မင်္ဂလာပါ။ ယခုတလော အားလပ်သည့် အချိန်တွင် MSC အတွင်သို့ မွှေနောက်ရှာဖွေ၍ MSC Member တို့၏ အကောင့်များကို ဝင်ရောက်ကြည့်ရှုဖြစ်ခဲ့သည်။ အချို့က ရသမျှ Power Up ထားကြသလို အချို့ကလည်း ရသမျှ SBD များကို ထုတ်ရောင်းစားထားကြသည်။ ကျွန်တော် အတန်တန်သတိပေးသည့် အတိုင်း အချိန် တချိန်ရောက်လာလျင် Power ရှိသူနှင့် မရှိသူ အလွန်ပင်ကွာခြားလာပါလိမ့်မည်။
အချို့ Steemit Platform ပေါ်သို့ အသစ်ဝင်ရောက်လာကြသော လူသစ်များကလည်း Power ရှိနေသာသူများ လူသစ်များကို တွဲမခေါ်ဟု အပြစ်တင်နေကြသည်။ မြန်မာများ စည်းစည်းလုံးလုံးဖြင့် vote ပေးလျင် အောက်ကျ ခံ၍ အခြားနိုင်ငံခြားသားများ၏ အကူအညီ တောင်ခံရန် မလိုကြောင်း လည်း ပြောဆိုလာကြသည်။ နိုင်ငံခြားသားများ၏ အကူအညီ မယူပဲ မြန်မာတို့ အလိုက်တသိ စည်းကမ်းလိုက်နာ ညီညီညာညာလုံလ ထကြလျင် MSC ပင်ဖွဲ့စည်းစရာမလို။
ကျွန်တော့အနေဖြင့် တခုသာ ပြောချင်ပါသည်။ အစွမ်းအစရှိလျင် အခြားသူများ၏ အကူအညီ မယူပဲ လျှောက်လမ်းကြည့်ပါ။ Steemit Platform အကြောင်းကို ထဲထဲဝင်ဝင်သိရန် အရင်လေ့လာပါ။ ကိုယ်ပိုင်အစွမ်း အစဖြင့် မပြရသေး မြန်မာတို့ မစည်းလုံးဘူး ဟူသော အပြစ်တင်မစောကြပါရန်တိုက်တွန်းလိုပါသည်။ မြန်မာတို့ မစည်းလုံးသည်မှာ ယခုမှမဟုတ် ရှေးယခင်ကတည်းကပင်။ မိမိမှာ အစွမ်းအစရှိသော ယောင်္ကျားသားဆိုလျင် ရှက်တတ်ပါစေ။
ဥပမာပြပါမည်။ အကောင့်ပိုင်ရှင် မြန်မာမိန်းခလေး " အိမ့်ခြူးလှိုင် " ဆိုသူမှာ Steemit Platform ပေါ်သို့ ရဲရဲ ဝင့်ဝင့် ကိုယ်ပိုင် အစွမ်းအစဖြင့် ဝင်ရောက်လာသူဖြစ်သည်။ သူ၏ ခရီးသွား post များ SBD မရသောအခါ မည်သူ့ကိုမှ လည်း အပြစ်မတင်သလို မြန်မာတို့ မစည်းလုံးကြဘူးဟူသော အသံလည်း မထွက်ပါ။ မိမိလုပ်စရာရှိသည်တို့ကို ပုံမှန်လုပ်နေသူ ဖြစ်သည်။သူမည်ကဲ့သို့ အခြေအနေမှ စတင်ခဲ့ရသည်ကိုအလျင်သင့်လျင် သူ၏
သို့ သွားရောက်လေ့လာလိုက်ပါ။
သည် post မရလျင် နောက် post အကောင်းဆုံး ဖြစ်အောင်ကြိုး စားနေသူဖြစ်ပါသည်။ အဆုံးစွန်ပြောပါမည် ။ ကျွန်တော်တို့ အလကားရယူ နေသော curie အကူအညီ ပေးပါရန်လည်း ကျွန်တော့ထံ တခါမှ မတောင်းဆိုဘူးပါ။ ဤ Steemit Platform ပေါ်သို့ သူ့ အစွမ်းစဖြင့် ရပ်တည်နေသူ ဖြစ်ပါသည်။ ထို့ကြောင့် " အိမ့်ခြူးလှိုင် " ကဲ့သို့ မိန်းခလေးပင် ကိုယ့် အစွမ်းကို ပြနိုင်သေးလျင် ယောက်ျား သားများ ဖြစ်သောသူ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို အစွမ်းထက်သူဟု ထင်နေလျင် လုပ်ပြလိုက်ပါ။
မိန်းခလေး လောက်မှ အဖြစ်မရှိကြ၍ ယောက်ျား သားများ copy ကူးလိုကူး ၊ ခိုးကြောင် ခိုးဝှက် သူများစာ မျက်နှပြောင်တိုက်၍ ရေးသားသူ ကိုယ့် နာမည်တပ်လိုတပ် ၊ ဟိုလူအား အပြစ်တင် ဒီလူအား အပြစ်တင် နေလျင် အိမ့်ခြူးလှိုင်၊ အေမိုမို၊ သက်လျာ ၊ ပြည့်စုံခင်ခင်၊ စုလှိုင် ဟူသော မိန်ခလေး အကောင့်များက ဟားတိုက်ရီနေပါလိမ့်မည်။ ဤတွင်ကြုံ၍ I2wan ပြောပြသော မြန်မာတို့ အစွမ်းထက်ပုံ အကြောင်းကို သတိရ၍ အနည်းငယ်တင်ပြလိုပါသည်။
သူပြောသည်မှာ မြန်မာလူမျိုးများသည် shortcuts ဟုခေါ်သော အလွယ်လိုက်ခြင်းကို အလွန် ပင်သုံးကြကြောင်း ဤသို့ shortcuts အလွယ်လိုက် ရသည်ကိုလည်းမိမိ ကိုယ်ကို ညာဏ်အလွန်ကောင်းသူ ဟု မှတ်ယူနေကြကြောင်း ပြောပြပါသည်။ တိုးတက်ပြီးသော နိုင်ငံများတွင် shortcuts ပြုလုပ်ခြင်းကို မည်သူမျှ အထင်မကြီးကြသလို အထူးသဖြင့် လုပ်ငန်း ခွင် တွင် ဤသို့ အလွယ်လိုက်shortcuts ပြုလုပ်ခြင်းကို အထူးတားမြစ်ထားပါသည်။
ထို့ ကြောင့် I2wan ရှင်းပြသော မြန်မတို့၏ မှာယွင်းနေသော ဓလေ့များတွင် အလွယ်လိုက်သူကို ဖြတ်ထိုးညာဏ် ကောင်းသူ အဖြစ် ထင်နေကြပုံကို ဖေါ်ပြရခြင်းဖြစ်ပါသည်။ အခြားတခုမှာ မြန်မာတို့ တွင် ပျင်းရိခြင်းနှင့် ရောင့်ရဲခြင်းကို ခွဲခြားမသိကြကြောင်း ပြောပြပါသည်။ မိမိလိုခြင်သည်ကို ကြိုးစား၍ မယူပဲ အဲဒီလောက် အဖိုးတန်တာကို မလိုချင် ပါဘူး မပိုင်ဆိုင်ခြင်ပါဘူး ဟု ရောင့်ရဲ ဟန်ပြသော်လည်း အလကားပေးမယ် ယူမလား ဆိုလျင် တယောက်တည်း အကုန် သိမ်းကြုံး ယူ သွား သူများ ဖြစ်ကြောင်းပြောပြပါသည်။
ကျွန်တော်ဆိုခဲ့ ပြီး ဖြစ်သည့် အတိုင်း I2wan နှင့် တွေ့ပြီး နောက်ပိုင်းတွင် ကျွန်တော့ နေ့စဉ်ဘဝများ လုံးဝနီးပါ ပြောင်းလည်းသွားခဲ့ပါသည်။ တရက်တွင် I2wan မှ ကျွန်တော့ အား ကိုးရီးယား BBQ ဖိတ်ကျွေးပါသည်။ ထိုကိုးရီးယား BBQ ဆိုင်တွင် ထိုင်၍ အသားကင်နေသောအခါ I2wan မှာ ကျွန်တော့အား မမျှော်လင့်ထားသော မေးခွန်း တခုမေးပါသည်။
“ Henry စိတ်ချမ်းသာတယ်ဆိုတာ ဘာကိုပြောတာလဲ ? " ဟုမေးပါသည်။ စိတ်ချမ်းသာခြင်းဆိုသည်မှာ ကျွန်တော်သိထားသလောက်ပြောရလျင် ပူပင်ကြောင့်ကြမဲ့ခြင်း ဆိုသည်ထက်ပို မရှင်းပြတတ်ပါ။ ထို့နောက်သူ မှဆက်ပြီး " Henry စဉ်စားထား ငါ ကမ်ချိ နဲ့တွဲ စားဖို့ အချဉ်ရေ သွားစပ် အုံးမယ် " ဟူ၍ ထသွားပါတော့သည်။ သူပြန်ရောက်လာသောအခါ ကိုးရီယား ကမ်ချိနှင့် အတူ သူစပ်ထားသော အချဉ်ရည် ပန်ကန်လုံးလေး ပါလာပါသည်။
ထို့ နောက်သူက " စဉ်စားတာတွေ ခဏရပ်ထားလိုက် ကိုရီးယား ကမ်ချိစားရအောင်" ဟု ပြောပါသည်။ ထို့နောက် ကျွန်တော့ကို ကမ်ချိစားနည်း သင်ပေးပါသည်။ အစာမစားခင် ဖန်ခွက်သေးသေးလေးဖြင့် ကိုးရီးယား ဆိုဂျူး အရင်သောက်၍ ကမ်ချိကို သူစပ်ထားသောအချဉ်ရည် တွင် နှစ်၍ ကျွန်တော့အား အရင်စားစေပါသည်။ သူကတော့ ကျွန်တော် ကမ်ချိ စားသည်ကို ပြုံး၍ ကြည့်နေပါသည်။နဂို ကတည်းက အချဉ်တည်ထားသော မုန့်ညှင်း ချဉ်ကို အချဉ်ရည်ဖြင့် တွဲ စားရသည်မှာ ကျွန်တော့ အတွက်တော့ ထူးဆန်းနေပါသည်။
ကျွန်တော်လည်း ကိုးရီးယား မုန့်ညှင်းချဉ် ဟု ခေါ်သော ကမ်ချိကို နေရာအတော်များများတွင်စားဖူးသော်လည်း သူတွဲစပ်ပေးသော အချဉ်ရည်ဖြင့် စားရသည်မှာ အတော်လေးကို အရသာထူးခြားပါသည်။ ထို့နောက် သူက ကျွန်တော့အား အရသာဘယ်လို နေလည်း မေးပါသည်။ ကျွန်တော်ကလည်း အလွန်ကောင်းမွန်ကြောင်း ဖြေသောအခါ သူမှ ကမ်ချိ စားနေသော အချိန်တွင် ဖြစ်ပေါ်သော ခံစားမှုကို မေးပါတော့သည်။
ကျွန်တော်ကလည်း ကမ်းချိ၏ အရသာပေါ်တွင်သာ အာရုံရောက်၍ ကောင်မွန်သော အရသာကြောင့် ဝမ်းသာပြီတိ ဖြစ်သောစိတ် ကို ခံစားရပါသည်ဟု ကျွန်တော် ခံစားရသည့် အတိုင်း ပြန်ပြောသောအခါ I2wan မှ " Henry စိတ်ချမ်းသာတယ်ဆိုတာ အဲတာကို ပြောတာ" ဟု ပြန်ပြောပြပါသည်။
ထို့နောက်သူမှ ဆက်၍ ကမ်ချိသည် သာမန် ကမ်ချိသာ ဖြစ်သော်လည်း စပ်ထားသော အချဉ်ရည်မှာ အဆာပလာတခုပို ထည့်ထား၍ ဤသို့ စားလို့ ကောင်းကြောင်း ရှင်းပြပါသည်။ ကျွန်တော်ကလည်း အဘယ်သို့သော အဆာပလာပိုထည့်ထား၍ သာမန်အချဉ်ရည် ထက်ထူးခြားကြောင်း မေးသောအခါ I2wan မှ " ငါစပ်ပေးလိုက်သည့် အချဉ်ရည်ကြောင့် Henry စားလို့ ကောင်းပါစေ " benevolence ဟုခေါ်သော စေတနာကို ထည့်၍ စပ်ထားကြောင်းရှင်းပြပါသည်။
ထို့နောက် ဆက်၍ သူစေတနာနှင့် စပ်ထားသော အချဉ်ရည် ဖြင့် ကမ်ချိ စား၍ အရသာရှိသောကြောင့် ကျွန်တော် စိတ်ချမ်းသာရသလို ၊ မိမိကြောင့် အခြားသူ စိတ်ချမ်း သာသွား ပြီကို သိရသောကြောင့် သူလည်း ဝမ်းသာပီတ ဖြစ်၍ စိတ်ချမ်းသာရကြောင်း ပြောပြပါသည်။
ထို့ကြောင့် မိမိ စိတ်ချမ်းသာချင်လျင် သူတပါးအား စိတ်ချမ်းသာအောင် ပြုလုပ်ပေးပါ ရန်နှင့် အခြားသူများအား စိတ်ချမ်းသာအောင် ဘယ်လို လုပ်ပေးရမလဲ မေးနေရန်မလိုပါ၊ မိမိ၏ နေ့စဉ် လုပ်ကိုင် နေသော အလုပ် ၊ လုပ်ငန်းခွင် သာမက အပေါင်းအသင်များနှင့် ဆက်ဆံရေးတွင် ပြုလုပ်နေကြအလုပ်တို့အား စေတနာထားလုပ်ပေးလျင် ထိုသူများ စိတ်ချမ်းသာရ၍ မိမိလည်း ပြန်လည် စိတ်ချမ်းသာ ရနိုင်ကြောင်း ကျွန်တော့အား ဆုံးမပါသည်။
ကျွန်တော်ကလည်း စားရင်းသောက်ရင်းဖြင့် ကျွန်တော်လုပ်နေသော လုပ်ငန်းခွင်မှာ သင်္ဘောကျင်း တွင် ဖြစ်၍ မည်သို့ စေတနာထားနိုင်ပါမည့် အကြောင်း ပြန်မေးပါသည်။ I2wan မှ ပြုံး၍ ကျွန်တော့ကို ပြန်မေးပါသည်။ ထိုသင်္ဘောများကို မည်သူများ အော်ဒါ မှာကြောင်း မေးပါသည်။ ကျွန်တော်ကလည်း အနောက်နိုင်ငံများမှကမ်းလွန် ရေနံတူးသည့် ကုမ္ပဏီ များက အော်ဒါမှာကြောင်း ပြန်ဖြေပါသည်။
ထိုနောက်သူမှ ဆက်၍ ထိုကဲ့သို့သော သင်္ဘော တစီး ပြီးသွားလျင် ထိုသင်္ဘောပေါ်တွင် လူဘယ်နှစ်ယောက် အလုပ်လုပ်၍ ရနိုင်သနည်းဟု ပြန်မေးသောအခါ ကျွန်တော်ကလည်း အနည်းဆုံး လူ ၁၅၀ ခန့် အလုပ်လုပ်၍ ရနိုင်ပါသည်ဟု ပြန်ဖြေပါသည်။ထိုကဲ့သို့ သင်္ဘော တစ်စီး ပြီးသွားလျင် လူ ၁၅၀ အလုပ်ရနိုင်သည်ဆိုသည်မှာ အိမ်ထောင်စု ၁၅၀ ပြေလည်သွားသည်နှင့် အတူတူပင်ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့ လုပ်နေသော သင်္ဘောသည် လူ ၁၅၀ တနည်းအားဖြင့် မိသားစု ၁၅၀ ခန့် အဆင်ပြေသွားစေ နိုင်ကြောင်းသိထား၍ ထိုသင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင်၌ မိမိ တာဝန်ကျ ရာနေရာတွင် ငါတယောက် ခိုကပ် လိုက်တာ ဘယ်သူမှ မသိပါဘူးဟူ သော စိတ်မထားပဲ ငါ့ တာဝန် ငါ အကောင်းဆုံး ကျေအောင်လုပ်ခြင်းဖြင့် နှောင်ဤသင်္ဘောပေါ်တွင် လူ ၁၅၀ ခန့် အဆင်ပြေပြေ အလုပ်လုပ်နိုင်ကြပါစေဟူသော စေတနာထားလျင် မိမိလည်း စိတ်ချမ်းသာရနိုင်ကြောင်း ရှင်းပြပါသည်။
ဤတွင် စာဖတ်သူတို့အား ရှက်ရှက်နှင့် ဝန်ခံရလျင် ထိုအချိန်တုန်းက ကျွန်တော့မှာ အလုပ်ကို စေတနာထားဖို့ အသာထား တနေ့ပြီး တနေ့ အမြန်ကုန် လကုန်ရင် ပိုက်ဆံရမယ် ဟူသော အတွေးသာဖြစ်မိပါသည်။ အမှန်ကို ဝန်ခံရလျင် ငါပိုက်ဆံရှာမယ် ၊ ငါ ပိုက်ဆံရလျင် ငါ့မိသားစု အဆင်ပြေမယ် ဟူသော အတွေး လောက်သာရှိ၍ အခြားသူများအတွက် လုံးဝထည့်မစဉ်းစားခဲ့ပါ။
မိမိနေ့စဉ်ပြုလုပ်နေကျ အလုပ်တို့အား စေတနာထားပြုလုပ်ပေးခြင်းဖြင့် မိမိ တို့ စိတ်ချမ်းသာရနိုင်ကြောင်း I2wan မှ ပြောပြသောအခါ သူတို့နိုင်ငံတွေ တိုးတက်တယ်ဆိုတာ အခြားသူများအတွက် ထည့် စဉ်းစား ပေး၍ ဖြစ်လိမ့်မယ် ဟူ၍ လည်း တွေးမိပါသည်။ ထို့နေ့က I2wan နှင့် မိုးအတော်ချုပ်သည် အထိ စကားစမြည်းပြောနေခဲ့ပါသည်။
သူနှင့် စကားစမြည်း ပြောခဲ့၍ ကျွန်တော်ရ ခဲ့သော ကောင်းနိုးရာရာ ဗဟုသုတ များကို နှောင်ဆောင်းပါးများတွင် အလျင်သင့်သလို ဖေါ်ပြပေးသွားပါမည်။ ထို့နေ့က BBQ စားပြီး အဆောင်သို့ ပြန်လာသော အပြန်လမ်းတွင် လဖက်ရည်းဖိုးမျှ မရလျင် A4 စာရွက် စားပွဲ ပေါ်မှ ကြွရန် အလွန်ခက်ခဲသော ကျွန်တော်တို့ မြန်မာနိုင်ငံသားများအကြောင်းကို သာ တွေးတောနေမိပါတော့သည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; ( With permission )
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001