2015---------->2016------------->2017
Scam ဆိုက်မှာပင်ထိထားခဲ့ကြပီမို့် Mining ဆိုက်ဆိုရင်ကို
လက်က တွန့်တတ်လာလေသည်။Investment site ဆိုရင်
တော့မပြောနှင့်တော့၊MMM Globle မှာတင်ကိုယ်တိုင်မကြုံ
ဖူးပေမင့် ကြားဖူးနားဝဆိုသလို အချို့ ဆိုလျှင် အိမ်တွေ
လယ်တွေရောင်း၊ထည့်ရင်းနှီးသူရင်းနှီးကြ၊နောက်ဆုံး
Scam ဖြစ်တဲ့အချိန်ရောက်သော် အရင်းပင်ပြန်မရ၊ငိုကြီး
ချက်မဖြင့်လူတွေကတစ်ဖုံ၊လယ်ယာတွေရောင်းချပီးကာမှ
မရင်းနှီးလိုက်ရလို့ တော်ပါသေးရဲ့ခုမှအလုံးကြီးကျသွားလို့
ရင်အေးပါပီဆိုတဲ့ သူတွေကတစ်မျိုး အဲသလိုဖြစ်ပုံအစုံစုံ
တွေကြောင့် ကျွန်ုပ်သည် investment ဆိုပါလျှင် စိတ်ပင်
မကူးဝံ့။ပြောရင်းဖြင့်ပင်ကျွန်ုပ်အတွေးခံယူချက်လေးကို
ထည့်သွင်းရပါချိမ့်အုံးမည်။ကျွန်ုပ်ငယ်စဉ်ကကျွန်ုပ်မိခင်
သည် ခံတောင်းခေါင်းရွက်ပြီး ရွာစဉ်လျောက်ကာ ဟင်းသီး
ဟင်းရွက်၊ပဲငပိ၊ပုဇွန်ခြောက်၊လ္ဘက်အစရှိသည်တို့ကို လှည့်
လည်ရောင်းချ ပြီး မိသားစုကိုလုပ်ကျွေးပြုစုခဲ့ပါသည်။
ကျွန်ုပ်သည်ကား မိဘအလုပ်ကို ကူညီသည်လဲရှိသလို၊
မကူညီသည်က ခပ်များများပင်။ကျွန်ုပ်မိခင်ဖြစ်သူကတော့
ဈေးသမတို့ထုံးစံအတိုင်း အကြွေးများများကျခဲ့တဲ့ရက်တွေ
ဆိုလျှင်ဈေးပင်ဆက်မထွက်နိုင်ပါချေ။အကြွေးစုလိုက်၊စား
လိုက်သောက်လိုက်ဖြင့်ပင် တစ်ခါတစ်လေဆိုရင် အရင်း
ပြုတ်လို့ ရှေ့ဈေးနှင့်နောက်ဈေး မဆက်မိတတ်ပဲ ရက်အ-
တော်ကြာနားရတဲ့နေ့လည်းရှိသည်။ထို့သို့အခါမျိုးတွင်မူ
ကျွန်ုပ်မှာကား ဆရာကြီးလုပ်ပြီးမေးတတ်လေသည်။
" အမေရာ အမေကသာဈေးရောင်းနေတာ အမြတ်လဲမရ
ဘူး ဒီကြားထဲအရင်းတောင် ပြုတ်နေတယ်" အဲသည်လို
ပြောလိုက်တဲ့အခါမှာ အမေကသူ့နဖူးလေးကို ပြန်လည်
ကုတ်ရင်းပြောလိုက်သည်မှာ " ဟဲ့နနာလေး(နွားနာလေး)
နင်ဘာသိလို့လဲဟဲ့ နင်မသိပဲဝင်မပါစမ်းပါနဲ့ အမြတ်မရ
အရင်းမရပေနှင့် အိမ်စားဝတ်နေရေးရသေးတယ်ဟဲ့" အဲ
သလို ပြန်အငေါက်ခံရဖူးပါသည်။အဲသည်အချိန်တုန်းက
ပေါ့ပေါ့ပြောလိုက်သလိုရင်းနှီးမြု ပ်နှံမှုဆိုတာကို သိလည်း
မသိခဲ့ ရင်းနှီးမှုလဲ မရှိခဲ့ပါ။သို့ပေမဲ့ ယခုအခါမှာဖြင့် Scam
များနှင့် နဖူးတွေ့ ဒူးတွေ့ကြုံလာရသည့်အချိန်မှာတော့
ကျွန်ုပ်မိခင်၏ စကားကိုထပ်တလဲလဲ မြင်ယောင်နေမိပါ
တော့သည်။အဘယ့်ကြောင့်ဆိုရပါမူ မျက်မြင်လက်တွေ့
လုပ်ကိုင်နေကြရသော အရာများသည်ပင် ကျိန်းသေစိတ်
ချ ဖြစ်လာနိုင်မည်ဟု ယူဆ၍ မရနိုင်ပေ။ယူဆ၍ မရနိုင်
ကြောင်းကို ဥပမာဆိုရသော် တောင်သူလယ်သမားများ
သည် ကိုယ်လယ်ဧက ရှိလျှင်သော်မှ ရာသီဥတုအခြေနေ
ပိုးမွှားအခြေနေ၊စရိတ်စကများစွာ စသည်ဖြင့် အရင်းအနှီး
အတွက် ကုန်ကျရပါလိမ့်မည်။
ထိုအရင်းအနှီးအတွက်
အမြတ်သည်ကား ထိုစပါးပေါ်ထွက်ချိန်၌ ဈေးကျဆင်းနေခဲ့
သော် ထိုတောင်သူ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ခဲ့
သမျှ သည်သဲထဲရေသွန်ဘိသကဲ့သို့ ခွက်ခွက်ကလေး
တောင် ကျန်မည်မဟုတ်ပါချေ။ဤ ကဲ့သို့သော တစ်ကယ့်
လက်တွေ့ယုံကြည်စိတ်ချရပါသည်ဆိုသောအရာများသည်
ပင် ရင်းနှီးမြု ပ်နှံမှုအတွက် အကျိုးအမြတ်ကို ကျိန်းသေကံ-
ချ တွက်ချက်လို့ မရနိုင်သည်မို့ အွန်လိုင်းတွင်ရှိကြသော မ-
မြင်မသိရသော ရင်းနှီးမြု ပ်နှံ မှုများအတွက်ဆိုပါမူ အဘယ်
မျှ ယုံကြည်စိတ်ချရပါအံ့နည်း။ကျွန်ုပ်၏မိခင်ဈေးရောင်းသ-
လိုပင်လုံးလည်ချပ်ပြားလိုက်နေသောရင်းနှီုးမြု ပ်နှံမှုသည်
ပင်မသေချာမရေရာနိုင်သကဲ့သို့အွန်လိုင်းများ၌ရင်းနှီးမြု ပ်
နှံမှုများဝယ်Scam များမှာမူအဘယ်ဆိုဖွယ်ရာရှိနိုင်ပါအံ့
နည်း။မှန်ကန်စွာအလုပ်လုပ်နေကြသောသူများလည်းရှိ
နေပါသေးသည်။မည်သို့ပင်ဆိုစေကာမူ ရဲဝံ့စွာစွန့်စားနေ
ကြတုန်းပင်ဖြစ်ပါသည်။ကျွန်ုပ်မူကား ဤအထက်ပါဥပမာ
များဖြင့်ပင် ကျေနပ်နှစ်သိမ့်မှုအတော်အတန်ရပီးဖြစ်ရကား
Scam များကြောင့် Spam များကြောင့်ဟုဆိုသောအခါဝယ်
နှလုံးတုန်ရင်ခုန်မူးဝေမောပန်းခြင်းမျိုးမဖြစ်ရတော့ပါချေ။
သို့သော်ကျွန်ုပ်သည်ပင်အွန်လိုင်းပေါ်တွင်အေးဆေးသက်
သာစွာချမ်းသာကြွယ်ဝချင်သောစိတ်ဓာတ်အခံလေးရှိနေရ
ကား အင်တာနက်ပေါ်တွင်အဆက်မပြတ်အထိတွေ့များ
စွာရှာနေစမြဲပင်။
အဘယ့်ကြောင့်ဆိုသော်ရှာဖွေလေတွေ့
ရှိလေပင်မဟုတ်ပါလား။မဟုတ်ပါဟုပြောလျှင်လည်းပြန်
လည်ချေပနိုင်မည်မဟုတ်သလို ဟုတ်သည်ဟုပြောမည်
ဆိုပါက ကျွန်ုပ်လက်မထောင်မိပါမည်။ယခုမူတွေ့ခဲ့ရ
သော အရာသည်ကား.................................................။
အပိုင်း၃ဆက်လက်ဖတ်ရှုပေးပါရန်
Original Writer By July Brave
Write Ending - 12:47 PM
Post By Wed-Sep-13-17
Image By Google-Image