သူက ၁၇၉၀ ခုနှစ်တွင် မင်းကွန်း ပုထိုးတော်ကြီးကို စတင် တည်ဆောက်ခဲ့တယ်လို့  ဖတ်ရှု့ခဲ့ရပါတယ် ။ မင်းကွန်းခေါင်းလောင်းကြီး၏တောင်ဘက်တွင် တည်ရှိပါတယ် ။
ပုထိုးတော်ကြီးသည် ပေ ၄၅၀ ရှိပြီး
၁၈၃၈ ခုငလျင်ဒဏ်ကြောင့် ပုထိုးကြီး၏ ပထမအဆင့်မှာ
လဲပြိုကျ၍ ပုထိုးတော်ကြီးအောက်ခြေနားတွင်တည်ဆောက်ထားရှိသော ခြင်္သေ့ကိုယ် ၊ ဂဠုန် နှုတ်သီးနှင့်ဂဠုန်တောင်တို့ ဟာလည်း ပျက်စီးခဲ့ပါတယ် ။ သားသားလေးက ပြိုကျနေတဲ့ ခြင်္သေ့ရဲ့မျက်လုံးဟု ရွာခံများကပြောပြချက်အရ မျက်လုံးပေါ်တက်ပြီး ရိုက်ခဲ့ပါသေးတယ် ။
မင်းကွန်းပုထိုးတော်ကြီးသည် မပြီးမပြတ် ကျန်လျက် တန်းလန်းနှင့် မည်သည့် သား ၊ မြေး စဉ်ဆက်ကမှ ဆက်လက် ဆောက်လုပ်ခြင်း မရှိဘဲ ယခုထိတိုင်သမိုင်းဝင်တခုအဖြစ် အပျက်အစီးအဖြစ် ၃၂၈ ပေ ကျန်ရှိနေခဲ့တာပါ ။
ယခုလက်ရှိအချိန်မှာ လာရောက်လေ့လာသူနိုင်ငံခြားသားများရှိသလို အနယ်နယ်အရပ်ရပ်ကလာကြသူများကိုလည်း ကျမသွားတော့ တွေ့မြင်ခဲ့ရပါတယ် ။ မရောက်သေးသူများ လေ့လာရန်တင်ပြလိုက်ပါတယ် ။
@အယ်းမီး
️