အခန်းဆက် ၂ မှာဆိုရင် ကျနော်တို့ ၁ မှာပြခဲ့တဲ့ graph
ရဲ့ ညာဘက်အပေါ်ထောင့်က အနံလိုက်ချိန်စရာပါတဲ့
စတုရန်းကွက်လေးကို နှိပ်ပီးသွားပါမယ်။မျှားပြထားတဲ့
Bass Eq စာလုံးညာဘက်ကခလုတ်ကလေးဟာ off
ဆိုပီး အ၀ိုင်းလေးဘယ်ဘက်ရောက်နေခဲ့ရင် ညာဘက်ကိုဆွဲလိုက်ပါ။ဒါမှသာပါဝါပွင့်မှာ ဖြစ်ပါတယ်။ခု On ဆိုပီး
အပြာရောင်တောက်လာပါပီ။
အဲဒီအဖွင့်အပိတ်အောက်
မှာဘားတန်းတစ်ခုရှိပါတယ်။ဘယ်ဘက်မှာဆိုရင် Nor-
mal ပြထားတဲ့အကွက်ကိုနှိပ်ကြည့်လိုက်ပါ။ Normal ,
Classical and Rock အစရှိတဲ့ Original ချိန်ပေးပီးသား
Setting တွေထည့်ပေးထားတာကို တွေ့ရပါလိမ့်မယ်။
အဲဒိသူတို့ထည့်ပေးထားတဲ့ ဟာတွေကို မသုံးချင်ဘူး။
ကို့ဘာသာချိန်မယ်ဆိုရင်တော့ အောက်စတုရန်းကွက်ထဲ
က Equalizer 5 Band ခုလုတ် ၅ ခုမှာ တစ်ခုခုကို ရွှေ့
လိုက်ပါ။ ဒါဆိုရင်တော့ Custom ဆိုပီးပေါ်လာပါလိမ့်
မယ်။
အဲသလို Custom ဆိုပီးပေါ်လာတဲ့အခါမှာ အသံ
ပိုင်းဆိုင်ရာကို စိတ်ကြိုက်ချိန်ညှိပီးသွားခဲ့ရင်တော့
နောက်တစ်ခါအဲဒီ setting ကိုပြန်သုံးချင်-ပြန်သုံးနိုင်ဖို့
အတွက် Save လုပ်ထားလို့ရပါတယ်။Save လုပ်ဖို့
အတွက်က Custom ကိုနှိပ်လိုက်ပါ။အောက်မှာSetting
ဇယားကျလာပါလိမ့်မယ်။အဲဒီထဲက အပေါ်ဆုံး အစိမ်း
ရောင်စာသားဖြစ်တဲ့ Save Preset ကိုနှိပ်ပီး Save Pre-
Set အတွက် Name ဖြည့်ဖို့ရန် Name Box ကျလာပါ
လိမ့်မယ်။
အဲဒီအထဲမှာ ကိုယ်ကြိုက်တဲ့ Name ကိုပေးပီး
ရင်တော့ Save ကိုနှိပ်လိုက်လို့ရပါပီ။အကယ်၍ မသိမ်း
ချင်သေးဘူး တစ်ခုခုပြန်ချိန်မယ်ဆိုပါကလည်း Cancle
ကိုနှိပ်ပီး ဖျက်နိုင်ပါတယ်။Save ပီးသွားတဲ့အခါမှာတော့
ကိုပေးခဲ့တဲ့ Name လေးနဲ့ Setting တစ်ခုရလာမှာဖြစ်
ပါတယ်။ Ok, Custom နဲ့ သူပေးထားတဲ့ Setting တွေအကြောင်းသိရပီဆိုတော့ သူ့ရဲ့ညာဘက် S Room 🔐
ဆိုပီး ဘေးကသော့ခတ်ထားတဲ့ အကွက်ကို ကြည့်လိုက်
ပါ။
Bass Eq ဆော့ဝဲကို စစချင်းအင်စတောတင်ပီးတဲ့
အခါ အဲဒီ S Room ကို ထည့်ပေးမထားပါ။သူ့ကိုနှိပ်
လိုက်တဲ့အခါမှာ Pro version ဆိုပီး သော့ဖြေရယူနိုင်
ဖို့ပြထားပါလိမ့်မယ်။ပါဝင်လာမှာတွေကတော့ အပြင်-သံ,အတွင်းသံ,ပဲ့တင်သံ,ရုပ်ရှင်သံ,စတိတ်သံ စသည်ဖြင့်
ခွဲခြားထားတဲ့ Features တွေပဲဖြစ်ပါတယ်။အကယ်၍
လိုချင်ခဲ့ရင်တော့ Ok ကိုနှိပ်လိုက်ပါ။အဲဒီအခါမှာ Allow
Bass Eq To Open Google Play Store? ဆိုပီးမေးပါ
လိမ့်မယ် Accept ကိုကလစ်ပေးလိုက်ပါ။သူ့ဘာသာ
Google Play Store ကိုသွားပီးတော့ ဆော့ဝဲရှိရာကိုပြ
ပါလိမ့်မယ်။
ဒေါင်းလုတ်ဆွဲပီး အင်စတောတင်လိုက်ရင်
S Room ဘေးကသော့ပုံလေးပြုတ်ပီး Features များကို
စတင်အသုံးပြု နိုင်ပီဖြစ်တာမို့သိပ်ခက်ခဲ့တာမပါ အသုံး
ပြုပုံကလည်း ထူးထူးဆန်းဆန်းမရှိ ရိုးရှင်းလှတဲ့အတွက်အကျယ်ထပ်ရေးမပြတော့ပါဘူးနော်။အလယ်က ဘား
ပီးပီးဖြစ်တဲ့အတွက်ကြောင့် Eq Graph ချိန်ဖို့ရန် စတင်ပါ
တော့မယ်။ကျနော်အမြဲနားထောင်ဖြစ်တဲ့ပုံစံကတော့
Bass 60Hz မှာ + 15 အကုန်ထည့်ပီး 230Hz မှာတော့
-8 ရဲ့အောက်မှာပဲ အမြဲထားပါတယ်။
အဲဒါဟာ ဘယ်လို
လဲဆိုရင် Bass သံဟာပျော့ပီးလုံးသွားပါမယ်။ Bass
ဂီတာတွေလို အသံကိုဆွဲသွားစေပီး နားထောင်ရတာ
အတော်ကောင်းပါတယ်။ 910 Hz ဟွန်းလိုင်းနဲ့ 3.6 Khz
, 14 Khz တွေကတော့ Sharp လိုင်းတွေဖြစ်ပီး သူ့တို့
အားလုံးကိုတော့ + 3 ရဲ့အထက်မှာပဲ ချိန်ပေးပါတယ်။
Bass သံကိုပြန်ညှိပေးတဲ့ သဘောဖြစ်ပီး နားကျပ်နဲ့နား
ထောင်ရာမှာ မြူးကြွရှင်းလင်းကြည်လင်စွာ ကြားရမှာ
ဖြစ်ပါတယ်။
Read be Continue to part -3
အပိုင်း ၃ ဆက်လက်ဖတ်ပေးပါရန်
Thank for reading and watching!
Original Writer By July Brave
Write Ending 9:11 AM
Post By Sep-6-17
Image-JB