မင်္ဂလာပါ။ လက်ရှိ steemit platform ပေါ်မှနေ၍ cryptocurrency ရှာဖွေနေကြသော MSC member များအတွက် cryptocurrency ဖြင့် အပိုဝင်ငွေ စီးကြောင်းတခု ဖွင့်ထားနိုင်ရန် နည်းပညာများအား အနည်းငယ် ဝေမျှပေးလိုပါသည်။ cryptocurrency ဖြင့် အကောင်းဆုံးသော investment မှာ bitcoin ဖြစ်ပါသည်။
Bitcoin အနေဖြင့် အတက်အကျ ကြမ်းသောကြောင့် BTC ဖြင့် ရင်းနှီးမြုပ်နှံသူများမှာ အရှုံးအမြတ် အလျင် အမြန်သိရပါသည်။ သို့သော် BTC မှာ storage value သာရှိသောကြောင့် များများ နှင့်ကြာ ကြာ ကိုင်ထား နိုင်လျင် အကျိုး အမြတ်ကြီးမည် ဖြစ်ပါသည်။ သို့သော် လက်ရှိ BTC မှာ ဈေးအလွန်မြှင့်သွား ပြီ ဖြစ်သောကြောင့် ငွေရင်း ကြီးသူတို့သာ လက်လှမ်း မှီ သော အနေအထားသို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။
အခြားရင်းနှီး မြုပ်နှံမှုပြုလုပ်ထားသင့်သော cryptocurrency မှာ Steem ဖြစ်ပါသည်။ steemit platform အနေဖြင့် လက်ရှိ အချိန်တွင် အောင်မြင်မှု လက်ဆုပ်လက်ကိုင် မပြနိုင်သောကြောင့် ဤ အခြေအနေသို့ ရောက်နေရသော်လည်း steemit ၏ နည်းပညာများက ရပ်နေသည် မဟုတ်ပါ။
ထက်မံ အဆင့်မြှင့် တိုးတက်လာစေရန် အဖက်ဖက်ကကြိုးစားနေကြပါသည်။ Steemit platform တခုတည်းသာမဟုတ် လက်ရှိ Steem Engine ပေါ်တွင် အမှီပြု နေကြသော Project များကလည်း မိမိတို့ ဆိုင်ရာ ဆိုင်ရာ project များ အောင်မြင်လာကြစေရန် ကြိုးစား အားထုတ်နေကြပါသည်။
Original Source
Steem အနေဖြင့် သူ၏ အနိမ့်ဆုံး ဈေးသို့ ကျဆင်းသွားသည့်တိုင် SBD အား ဈေတည်ငြိမ်မှု ရစေရန် အတတ်နိုင်ဆုံး ဈေးကွက် ထိန်းထားပါသည်။ ဤသည်ကို ကြည့် ခြင်းအား ဖြင့် Steemit platform သည် ရပ်တန့်နေသော platform မဟုတ် ။ အချိန်တချိန်တွင် နိုးထလာပါလိမ့်မည်။ ထို့ကြောင့် လက်ရှိ အချိန်သည် Steem power စုလိုသူတို့ အတွက် Steem ဝယ်ယူထားရန် အကောင်းဆုံး အချိန် ဖြစ်ပါသည်။
အထက်တွင် ဖေါ်ပြခဲ့သော BTC နှင့် Steem တို့မှာ ရေရှည် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားရန် အတွက်သာ ဖြစ်၍ ပုံမှန် ဝင်ငွေစီးကြောင်း အဖြစ် ပြုလုပ်ထားရန် အဆင်မပြေပါ။ Steem အနေဖြင့် မိမိတို့ SP ဖြင့် Vote ပေး၍ နေစဉ် အကျိုး အမြတ် ပြန်ရနေသည်ဟု ဆိုသော်လည်း ရရှိလာသော အကျိုး အမြတ်မှာ SP အတွင်းသို့သာ ရောက်ရှိသွား၍ ဈေးကွက်သို့ ပို့ရန် power down ဟူသော အဆင့်ကို လုပ်ဆောင်ရန် လိုအပ်ပါသေးသည်။
ကျွန်တော်အနေဖြင့် cryptocurrency ဖြင့် ပုံမှန်ဝင်ငွေစီးကြောင်းတခုပြုလုပ်ရန် အကောင်းဆုံး Exchange Site အား ပြပါဆိုရလျင် တရုတ်တို့၏ Bibox Exchange အား ညွန်းလိုပါသည်။ အခြားသော Exchange များ ဖြစ်သည့် Binance နှင့် Huobi တို့တွင်လည်း ဤသို့ ဝင်ငွေစီးကြောင်း ပြုလုပ်နိုင်သော်လည်း bibox ထက်သာလွန်သည်ဟု မထင်မိပါ။
Original Source
Bibox Exchange တွင် Bix token အား ဝယ်ယူထား၍ lock ချထားရုံဖြင့် တပါတ်လျင်တခါ Eth ပြန်ရရှိပါသည်။ အစတွင် Bix token 500 lock ချထား ခြင်း ဖြင့် သောကြာနေတိုင်းတွင် Eth.00077 ပမာဏရှိသော Eth များ ပုံမှန်ရရှိနိုင်ပါသည်။ Token lock ချထားယုံသာ ဖြစ်၍ မည်သည့် လုပ်ဆောင်မှုမှ ပြုလုပ်ရန် မလိုအပ်ပါ။
မိမိတတ်နိုင်လျင် တတ်နိုင်သလောက် Bix token lock ချထားနိုင်ပါသည်။ Bix token ဈေးတက်လာ၍ ပြန်လည် ရောင်းချလိုလျင် unlock ပြုလုပ်လိုက်ယုံသာ။ ၂၄ နာရီ အတွင်း မိမိ wallet သို့ မိမိ Lock ချထားသော token ပမာဏ ပြန်ရောက်လာမည် ဖြစ်ပါသည်။ Bix token အနေဖြင့် လက်ရှိ အချိန်တွင် ပြားအဆင့်သာရှိသေးရာ ဝယ်စုထားလျင် အကျိုးများနိုင်သော Token ဖြစ်ပါသည်။
အများအားဖြင့် Exchange token များမှာ ဈေးကွက်ပေါက်ပြီးသား ဖြစ်သည့်အပြင် Exchange Site အောင်မြင်သည့် အလျောက် ထို Exchange token များလည်း ဈေးလိုက်ပါတက်သွားလေ့ရှိသည်ကိုတွေ့ရပါသည်။ ဥပမာ Binance ၏ BNB , Huobi ၏ HT ။ ယခင်ကာလ Exchange Site များဟုဆိုရာတွင် Polonix နှင့် Bittrex တို့ ရေပန်းစားခဲ့သော်လည်း ယနေ့အချိန်တွင် Exchange Site အတော်များများ အောင်မြင်လာခဲ့ပြီ ဖြစ်ရာ International အနေဖြင့် Binance သည် အကောင်းဆုံးနှင့် အပြည့်စုံ ဆုံး Exchange Site ဖြစ်သည်ဟု ယုံကြည်မိပါသည်။
Original Source
တရုတ် တို့၏ Exchange Site များတွင်တော့ Huobi ကို တဘောကျ၍ အထက်တွင် ကျွန်တော် ဖေါ်ပြခဲ့သော Bibox လည်း တဖြည်းဖြည်း ရေပန်းစားလာနေပါသည်။ Huobi token မှာ လည်း ဝယ်စုထားသင့်သော Token ဖြစ်၍ ဈေးတက်ရန် အလားအလာရှိသော Exchange token ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် Huobi Exchange Site ကိုယ်တိုင်က မိမိ Token တို့အား ပြန်လည် ဝယ်ယူ ပေးသောကြောင့် ဖြစ်ပါသည်။ ယခင်က Huobi token အား USD 1$ ဖြင့် ဈေးကွက် ဖြန့်ခဲ့သော်လည်း လက်ရှိအချိန်တွင် USD4$ အထိ ဈေးထိန်းထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ Binance ၏ BNB ကတော့ အထူးရှင်းပြရန် မလိုပါ။ လက်ရှိအချိန်တွင် USD 25$ အထက် တွင် ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။
ဤ Exchange Site များတွင် Airdrop များလည်း ချပေးသည် ဖြစ်ရာ ထို အစီအစဉ် များတွင် ဝင်ရောက်ပါဝင်ခြင်း ဖြင့်လည်း ဝင်ငွေစီးကြောင်းဖွင့်ထားနိုင်ပါသည်။ ထို Airdrop များမှာ ဆိုင်ရာ ဆိုင်ရာ token များအား ၁ လ ၂ လ ၃ လ စသည်ဖြင့် lock ချထားစေခြင်းဖြင့် Airdrop ရယူခြင်း ဖြစ်ပါသည်။
မည်သည့်လုပ်ငန်းဆောင်တာမှ ပါဝင်လုပ်ဆောင်ရန်မလိုပါ။ အထူးသဖြင့် လက်ရှိအချိန်တွင် Binance Exchange ၌ NEO token အား ဝယ်ယူထားယုံမျှဖြင့် လစဉ် Gas token များ ရရှိနိုင်ပါသည်။ သို့သော် NEO token မှာ USD 10$ အထက်တွင် ဈေးကွက် မာနေပြီ ဖြစ်သောကြောင် အများအပြား ပိုင်ဆိုင်ရန် အရင်အနှီး အများအပြား လိုအပ်မည် ဖြစ်ပါသည်။
Original Source
အခြား တခုမှာ Binance တွင် XLM token များ စုထားယုံမျှဖြင့် လစဉ် XLM token Airdrop ရရှိမည့် အစီအစဉ် စနေပြီ ဖြစ်ပါသည်။ Stellar ၏ XLM token မှာ လက်ရှိ အချိန်တွင် 0.085$ သာရှိသေးရာ လက်လှမ်းမှီသော ဈေးကွက် ဖြစ်နေပါသေးသည်။ အခြားသော Exchange Site များတွင်လည်း ဤသို့ ဝင်ငွေစီးကြောင်းများ ရှာဖွေနိုင်သော်လည်း လက်ရှိအချိန်တွင် ကျွန်တော်သဘောအကျဆုံးမှာ Bibox ဖြစ်ပါသည်။
အလွန်အလားအလာကောင်းသောကြောင့် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ သို့သော် တခုသတိပေးလိုသည်မှာ Stock Exchange ဖြစ်စေ Cryptocurrency ဖြစ်စေ ဝင်ရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရာတွင် ၁၀၀% အာမခံသည်ဟု ပြောနိုင်ခြင်း မရှိပါ။ Invest with your own risk ဟု ဆိုသည့်အတိုင်း သူကောင်းသည်ဟု ပြောတိုင်း ကောင်းချင်မှ ကောင်းပါလိမ့်မည်။
မိမိကိုယ်တိုင် စနစ်တကျ လေ့လာ၍ မိမိသဘောကျသော နေရာတွင် ဝင်ရောက်ရင်းနှီး မြုပ်နှံခြင်းမှာ အကောင်းဆုံး ဖြစ်ပါသည်။ ငွေကြေးများအား လောင်းကစားလုပ်သကဲ့သို့ ကစားရာတွင် မိမိ အဆုံးရှုံးခံနိုင်သော ပမာဏထက် ပို၍ မကစားမိစေရန် သတိပေးလိုပါသည်။ အချုပ် အနေဖြင့် ဖေါ်ပြရလျင် ကျွန်တော်၏ Steemit Platform ပေါ်မှ အစပြုခဲ့သော cryptocurrency လမ်းကြောင်းသည် လက်ရှိ အချိန်အထိ အရှုံးမရှိသေးပါ။
Original Source
ယခင် နှစ်များအား အသာထား၍ ၂၀၁၉ ခုနှစ် တနှစ် မပြည့် မှီ နှစ်ဝက် July အထိ ကျွန်တော်ထုတ်ယူ ခဲ့သော အကျိုးအမြတ်မှာ သိန်း ၂၀ ကျော်ရှိပါသည်။ အချို့အား ထပ်မံရင်းနှီး၍ အချို့အား ငွေသား အဖြစ် ထုတ်ယူခဲ့ခြင်း ဖြစ်ပါသည်။July လ တလ အတွင်မှာပင် coinbase Airdrop မှ USD 500$ ကျော်မျှ ရရှိခဲ့ပါသည်။ အလွယ်တကူ ရရှိသည်တော့မဟုတ်ပါ။ မျက်လုံး ကိုက်သည်အထိ computer နှင့် အလုပ်လုပ်ရသလို သူတို့ချမှတ်ထားသော စည်းမျဉ်းများအား မည်သို့ ကျော်ခွရမည်ကို ဦးနှောက် မီးခိုးထွက်မတတ် စဉ်းစားခဲ့ရပါသည်။
အထက်တွင် ကျွန်တော် ဖေါ်ပြခဲ့သည့်အတိုင်း မိမိကိုယ်တိုင် စနစ်တကျလေ့လာ၍ မည်သည့်အချိန်တွင် ဝယ်ယူရမည် မည်သည့် အချိန်တွင် ထုတ်ရောင်းရမည် မည်သည့် နေရာတွင် trade ရမည်ကို နားလည်ရန် အထူးလိုအပ်ပါသည်။ ကျွန်တော့ အနေဖြင့် ကိုယ်ရည်သွေးလို၍ ဖေါ်ပြရခြင်း မဟုတ်ပါ။
Cryptocurrency ဖြင့် on line ငွေရှာခြင်းသည် မလွယ်ကူပါ။ သို့သော် တကယ်ထိထိရောက်ရောက်လုပ်လျင် တကယ်ဖြစ်နိုင်ကြောင်း အသိပေးလိုရင်း ဖြစ်ပါသည်။ Cryptocurrency ဖြင့် မတာရား ချမ်းသာသွားအောင် ကျွန်တော်မတတ်နိုင်သေးပါ။ သို့သော် Passive income ဆိုသည့် အတိုင်း အပိုဝင်ငွေတော့ ရနိုင်ပါသေးသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001