မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် ၂၀၁၈-၂၀၁၉ cryptocurrency နှင့်ပါတ်သက်သော အခြေအနေများကို ယခင်ဆောင်းပါးများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ရာ ဤဆောင်းပါးတွင် ၂၀၁၉ ခုနှစ် အတွင် ဖြစ်နိုင်ခြေရှိသော cryptocurrency အနေအထားများအား ဆက်လက်ဖေါ်ပြပေးပါမည်။ လက်ရှိ cryptocurrency အား နိုင်ငံတကာမှ လက်ခံအသုံးပြုလာကြသော်လည်း cryptocurrency ၏ အဓိကအားနည်းချက် ၂ ခုရှိနေပါသေးသည်။
ပထမတခုမှာ transfer ကြာမြှင့်ခြင်း နှင့် ဒုတိယတခုမှsecurity လုံခြုံစိတ်ချရမှုတို့ဖြစ်ပါသည်။ cryptocurrency အား transition ငွေကြေးတရပ်အနေဖြင့် အသုံးပြုရာတွင် အဓိကအားဖြင့် Bitcoin အား တွင်ကျယ်စွာ အသုံးပြုနေကြသော်လည်း ယနေ့အချိန်ထိ လျင်မြန်စွာ ပေးဆောင်နိုင်ခြင်း မရှိသေးပါ။
Steem နှင့် SBD ကဲ့သို့သော cryptocurrency များကလည်း လျင်မြန်လွယ်ကူစွာ ပေးဆောင်နိုင်သော်လည်း ငွေကြေးတရပ်အဖြစ် လူကြိုက်များ ခြင်း ၊ Bitcoin နှင့် Ethereum ကဲ့သို့ ဈေးကွက် ခိုင်မာခြင်း ၊ ရေပန်းစားခြင်း မရှိသေးပါ။ ဤသည်မှာ steemit platform ၏ အောင်မြင်ရေး အဓိကအားနည်းချက်တခု ဖြစ်၍ ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။
ဆိုခဲ့သည့်အတိုင်း cryptocurrency များအား transition fee နည်းနည်းဖြင့် တစ္စကန့်လျင် သန်းနှင့်ချီ၍ transition ပြုလုပ်နိုင်ရန် စဉ်းစားလာကြပါတော့သည်။ လက်ရှိအချိန်ထိ စမ်းသပ်နေသော နည်းပညာမှာ Bitcoin lightning network နှင့် Etherum plasma ဖြစ်ပါသည်။
နည်းပညာ အနေဖြင့် အနည်းငယ်ရှင်းပြရလျင် လျက်ရှိ Bitcoin transition မှာ တစ္စကန့်လျင် 7 transition နှင့် Ethereum မှာ တစ္စကန့်လျင် 15 transition ခန့်သာ ပေးဆောင်နိုင်၍ နိုင်ငံတကာ အတိုင်းအတာဖြင့် တွက်ချက်လျင် transition တခုပြုလုပ်ရန် အတွက် မိမိအလှည့် ရောက်ရန် ၁၅ မိနှစ်မှ နာရီဝက်အထိ စောင့်ဆိုင်းရပါသည်။
ဤသည်မှာ မိမိတို့၏ ကိုယ်ပိုင် network ဖြင့် ပေးပို့နေရခြင်း ဖြစ်သဖြင့် ဤသို့ကြာမြှင့်နေရခြင်း ဖြစ်ပါသည်။ ထိုနေရာတွင် ဒုတိယ network ( second layer ) ပိုမို မြန်ဆန်ပြီး များများ နှင့် မြန်မြန် လွဲပို့နိုင်သော ( တစ္စကန့်လျင် သန်းနှင့်ချီသော transition ပြုလုပ်နိုင်သော) lightning network တခုဖြင့် အစားထိုးအသုံးပြုနိုင်ရန်ကြိုးစားလာကြခြင်း ဖြစ်ပါသည်။
လက်ရှိ အချိန်တွင် Bitcoin Lightning network မှာ စမ်းသပ်ဆဲ Beta Version အဆင့်တွင်သာရှိပါသေးသည်။ ၂၀၁၉ တွင် Bitcoin lightning network အောင်မြင်စွာ လွှင်တင်နိုင်လျင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်အား စဉ်းစားကြည့်စေချင်ပါသည်။ Bitcoin နှင့် Ethereum တို့အား ထိုကဲ့သို့ လွယ်ကူ လျင်မြန်စွာ လွဲပြောင်းလာနိုင်လျင် cryptocurrency ခေတ်တခေတ် တနည်းအားဖြင့် ငွေကြေးခေတ်ပြောင်းတော်လှန်ရေး စတင်နေပြီဟု ပြောနိုင်ပါသည်။
ထို့ အပြင် blockchain နည်းပညာ အနေဖြင့် ပြောရလျင်လည်း လက်ရှိအချိန်တွင် မိမိတို့ အသုံးပြုနေသော Social media များ ၊ Games များ Bank များနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ နည်းပညာများတွင် Blockchain နည်းပညာက တစစ ဝင်ရောက်နေရာယူလာကြသလို အသစ်အသစ်သော နည်းပညာများကလည်း Blockchain နည်းပညာပေါ်တွင် အခြေခံ၍ ဆန်းသစ်တီထွင်လာနေကြပါသည်။
ဥပမာ အနေဖြင့်ပြရလျင် ယခင်က social media အား အပျော်တမ်း ၊ အပန်းဖြေရုံသာ အသုံးပြုနေခဲ့ကြသော်လည်း ယနေ့အချိန်တွင် အသုံးပြုရုံဖြင့် ဝင်ငွေ ရရှိနိုင်သော အနေအထားသို့ ရောက်ရှိလာနေပါပြီ။ game အနေဖြင့်လည်း စိတ်အပန်းဖြေရုံသာမက ကစားရင်း ဝင်ငွေရရှိနိုင်သော အနေအထားမျိုး ဖြစ်လာနေပါသည်။
တခုသာပြောရန်ရှိသည်မှာ steemit platform အနေဖြင့် နည်းပညာခိုင်မာမှု ၊ လူကြိုက်များရေပန်းစားမှု မရှိသေး၍သာဖြစ်ပါသည်။ ဒုတိယအကြောင်း ဖြစ်သော cryptocurrency ၏ security ခိုင်မာမှုနှင့် ပါတ်သက်၍ ယခုအချိန်ထိ အာမမခံနိုင်သေးပါ။ ဆိုလိုသည်မှာ မိမိ crypto wallet မှာ လုံးဝ hack မခံရနိုင်ပါ၊ မဆုံးရှုံးသွားနိုင်ပါဟူသော အာမခံချက် မရှိသေးပါ။ ယနေ့အချိန်တွင် မိမိတို့ crypto wallet အား security အားမခံချက်ပေးနိုင်သော security token ဟူ၍ ထွက်ပေါ်လာနေပါပြီ။
၂၀၁၉ တွင် ထွက်ပေါ်လာမည်ဟု မျှော်လင့်ရပါသည်။ Security Token နှင့်ပါတ်သက်၍ ကျွန်တော့ အနေဖြင့် လေ့လာနေဆဲသာ ဖြစ်သောကြောင့် နှောင်အလျင်သင့်လျင် အသေးစိတ်ဖေါ်ပြပေးပါမည်။ ယခင်ဆောင်းပါးများတွင် ကျွန်တော်ဖေါ်ပြပေးပြီး ဖြစ့်သည့် အတိုင်း ၂၀၁၉ ခုနှစ်သည် cryptocurrency ၏ အာရုဏ်ဦး ဖြစ်နိုင်ပါသည်။
၂၀၁၈ ခုနှစ်၏ အားနည်းချက်များအား အခွင့်ကောင်းယူ၍ နည်းပညာများ အဆင့်မြှင့်တင်လာနိုင်ခဲ့လျင် cryptocurrency ခေတ်သစ် တခု ဆန်းသစ်လာနိုင်ပါသည်။ ဆိုခဲ့သည့် အတိုင်း Bitcoin lightning network , Etherum plasma, security token , steemit ၏ SMTs , အခြားအခြားသော ကျွန်တော်မလေ့လာရသေးသည့် blockchain DApp များ စသည်ဖြင့် ၂၀၁၉ ခုနှစ်သည် cryptocurrency အတွက် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။
ဤ Blockchain နည်းပညာများ ဆန်းသစ်လာခြင်း အပေါ်တွင် ကျွန်တော့ အနေဖြင့် Internet နည်းပညာ ခေတ်စားလာခြင်း နှင့် နိုင်းယျဉ်ပြလိုပါသည်။ Internet အား ၁၉၉၀ ခန့်မှ စတင်အသုံးပြုလာနေကြသော်လည်း ၂၀၀၀ ခန့်တွင် ခေတ်စားနေပြီ ဖြစ်ပါသည်။ Internet ၏ အသုံးဝင်မှုအား လေ့လာကြည့်လိုက်လျင် အဓိက ပြောင်းလည်းမှုများမှာ informations technology နှင့် digital life ဖြစ်ပါသည်။
Internet မပေါ်ခင်က တဦးနှင့် တဦး ဆက်သွယ်ရန် စာတိုက်များ တယ်လီဖုန်းများ အားကိုးအားထားပြုရသော်လည်း ယခု အချိန်တွင် ယနေ့ခေတ်ကလေးငယ်များအတွက် ( postman ) စာပို့သမားဟူသော ဝေါဟာရမှာ အပိုသက်သက်သာ ဖြစ်နေပြီ ဖြစ်ပါသည်။ ရုံးတရုံး နှင့် ဆက်သွယ်ရန် အခြားသူငှာ များဖြင့် စာရေးသားဆက်သွယ်ရန် email ဟူသည်မှာ မရှိမဖြစ် အရေးပါအရာရောက်နေပြီ ဖြစ်ပါသည်။
ထို့အတူ ယခင်က မိမိစာရွက်စာတမ်းများ ၊ စာအုပ်များ ၊ data များအား ဖိုင်များ ဗီရိုများဖြင့် ထားသိုနေခဲ့ရသော်လည်း ယနေ့အချိန်တွင် လက်သဲခွံခန့်မျှသာရှိသော memory card အတွင်းသို့ သိမ်းထားနိုင်ပြီ ဖြစ်ပါသည်။ digital ခေတ်သို့ ရောက်လာသောအခါ အရာရာအားလုံး လက်တဝါးစာခန့်မျှ သာရှိသော smart phone ဟူသော အရာလက်အောက်သို့ ရောက်ရှိသွားပါတော့သည်။ ငွေကြေးများအား ကိုင်တွယ် အသုံးပြုစရာမလိုတော့ပါ ( မြန်မာနိုင်ငံမပါ ) အရာရာ ကဒ် စနစ် ဖြစ်သွားပါတော့သည်။ ဤသည်မှာ Internet နည်းပညာ ၏ အကျိုးကျေးဇူးများ ဖြစ်ပါသည်။
အခြားအခြားသော ကျွန်တော် မဖေါ်ပြနိုင်သော အကျိုးကျေးဇူး အများအပြား ရှိနေပါသေးသည်။ ဆိုလိုသည်မှာ Internet နည်းပညာ သည် အနှစ် ၂၀ , ၃၀ အတွင် ကျွန်တော်တို့၏ လူနေမှုပုံစံတခုလုံးအား လုံးဝပြောင်းလည်းပေးလိုက်ပါသည်။ ယနေ့ ကျွန်တော်တို့ စတင်ထိတွေ့နေသော blockchain နည်းပညာသည် ထိုအတိုင်း ဖြစ်ပါလိမ့်မည်။
ယနေ့ အချိန်တွင် Blockchain နည်းပညာပေါ် အခြေခံ၍ အသစ်အသစ်သော နည်းပညာများ အား တီထွင်ကြံဆနေကြပါသည်။ ဤနည်းပညာ စတင်သက်ဝင်လာသည်မှာ ဆယ်စုနှစ်တခု မပြည့်သေးပါ။ cryptocurrency အား လူ ၁၀ ယောက်တွင် ၁ ယောက် မသိသေးပါ။ သိသော်လည်း စိတ်မဝင်စားသေးပါ။
Internet အားစတင် ရေပန်းစားစေသော လူသိများစေသောအရာမှာ dot com bubble ဟူသောအရာဖြစ်ပါသည်။ ဆိုလိုသည်မှာ www. com ဟူသောအရာဖြင့် ယနေ့ Internet ကြီးထွားလာခဲ့ခြင်း ဖြစ်ပါသည်။ စာလေးမည် စိုး၍ အသေးစိတ် မဖေါ်ပြတော့ပါ။ Internet တွင် dot com bubble crush ဟူ၍ ရိုက်နှိပ်၍ သာရှာဖတ်ပါလေ။
ယနေ့ အချိန်တွင်လည်း blockchain နည်းပညာသည် ထိုကဲ့သို့ တဟုန်းထိုး ရေပန်းစာလာနိုင်မည် ဖြစ်သော တနည်းအားဖြင့် blockchain နည်းပညာအား နိုင်ငံတကာ တလောကလုံးက စိတ်ဝင်တစား ဖြစ်လာစေနိုင်မည်ဖြစ်သော ၊ အသုံးမပြုရမနေနိုင် သော blockchain DApp တခုကို မျှော်လင့်နေကြပါသည်။ ထို DApp အား killer DApp ဟု ခေါ်၍ Bitcoin မှ တီထွင်နိုင်မည်လား ၊ Ethereum မှ ထွက်လာမည်လား ၊ Steemit DApp ကပဲ ပေါက်သွားမည်လား အခြားအခြားသော blockchain နည်းပညာ များကပဲ ထွက်ပေါ်လာမည်လား ဆိုသည်ကတော့ မသိနိုင်သေးပါ။
သေချာသည်ကတော့ မိမိတို့ အသုံးပြုနေသော steemit platform အပါအဝင် အခြားအခြားသော Blockchain နည်းပညာ ရှင်များက ကြိတ်ကြိုးစားနေကြပါသည်။ ကျွန်တော့အနေဖြင့် သတိပေးလိုသည်မှာ blockchain နည်းပညာအားလေ့လာရာတွင် cryptocurrency တခုတည်းကိုသာ တစိုက်မှတ်မှတ် အာရုံမစိုက်စေလိုပါ။
အထက်တွင် ကျွန်တော်ဖေါ်ပြခဲ့သော နည်းပညာ ပြောင်းလည်း မှုများ blockchain နည်းပညာ အဆင့်မြှင့်လာမှုများအား ၊ စီးပွားရေး ၊ လူမှုရေး နှင့် အခြားအခြားသော နယ်ပယ်များတွင် အသုံးဝင်လာနိုင်မှုတို့အား လေ့လာ၍ အသုံးချ စေချင်ပါသည်။ ကျွန်တော်တို့ လူသားများအနေဖြင့် လက်နက်အားကြီးသူတို့၏ ကျွန်ပြုမှုကို ခံခဲ့ကြရပါသည် ။ နောက်တဖန် စီးပွားရေး ဖြင့် ငွေအင်အားကြီးသူတို့၏ ကျွန်ပြုမှုကိုလည်း ခံခဲ့ကြရဖူးပါပြီ။
အနာဂါတ်သည် နည်းပညာဖြင့် ကျွန်ပြုမှုကို ရင်ဆိုင်ကြရပါလိမ့်မည်။ cryptocurrency သည် blockchain နည်းပညာ၏ အစိတ်အပိုင်းတခုမျှသာဖြစ်၍ ၂၀၁၉ သည် blockchain နည်းပညာ နှင့် ဌင်းနှင့် ပါတ်သက်သော cryptocurrency တို့၏ စိတ်ဝင်စားစရာကောင်းသောခုနှစ်တခု ဖြစ်ကြောင်း ဖေါ်ပြပေးလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001