MobileLegends နှင့် ကျွန်တော့အတွေး အပိုင်း(1)
ဒီရက်ပိုင်း ဘာမှ အလုပ် လုပ်ဖို့စိတ်မပါတာနဲ့ gameပဲ ဆော့ဖြစ်နေတယ်။ဆော့တဲ့ Gameကတော့ Mobile legends game ပဲဖြစ်ပါတယ်။
Mobile Legends ဟာ တစ်ဦးတစ်ယောက်ထဲ ဆော့ရသော Game မဟုတ်ဘူးဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။အစ ဆော့ခါစမှာ အနိုင်ရလွယ်ကူခဲ့ပါတယ်။နောက်ပိုင်းမှာ တဖြည်းဖြည်း အနိုင်ရဖို့ ခက်ခဲလာခဲ့ပါတယ်။ဒီမှာ သတိပြုမိတာတစ်ခုရှိတယ်။ကျွန်တော်သတိပြုမိတဲ့ အရာများကတော့
(1)မိမိရဲ့ကျွမ်းကျင်မှု နှင့်
(2)အသင်းအဖွဲ့စိတ်ဓါတ်
(3)Internet lineတို့ဖြစ်ပါတယ်။
(1)ကျွမ်းကျင်မှု
-ကစားသမားဟာ မိမိကိုင်လိုက်တဲ့ heroကို ကျွမ်းကျွမ်းကျင် အသုံးပြုနိုင်မှုဘယ်လောက်ရှိလဲ…
-စိတ်ရှည်သည့်ခံနိုင်မှုဘယ်လောက်ရှိလဲ
-အချိန်ကိုက်ရော လုပ်ဆောင်တက်ရဲ့လား…
စတဲ့အချက်တွေပေါ်မှုတည်ပြီး ကစားသမားဟာ သူ့အတွက်ရော အသင်းအတွက်ပါ အထောက်ပံ့ ဖြစ်စေပါတယ်။ကစားသမားဟာ မိမိကိုင်လိုက်သော heroဟာ ကျွမ်းကျွမ်းကျင်သုံးတက်သော hero မဖြစ်ခဲ့ဘူးဆိုလျှင် သေခြာပါတယ် ကစားပွဲမှာ အထေ့အငေါ့လေးတွေကြုံရတော့မှာပါ။မိမိက သူများhero ထက် အဆင့်နှိမ်နေချိန်မှာ စိတ်မရှည်ပဲ ယှဉ်ပြိုင်မိရင်တော့ အရှုံးနှင့် ရင်ဆိုက်ရမှာဖြစ်ပါတယ်။တဖန် lavelတူခြင်းတွေ့ပြန်လျှင်လဲ မိမိကျွမ်းကျင်သော heroမဟုတ်သောကြောင့် မိမိpowerကို အချိန်ကိုက် အသုံးမချနိုင်ပဲ အရှုံးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာက Gameနဲ့ယှဉ်ပြီး ကျွန်တော်တို့ ဘဝရပ်တည်မှုတွေနဲ့ယှဉ်ပြခြင်လို့ပါ။ကျွန်တော် No(1)မှာပြောခဲ့သလိုကစားသမားဟာ သူမကျွမ်းကျင်…စိတ်မရှည်…အချိန်ကိုက်မလုပ်ဆောင်တက်လျှင် အရှုံးတွေ့ရသကဲ့သို့ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလဲ အသက်မွေးဝမ်းကြောင်းရွေးချယ်မှုဟာ Hero ရွေးချယ်မှုနဲ့တူပါတယ်။
credit image source
မိမိသေခြာ သိနားလည်ခြင်းမရှိတဲ့ အလုပ်တစ်ခုနှင့် အသက်မွေးမိပါက ကျွန်တော်တို့ဟာ အလုပ်မှာ အဆင်ပြေမှာ မဟုတ်သလို ပျော်ရွှင်မှာလဲ မဟုတ်ပါဘူးခင်ဗျာ။ထို့အတူ မိမိမကျွမ်းကျင်သော အလုပ်ဖြစ်သောကြောင့် ဘယ်အချိန်မှာ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ကြိုတင်တွေးခေါ်နိုင်မှု နဲမှာဖြစ်ပါတယ်။ထို့ကြောင့် မိမိယှဉ်ပြိုင်ရမယ့် စိန်ခေါ်မှု့တွေကို ရင်ဆိုင်တဲ့အခါမှာ အရှုံးကို မကြာခဏ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ထိုကဲ့သို့မကြာခဏ ရှုံးနှိမ့်လာသောအခါ ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ တဖြည်းဖြည်း ရှောင်လာပြီး သိမ်ငယ်စိတ်တွေ စိတ်ဖိစီးမှုတွေကြီးစိုး နေမှာဖြစ်ပါတယ်။
ထိုကဲ့အဆင်မပြေမှုများကို ရှောင်ကျဉ်နိုင်ဖို့ ကျွန်တော်တို့ဟာ အသက်မွေးဝမ်းကြောင်းပြုတဲ့အခါမှာ မိမိဘာကိုကျွမ်းကျင်စွာ လုပ်နိုင်လဲ အရင်စဉ်းစားရွေးချယ်သင့်ပါတယ်။မဖြစ်မနေ မိမိမကျွမ်းကျင်သော အလုပ်ကို လုပ်နေရပြီ ဆိုလျှင်လဲ အလိုက်သင့်မျောပါမနေပဲ ကြိုးစားလေ့လာသင်ယူ သင့်ပါတယ်လို့ အကြံပြုပါရစေ ခင်ဗျာ။
ဆက်ရန်………