Credit:Photo
ဘိုးလှိုင် နှင့် ကိုတာ မြန်မာပြန်ထားသည့် "စတီဗင်ဟော့ကင်းအက်ဆေးများ" စာအုပ်
*** 50% Off ***
ပရိုမိုးရှင်းကာလ (15.3.2018 - 18.3.2018)
ဝန်ဇင်း စာချစ်ပရိသတ်ကြီးအတွက် ဒီအပတ်ပိတ်ရက်မှာ
အနားယူရင်းဖတ်ဖို့Stephen Hawking ရေးတဲ့
Black Holes & Baby Universe စာအုပ်ကို
'စတီဖင်ဟော့ကင်းအက်ဆေးများ'လို့ နာမည်ပေးပြီး
ဘိုးလှိုင်နဲ့ ကိုတာတို့က ဘာသာပြန်ထားတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
အင်္ဂလန်နိုင်ငံရဲ့ အထင်ကရ ရှေးဟောင်းတက္ကသိုလ်ကြီးနှစ်ခုဖြစ်သော ကိန်းဗရစ်နှင့် အောက်စ်ဖို့ကို အောက်စ်ဗရစ် (Oxbridge) ဟု အတိုကောက် ခေါ်ဝေါ်ကြတယ်။ ယခု ဒီစာအုပ်မှာ စတီဖင်ဟော့ကင်းပြောပြမယ့် သူ့မိသားစုအကြောင်း၊ အောက်စ်ဗရစ်အကြောင်း စတဲ့စိတ်ဝင်စားဖွယ်ဆောင်းပါများကို ဖတ်ရပါမယ်။
စတီဖင်ဟော့ကင်းဟာ အသက် ၂၀ အရွယ်လောက်မှာပဲ ထူးဆန်းတဲ့ ကြွက်သားသေရောဂါကို စတင်ခံစားရသူတစ်ဦးပါ။ ကံကောင်းပြီးတော့ အသက်ရှည်နေသူဖြစ်ပြီး သူ့ရဲ့ ရောဂါအကြောင်းကိုလည်း ဒီစာအုပ်မှာ ရေးပြထားပါတယ်။ နောက်ပြီးတော့ ဒီစာအုပ်မှာ သူရဲ့ အကြိမ်ကြိမ်ရိုက်နှိပ်ရအောင် အရမ်းကိုရောင်းရပြီး နာမည်ကြီးတဲ့ A Brief History of Time စာအုပ်အကြောင်းတွေလည်းပါပါတယ်။ သူ့ရဲ့ သုတေသနနဲ့ ပက်သက်တဲ့ ရူပဗေဒနဲ့ ကောင်းကင်ဗေဒ ဆောင်းပါးတွေကိုလည်း ဖတ်ရမှာပါ။
ဒီစာအုပ်ဆိုတာက Stephen Hawking ရေးတဲ့ Black Holes & Baby Universe စာအုပ်ကို 'စတီဖင်ဟော့ကင်းအက်ဆေးများ'လို့ နာမည်ပေးပြီး
ဘိုးလှိုင်နဲ့ ကိုတာတို့က ဘာသာပြန်ထားတဲ့ စာအုပ်ပါပဲ။
ဒီစာအုပ်ရဲ့ အခန်းခေါင်းစဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် အခန်း (၁)ကလေးဘဝ။ အခန်း (၂) အောက်စ်ဖို့နှင့် ကိန်းဗရစ်။ အခန်း (၃) မိုတာနုးရွန်းရောဂါနှင့် ကျွန်တော်။ အခန်း (၄) သိပ္ပံပညာအပေါ် လူထု၏ သဘောထား။ အခန်း (၅) စာအုပ်တစ်အုပ်၏ အတ္ထုပ္ပတ္တိ။ အခန်း (၆) ကျွန်တော်၏ ရပ်တည်မှု။ အခန်း (၇) သဘောတရားရူပဗေဒ၏ ဆုံးခန်းကို လှမ်း၍မြင်နိုင်ပြီလော။ အခန်း (၈) အိုင်စတိုင်း၏ အိပ်မက်။ (၉) စကြာဝဠာအစ။ (၁၀) တွင်းနက်များအတွက် ကွမ်တမ်မက္ကင်းနစ်။ (၁၁) တွင်းနက်နှင့် စကြာဝဠာအကင်းလေးများ။ (၁၂) အရာရာစီမံပြီးဖြစ်လေသလော။ (၁၃) စကြာဝဠာ၏ အနာဂတ်။ (၁၄) ကန္တာရကျွန်း ဓာတ်ပြားများ - စတီဖင်ဟော့ကင်း၏ အင်တာဗျူး အစရှိသဖြင့် စိတ်ဝင်စားဖွယ် ဆောင်းပါးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ ပက်သက်ပြီး စတီဖင်ဟော့ကင်းက "၁၉၇၆ မှ ၁၉၉၂ ခုနှစ်ထိ ရေးသားခဲ့တဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကောက်ကြောင်းတွေကနေ သိပ္ပံပညာဒဿနအကြောင်း၊ သိပ္ပံနှင့် စကြာဝဠာနှင့် စပ်လျဉ်း၍ ကျွန်တော့်ရဲ့ စိတ်လှုပ်ရှားမှုတွေကို ရှင်းပြဖို့ ကြိုးစားထားပါတယ်"လို့ ဖွင့်ဟ ပြောပြထားပါတယ်။ ဆောင်းပါး အတော်များများဟာ ဟော့ကင်းရဲ့ ဟောပြောချက်တွေကို စကားပြောအဖြစ် ပြန်လည်ရေးသားထားတာတွေအဖြစ် ဖတ်ရှုရပါတယ်။
"စကြာဝဠာသည်ကား လူ့ဉာဏ်မမှီအောင် နက်နဲသိမ်မွေ့သော အရာဖြစ်လေသည် ဟူသော အမြင်ကို ကျွန်တော် သဘောမတူပါ" ဆိုတဲ့ ဟော့ကင်းဟာ ဤစာအုပ်အတွင်းမှ သိပ္ပံဆောင်းပါးများသည် ယုံကြည်မှုတစ်ခုနဲ့ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ ထိုယုံကြည်မှုက ဘာလဲဆိုတော့ "စကြာဝဠာကား စနစ်တကျ အစီအစဉ်တစ်ခုနှင့် ဖြစ်ပျက်နေသော အခြင်းအရာပင်တည်း။ ထိုအစီအစဉ်ကို ယခုအချိန်အထိ အစိတ်အပိုင်းအားဖြင့်သာ ကျွန်တော်တို့ သိသည်။ မဝေးလှသော အနာဂတ်တွင်ကား အကုန်အစင်နားလည်နိုင်ကောင်းသည်" ဆိုတဲ့ ယုံကြည်မှုပါပဲ။ အဲ့ဒီလို သူ့ရဲ့ ကြိုးပမ်းမှုတွေကို ဒီဆောင်းပါးတွေမှာ သူဟာ သေသေချာချာရှင်းလင်းတင်ပြခဲ့ပါတယ်။
'အိုင်းစတိုင်းရဲ့အမွေကိုဆက်ခံသူ' လို့ နာမည်ကြီးတဲ့ ယနေ့ခေတ်ကာလမှာ ဦးနှောက်အကောင်းဆုံး ပညာရှင်ကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ စတီဖင်ဟော့ကင်းရဲ့ ၁၆ ကြာ ပြုစုခဲ့တဲ့ အရေးအသားများကို စုစည်းထားတဲ့ "စတီဖင်ဟော့ကင်းအက်ဆေးများ" စာအုပ်မှာ သိပ္ပံပညာနဲ့ ကောင်းကင်ဗေဒဆိုင်ရာ စိတ်ဝင်စားသူတွေအတွက်သာမက စိတ်ဝင်စားစရာကောင်းတဲ့ စတီဖင်ဟော့ကင်းရဲ့ ဘဝအစိတ်အပိုင်းတွေကိုပါ ဖတ်ရမှာဖြစ်တဲ့အတွက် မလွတ်တမ်းဖတ်ရှုပြီး သူ့တစ်သက်လုံး ခက်ခက်ခဲခဲပြုစုခဲ့တာတွေကို အချိန်လေးပေးကာ ဖတ်ရှုပြီး ဘဝအတွက် ဗဟုသုတလေးတွေကို ယူနိုင်ပါစေလို့ စာအုပ်ကောင်းတစ်အုပ်ကို ညွှန်းပေးလိုက်ရပါတယ်။
#WunZinn #စတီဖင်ဟော့ကင်း #YummyBooksforHealthySouls