ဟိုတစ်နေ့က solana blockchain ပေါ်က jupiter exchange မှာ meme coin တစ်ခုဖြစ်တဲ့ wen token လေပြုတ်ကျတွေ ပေးနေတယ်
ကျွန်တော်လည်း jupiter exchange သုံးနေတဲ့သူဆိုတော့ ရလိုက်တယ်
ရရချင်း ရောင်းလိုက်ရင် ဒေါ်လာ တစ်ရာကျော် ရနိုင်တယ် ဒါကို လျှာရှည်ပြီး စျေးများ တက်လာဦးမလားဆိုပြီး ကိုင်ထားလိုက်တာ ခုရောင်းရင် ဒေါ်လာ ၄၀ တောင်မရတော့ဘူး
ဒီ coin အကြောင်းလည်း သိပ်မသိပါဘူး သူက မ claim တဲ့ coin တွေကို burn ပစ်မယ်ဆိုတော့ စျေးတက်လာမလား လောဘတတ်မိတာပေါ့
ထားပါ ဒီ coin လေပြုတ်ကျကို bosnia နိုင်ငံက စပိန်သံရုံးရဲ့ official x aacount က လိုချင်တယ်ဆိုပြီ post တစ်ခု ရေးတင်တယ်ဆိုလားပဲ
ဆောင်းပါရေးသားတဲ့ လူကတော့ အဲဒီ စပိန်သံရုံးကို ဆက်သွယ်မေးမြန်းကြည့်တာ ဆက်သွယ်လို့ မရပါဘူးတဲ့
ကျွန်တော့အထင်တော့ စပိန်သံရုံးရဲ့ x account အ hack ခံရတာ ထင်တာပါပဲ
ဒါနဲ့ ကျွန်တော်ရထားတဲ့ wen ၆ သိန်းကျော်ကို ဘာလုပ်ပစ်ရမလဲ မသိသေးဘူး ရောင်းရမှာတော့ နှမျောသွားတယ် ဒေါ်လာ ၁၀၀ ကျော်ရတုန်း မရောင်းဘဲ ကိုင်ထားတာ ခုကျ ဒေါ်လာ ၄၀ တောင်မပြည့်တော့ဘူး
သူတို့ ပရောဂျက် က ဘာလဲ ဘယ်လဲ စောင့်ကြည်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ် စျေးပြန်မတက်လာလည်း ကံပေါ့
Jupiter exchange ကလည်း သူ့ကိုယ်ပိုင် jup token လေပြုတ်ကျ ပေးနေတယ်ဆိုလားပဲ
ရဦးမလား ဝင်ကြည့်တော့ no allocation for this round လို့ပေါ်နေတယ်
ဒီတစ်ခေါက်ပေးတဲ့ လေပြုတ်ကျ ကိုယ်မပါဘူးပေါ့
ဆောင်းပါ ဖတ်ချင်ရင် ဒီမှာ link