဲ့သောရုံးပိတ်ရက်က တူ တူမများ၊ မြေးများ
ဖြင့် ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ ကားငှါးသွား
ကြသည်။ ကလေးတို့သည် ဝန်ထမ်းတိုက်ခန်း
အိမ်ခန်းကျဉ်းလေးတွင်ဆော့ကြရသည်။
ကွင်းပြင်ကျယ်၊ မြေကျယ်ကျယ်မှာမဆော့ရပေ။
ထို့ကြောင့် တိရစ္ဆာန်ဥယျာဉ်၌ ဆော့လိုက်ကြသည်မှာ မျောက်များပင်ခေါင်းမူးပေသည်။
ရတနာပုံ တိရစ္ဆာန် ဥယျာဉ်ရှိ တိရစ္ဆာန်များကို
လျှောက်ကြည့်ကာ ဆော့ခဲ့ကြသည့် ကလေးတို့
သည် ပင်ပန်း၍ အပြန်ကားပေါ်တုံးလုံးပက်လက်
အိပ်မောကျခဲ့သည်။ ည၌လည်း ကောင်းစွာ
အိပ်စက်ကြသည်။နောက်နေ့တွင် ကလေးတို့
သည် ပေါ့ပါးလန်းဆန်းစွာဖြင့် ပျော်ရွှင်စွာ
ကျောင်းသွားကြသည်။ တူမတွေကလည်း
မိမိတို့အလုပ်များကို ရွှင်လန်းတက်ကြွစွာ
လုပ်ကိုင်နေကြသည်။ တူတွေကလည်း
လုပ်ငန်းခွင်သို့ ပျော်ရွှင်တက်ကြွစွာ သွားကြ
လေသည်။ မိသားစု ပျော်ရွှင်ဖွယ်အပန်းဖြေ
ခြင်းကနောက်ရက်များကို မင်္ဂလာရှိ
နေစေပါတော့သည်။
သွားမယ်ဟေ့ မိုမိုရေ တို့သွားအုံးမယ်လေ....
စာကျက်စရာလေး ရှိသေးလို့လေ....
တို့ပြန်အုံးမယ်လေ..မိုမိုရေ...ဝူး.....။