မင်္ဂလာပါ။ HF21 ပြီးနောက် ပထဆုံး ဆောင်းပါး ရေးကြည့် ခြင်းပင်ဖြစ်ပါသည်။ အချို့ကတော့ steemit အသစ်ဖြစ်သွားပြီဟု ဆိုကြသည်။ ကျွန်တော့ အတွက်တော့ သိပ်ပြီး မထူးခြားသလို ဆိုပေမင့် ရရှိသော curation reward အနည်းငယ်ပိုလာသည်ဟု ထင်ရသည်။ ဒါကလည်း Author reward ထဲမှ ၁၀% ပေးလိုက်ရသည်မို့ ပိုရသည်ဟု မဆိုသာ။
ကျွန်တော့ အနေဖြင့် မည်သူ့ကိုမှ down vote ပေးရန် မရည်ရွယ်သဖြင့် Down vote power က အပိုသက်သက်လို ဖြစ်နေပါသည်။ Down vote delegates လုပ်နိုင်လျင်လည်း ကောင်းသား။ ကျွန်တော် ထင်မှတ်ထားသကဲ့သို့ အလံတိုင်လေး တော့ပါမလာ Down vote power သာပါလာပါသည်။
ဤ HF21 တွင် ကျွန်တော့အား စိတ်ဝင်စားစေသော အရာမှ SPS ဖြစ်ပါသည်။ ဤ Steem Proposal System မှ ကောင်းမွန်သော Project များထွက်ပေါ်လာမည်ဟု မျှော်လင့်ရပါသည်။ HF21 ကြောင့် steemit website တခုလုံးကတော့ အနည်းငယ် သန့်သွားသည်ဟု ထင်ရပါသည်။ bot အသုံးပြု၍ Voting ရယူသူတို့ အား Down vote ပေးနေကြပြီ ဖြစ်၍ Trending page မှာ ယခင်ကကဲ့သို့ အမှိုက်များ မရှိကြတော့။ Bot အသုံးပြုကြသူတို့ သတိပြုစရာ။
Bot အသုံးပြုကြသူများကလည်း အမြတ်ရ၍ အသုံးပြုကြသည်လား သို့မဟုတ် အရှုံးခံ၍ bot အသုံးပြုကြသည်လား ကျွန်တော်လည်း မသိ။ ယခင်က ဆိုခဲ့သည့် အတိုင်း HF21 သည် Steem ဈေးအား ကိုင်လှုပ်နိုင်စွမ်းမရှိပါ။ စောသေး၍ လား မသိ။ အထက်တွင် ဆိုခဲ့သည့်အတိုင်း SPS မှ project တခုခုကြောင့် Steem ဈေးလှုပ်လာမည်ဟု သာ မျှော်လင့်ရပါသည်။
steemit သည် ကျဆုံးသွားခြင်းတော့ မရှိသေးပါ။ HF မြှင့်တင်နိုင်ခြင်းက ဤ platform အသက်ဝင်နေသေးကြောင်း တနည်းအားဖြင့် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်နေကြကြောင်း သိသာပါသည်။ steemit က ပုံမှန်လည် ပါတ်နေပါသည်။ နောက်တဆင့် ဖြစ်သော SMTs အား စောင့်ကြည့်ကြပါစို့။
ယခု ဤ ဆောင်းပါး ရေးနေစဉ် အတွင်း Steem Hunt ၏ telegram အတွင် message ရောက်လာပါသည်။ Hunt token အား Bitberry wallet အတွင်း ဝယ်ရောင်း ပြုလုပ်နိုင်ကြောင်း အသိပေး ထားခြင်း ဖြစ်ပါသည်။ Bitberry Mobile wallet ပြုလုပ်၍ လေ့လာကြပါကုန်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001