ချစ်သူ...
လမ်းကောင်းရဖို့အတွက်
လမ်းလွှဲကမောင်းပါ ဆိုပြီး
လွှဲပြောင်းမပေးပါနဲ့...
အတိမ်းအစောင်းမရှိအောင်
နှလုံးသားလမ်းကြောင်းပေါ်
မနည်းထိမ်းမောင်းနေရသူမို့ပါ...
တစ်နိုင်တစ်ပိုင်
ငါ ကိုယ်တိုင်ခင်းကျင်းထားတဲ့လမ်းက
ကြမ်းတမ်းချင် ကြမ်းတမ်းနေမယ်
ရှေ့ဆက်ကြမဲ့ ခရိးအတွက်
ဘယ်တော့မှ လမ်းကြောင်း မပျက်ဘူး
သာယာဖြောင့်ဖြူးနေတဲ့ လမ်း မဟုတ်ပေမဲ့
အသည်းတံတားလုပ်
အချစ်တွေ ချဉ်နှောင်တုပ်ထားတဲ့
နှလုံးသားပေါင်းကူးတံတားလေးမှာ
နှစ်ဦးအတူ လက်တွဲကူရင်းပျော်မြူးလိုသူပါ...
@ဒီနိုင်းခ
credit image source