ကျွန်တော်တို့ မိတ်ဆွေအပေါင်းအသင်းရောင်းရင်းတွေကြားမှာ အမြဲတမ်းပြောနေကြ ကြားနေကြ စကားလေးတစ်ခွန်းရှိပါတယ်.....။ အဲ့ဒါက "ငါစားဘူးသမျှ ထမင်းဟင်းတွေထဲမှာ ငါ့ အမေချက်ကျွေးတယ့် ဟင်းကို ဘယ်ဟင်းမှ မမှီဘူးကွ"၊ "ငါ့မိဘ ချက်ကျွေးတဲ့ ဟင်းက အကောင်းဆုံးပဲ" စသည့် စကားသံများပင်ဖြစ်သည်။
ဒီစကားတွေကို ကျွန်တော်တို့ကိုယ်တိုင်လည်း ပြောခဲ့ကြသလို အခြားသူတွေ ပြောတာလည်း ကြားဘူး ကြလိမ့်မယ်ထင်ပါတယ်.....။ ဒီစကားလုံးတွေကိုပဲ ဘာ့ကြောင့် လူတော်တော်များများဟာ တညီတညွတ်တည်းပြောဆိုနေကြတာလည်း။ ဒီစကားတွေကိုပြောနေသူတွေရဲ့ အမေ၊မိဘတွေကို ကြည့်လိုက်ရင်လည်း ကျွမ်းကျင်စားဖိုမှုးကြီးတွေ ဟင်းချက်အနုပညာရှင်ကြီးတွေ မဟုတ်ပြန်ပါဘူး။ သာမန် ချက်တတ်ပြုတ်တတ်ရုံလောက်သာဖြစ်ကြပါတယ်။ ဒါဆိုဘာလို့ ဒီအမေ၊မိဘတွေချက်တဲ့ ထမင်းဟင်းတွေက အခြားသော ဟင်းလျာတွေထက် ပိုပြီး စွဲမက်ဖွယ်ကောင်းနေရတာလဲ။ မိဘတွေချက်ကျွေးတဲ့ ဟင်းလျာတွေကို ဘာလို့အမြဲတမ်းတသသဖြစ်ပြီး စွဲလမ်းနေရတာလဲ......။ ဒီမိဘတွေ ချက်တဲ့ဟင်းတွေထဲမှာ လျှို့ဝှက်ထားတဲ့ ဟင်းချက်ပစ္စည်းတစ်ခုခုများ ပါဝင်နေတာလား.....။ စသဖြင့် မေးခွန်းများစွာ ထွက်လာနိုင်ပါတယ်။ အဲ့ဒီမေးခွန်းတွေအားလုံးရဲ့ အဖြေကတော့ တစ်ခုထဲပါ။
ကျွန်တော်တို့ အမေ၊မိဘတွေ ချက်တဲ့ဟင်းလျာတွေဟာ သာမန်ကာလျှံကာလောက်ပါပဲ။ ဘာမှ လျှို့ဝှက်ထားတဲ့ ထူးခြားတဲ့ ဟင်းချက်ပစ္စည်းတွေလည်းမပါဝင်ပါဘူး။ သာမန် ချက်နည်းချက်ဟန်အတိုင်း ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီထမင်းဟင်းတွေထဲမှာ ထူးခြားတဲ့အရာတစ်ခုတော့ပါဝင်ပါတယ်။ အဲ့တာကတော့ ငါ့သား၊သမီးတွေ ကောင်းကောင်းမွန်မွန် အရသာရှိရှိ စားရပါစေဆိုတဲ့ "စေတနာ" ပါပဲ။ အဲ့ဒီ စေတနာကြောင့်သာ ကျွန်တော်တို့ စားဘူးသမျှအရာတွေထက် မိဘတွေ ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်တွေက ပိုအရသာရှိပြီး တမ်းတမ်းစွဲဖြစ်နေခြင်းပါ။ ဒီ စစ်မှန်တဲ့ စေတနာရဲ့ ရောင်ပြန်က ဒီအစားအသောက်တွေပေါ်မှာ သက်ရောက်နေခြင်းကြောင့် အစားအသောက်တွေဟာ သာမန်ပင်ဖြစ်သော်ငြားလည်း တမူထူးခြားနေခြင်းဖြစ်ပါသည်။
ဒါဆို ဒီလို စေတနာမျိုးကို ကျနော်တို့လည်း မထားနိုင်ဘူးလားဆိုတော့၊ ထားနိုင်ပါတယ်။ ဘာအလုပ်ပဲလုပ်လုပ် ဝတ်ကျေတန်းကျေ အကျိုးအမြတ်ရရင်ပြီးရော ဆိုတဲ့ သဘောမျိုးနဲ့ မလုပ်ပဲ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့် အပြု့အမူကြောင့် အခြားသူတစ်ယောက် အကျိုးဖြစ်သွားအောင်၊ စိတ်ချမ်းသာသွားအောင် ပြုလုပ်သင့်ပေသည်။ ဥပမာ.. ကျွန်တော်တို့ စာရေးကြသည်။ proယူကြသည်။ ဒီလို စာပေဆောင်းပါးများရေးရာတွင် proရပြီးရော ဆိုသည့်သဘောမျိုးမထားပဲ ကိုယ်ရေးထားတဲ့ ဆောင်းပါးကိုဖတ်လိုက်ရတယ့် စာဖတ်သူအတွက် တစ်စုံတစ်ရာ အကျိုးရှိသွားအောင် ဗဟုသုတတစ်ခုရရှိသွားအောင် ကိုယ့်ဘက်က အနည်းငယ် အပင်ပန်းခံ ကြိုးစားအားထုတ်ပြီး ရေးသားပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချူပ်ပါရစေ.....။
MSCမိသားစု၏ စေတနာမေတ္တာများလည်း မြန်မာ့လူငယ်မောင်မယ်များအားလုံးပေါ်သို့ ကျရောက်ပါစေသား......။
Author By Jhon Jhon
MSC-046