မင်္ဂလာပါ။ ယခုတလော အလုပ်အနည်းငယ်များ သဖြင့် steemit platform ပေါ်သို့ ဆောင်းပါးများ ရေတင်နိုင်ခြင်း မရှိခဲ့ပါ။ သို့သော် မည်မျှ အလုပ်များ သော်လည်း steemit platform နှင့် အဆက်ပြတ်သွားခြင်းတော့ မရှိပါ။ ယခုတလော အများဆုံးကြားနေရသည့် အသံများကတော့ Steemit ၏ SMTs ဖြစ်ပါသည်။
သူကတိပေးထားသော March 2019 သို့ ရောက်လာသည့်တိုင် SMTs testnet သာမဟုတ် SMTs lite လည်း ထွက်မလာသေးပါ။ ထို့ အတူ မည်သည့် သတင်း ကြေညာချက်များလည်း ထွက်မလာပါ။ ထို့ကြောင့် steemit platform နှင့်ပါတ်သက်၍ SMTs သည် အောင်မြင်စရာ သို့ မဟုတ် ကျဆုံး စရာ ခလုတ်တခု ဖြစ်နေသည်ကတော့ သေချာပါသည်။ Steem Hunt ကဲ့သို့သော Platform များကတော့ steemit ၏ နည်းပညာအား စောင့်မနေတော့ပါ။ ယနေပင် ကိုးရီးယား Exchange Site ဖြစ်သော IDCM တွင် Hunt token အရောင်း စတင်နေပြီ ဖြစ်ပါသည်။
steemit platform နှင့်ပါတ်သက်၍ ထင်မြင်ချက်များ ရေးသားရန် စဉ်စားထားသော်လည်း လက်တွေ့ရေးချ ရန် အာရုံမရသေးပါ။ ယခုတလော ကျွန်တော့အာရုံအား ဖမ်းစားထားသည်က လက်ရှိ ပြင်သစ်နိုင်ငံတွင် ဖြစ်နေသော တော်လှန်ရေး အကြောင်း ဖြစ်ပါသည်။ ရုတ်တရက် ကြည့်လျင် တိုင်းသူပြည်သားများက ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် အစိုးရအား တော်လှန်သည်ဟု ထင်စရာ ရှိသော်လည်း အတွင်းဘက်တွင် ထိုထက် နက်နဲ ပါသည်။
လွန်ခဲ့သော ရက်များက ကျွန်တော် လေ့လာ ရှာဖွေ ဖတ်ရှုနေခဲ့သော အကြောင်း အရာများအား ဆောင်းပါး ရေးမည်ဟု ကြံစည်ထားသော်လည်း ရှာဖွေလေ့လာလေ သိစရာ များလာလေ ကွင်းဆက်များ ရှာဖွေရလေဖြင့် ထို အကြောင်းအရာများအား ဆောင်းပါး ရေးရန် ဆင်ခေါင်း ခွေးမချီ နိုင်သကဲ့သို့ ဖြစ်လာမည်ကိုလည်း စိုးရိမ်ရပါသည်။
ထို အကြောင်း အရာမှာ ငွေကြေး ၊ အာဏာ ၊ အစိုးရနှင့် စစ်ပွဲ များ အကြောင်း ဖြစ်ပါသည်။ ထို့အရာများအား လေ့လာရာတွင် ရှေ့ခေတ် အီဂျစ် ၊ ဘေဘီလုံ ၊ ထို့နောက် မာယာ အင်ပါယာ ၊ စသည့် ခေတ်ဦး နည်းပညာ များတွင် ဂြိုလ်သားတို့ ပါဝင် ပါတ်သက်ပုံ မှ ရောမအင်ပါယာ ၊ ဂရိ ၊ ဘိုင်ဇင်တိုင်း အင်ပါယာ မှ ယနေ့ခေတ် အမေရိကန် နှင့် တရုတ် ၊ ဥရောပ နှင့် ရုရှား နိုင်ငံများ ထိလေ့လာရပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော် ဘေဘီလုံ မှ စခဲ့သော မြေအောက် အသင်း ဖြစ်သည့် ( Freemason ) ဂိုဏ်း ခေတ်အဆက် ဆက် တိုင်းနိုင်ငံ အစိုးရများအား ချုပ်ကိုင်ခဲ့ကြသူများ ၊ ယနေ့ခေတ် တွင် နိုင်ငံခေါင်းဆောင်များ ၊ ဘဏ်သူဌေးများ မှာ ထိုဂိုဏ်း ဝင် ဖြစ်ကြ၍ ခေတ်တခေတ်အား ပုံစံပြောင်း ထူထောင်ရန် တာဝန်ယူနေကြပါသည်။
New World Order ဟူသည်မှာ တလောကလုံး နိုင်ငံတခု ၊ ငွေကြေးတခု ၊ ကိုးကွယ်ရာ တခုတည်း ဖြစ်စေရန် တနည်းအား ဖြင့် လောကသစ် တခု အဖြစ် ဤကမ္ဘာအား ပုံဖေါ် နေကြခြင်း ဖြစ်ပါသည်။ အကျယ်ချဲ့ရလျင် စာအုပ်တအုပ်သဖွယ် ရေးသားရမည် ဖြစ်သဖြင့် ဤမျှသာ ဖေါ်ပြပေးလိုက်ရပါသည်။
ကျွန်တော့အား အလွန်စိတ်ဝင်စားစေသော အရာမှာ Freemason ဟူသော ( လွတ်လပ်စွာတည်ဆောက်ကြသူများ ) ဂိုဏ်းတွင် ၊ အလွန်တော်သော သိပ္ပံပညာ ရှင်များ ၊ အနုပညာရှင်များ ၊ နိုင်ငံ့ ခေါင်းဆောင်များ သူဌေးသူကြွယ်များ အာဏာပါဝါ ရှိသူများ ပါဝင်ကြသည့် အပြင် ယခု လက်ရှိကျွန်တော်တို့ အရူးအမူး ဖြစ်နေကြသော cryptocurrency ဟူသော အနာဂါတ် ငွေကြေးမှာ သူတို့ပုံဖေါ်နေသော New World Order ၏ ငွေကြေပုံစံအသစ် ဖြစ်ကြောင်း သိရ၍ ဖြစ်ပါသည်။
အထက်တွင် ကျွန်တော် စိတ်ဝင်စားသည်ဟူ သော ပြင်သစ် တော်လှန် ရေးမှာ ဤ အကြောင်းအရာများ နှင့် အများကြီး ပါတ်သက်ပါသည်။ အဘယ်ကြောင့် ဆိုသော် ပြင်သစ်နိုင်ငံသားများ ဖြုတ်ချ လိုသော ပြင်သစ် သမ္မတ Macron မှာ Freemason ဂိုဏ်းဝင် တယောက် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အချိန်ရလျင်တော့ ဤ အကြောင်းအရာများအား အကျယ်တဝံ့ရေးသားမည်ဟု စိတ်ကူးထားပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001