Binance မှာ futures trading လုပ်ပြီး ဒေါ်လာတွေ ရာထောင်ချီ မြတ်သွားတဲ့ အကြောင်းများ Youtube ပေါ်တွင် ကြည့်ရသည်
ဒီလိုနဲ့ ကိုယ်လည်း futures trading လုပ်ကြည့်ချင်လာသည် Binance က မြန်မာ မှတ်ပုံတင်နဲ့ အကောင့်ဖွင်လို့ရတော့ သုံးဖြစ်သည်
အစတော့ ဘာမှန်း နားမလည်ပေ ဘယ်လို trading လုပ်ရမလဲပင် မသိပေ ဒီတော့ Youtube ပေါ်မှ ဆရာများ ပြသသည်ကို အထပ်ထပ် ကြည့်ခဲ့သည်
ဒီလောက်ဆို နားလည်လောက်ပြီထင်ပြီး စ trade ကြည့်တော့ ဒေါ်လာ ၅၀ လောက် ပြုတ်သွားသည်
စိတ်မလျှော့သေးပေ youtube video များကို လက်လှမ်းမီသမျှ ထပ်ကြည့်သည်။ ပြီးတော့ ထပ် trade ကြည့်သည်
ဒီတစ်ခါတော့ နားလည်စပြုလာပြီဖြစ်သည် အမှန်တကယ်က futures trading တွေဘာတွေ နာမည်တပ်ပြီး ခေါ်နေတာ crypto စျေးတက်မည်လား ကျမည်လား လောင်းသည့်သဘောပင်
BTC နဲ့ USDT pair ကို trade မည်ဆိုပါက ကိုယ်က စျေးတက်မည်ထင်လျှင် buy long ကို နှိပ်ရမည် ကိုယ်စဝယ်မည့်စျေးကို limit order ဖြင့် သတ်မှတ်နိုင်သလို လက်ရှိပေါက်စျေးနဲ့ တန်းဝယ်လိုပါက market order ကို ရွေးထားရမည်
အဲဒီမှာ ကိုယ်ဝယ်တဲ့စျေးထက် တက်လာပါက တက်သလောက် အမြတ်ရမည်
ဈေးကျမည် ထင်ပါက sell short ကို နှိပ်ရမည် ကိုယ်ဝယ်တဲ့စျေးထက် ကျလာပါက ကျသလောက်မြတ်မည် ဒီသဘောသာ ဖြစ်သည်
တစ်ခုဆိုးသည်က ကိုယ်မှာ ရှိတဲ့ ငွေပမာဏထက် ပို၍ trade လိုရခြင်းဖြစ်သည် အဲဒါကို leverage ရွေးခြင်းဟုခေါ်သည် ကိုယ့်ရှိတဲ့ ငွေပမာဏရဲ့ ၂ဆ ၅ဆ ၁၀ အဆ၂၀ အထိ ကြိုက်သလောက် သုံး trade လို့ရသည်
အဲဒီမှာ ကိုယ်လောင်းတာမှန်လို့ အမြတ်ရရင် ဆတိုးမြတ်လာသလို ရှုံးရင်လည်း ဆတိုး ရှုံးလာသည်
ကိုယ်လိုချင်တဲ့ အမြတ် ကိုယ်လက်ခံနိုင်တဲ့ အရှုံးပမာဏကို take profit / stop loss function များဖြင့် သတ်မှတ်နိုင်သည်
ဒီလိုဆိုတော့ မြတ်ဖို့က လွယ်သည်ဟု ထင်ရသည် သို့သော် စာရေးသူကတော့ ရှုံးသည်ကသာ များသည် ရှုံးသည်ကသာ များသည်ဟု ပြောခြင်းထက် အမြဲတမ်း ရှုံးသည်ဟုပြောလျှင် ပိုမှန်မည်
အခုတော့ အဲဒီ futures trading အလုပ်ကို ဘယ်တော့မှ မလုပ်တော့ဟု ဆုံးဖြတ်ရသည်အထိ ဖြစ်သည်။
Crypto စျေး အတက်အကျက ဘောလုံးပွဲထက်ပင် ခန့်မှန်းရခက်သည် ဘောလုံးပွဲကမှ ခြေကြည့်ပြီး ခန့်မှန်းလျှင် တစ်ခါတစ်ရံ တူနိုင်သေးသည်ဟု ထင်မိသည်
စာဖတ်သူများ ကျွန်တော်ထံမှ အကြံဥာဏ် ယူချင်ပါက futures trading ကို ဝေးဝေးကရှောင်ဟုသာ အကြံပေးလိုပါသည်
8.3.2024
PWKK