Credit:Photo
လန်ဒန်မြို့က ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဗြိတိသျှနိုင်ငံခြားရေးရုံးက မတ်လ ၆ ရက် အင်္ဂါနေ့က ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
ဗြိတိသျှ ပါလီမန်ကော်မတီတစ်ခုဖြစ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီ ဝင်တွေကို မြန်မာဘက်က ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဒုတိယဝန်ကြီး မတ်ခ် ဖီးဒ်က သံအမတ်ကြီး ဦးကျော်စွာမင်းကို ခေါ်ယူ ကန့်ကွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို လန်ဒန်အခြေစိုက် သံအမတ်ကြီးကို ကန့်ကွက်တာဟာ လက်ရှိမြန်မာအစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ပါလီမန် ကော်မတီဝင်တွေဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ဗြိတိန်ရဲ့ နိုင်ငံတကာဖွံ့ ဖြိုးရေးဌာနရဲ့ လုပ်ငန်းတွေကို သွားရောက် စစ်ဆေးဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး ဗီဇာ ငြင်းပယ်ခံရတဲ့ အကြောင်း ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပါတယ်။ #ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ - အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် နေပြည်တော်မှာ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က တွေ့ဆုံကြစဉ်။ အီးပီအေ ဓာတ်ပုံ