ကျွန်တော်သည်တခေါက် ရန်ကုန်ပြန်ရောက်သည်မှာ အရင်တခေါက်ပြန်ရောက်လာသည်ကဲ့သို့ ဘားမျှ မထူးခြားပါ။ ရန်ကုန်မြို့ကာ ယခင်ထက်ထူးခြားလာသည်ကတော့ ကားစီးလို့ ကောင်းလာခြင်းပါ။ YBS ကာများကတော့ အသစ်မို့ထင် စီး၍ ကောင်းသလို aircon ကလည်း ကောင်းပါသည်။
ပူပြင်းသော ရန်ကုန်နေဖြင့် ကားစီးရသည်မှာ သက်တောင့် သက်သာ ရှိပါသည်။ နေလည်ပိုင်းဖြစ်၍ ကားလည်း သိပ်မကျပ်ပါ။ မိမိလည်း ပြတင်းပေါက် ဘေးတွင် ထိုင်ပြီး ရန်ကုန်မြို့ ၏ အနာကျက်လာ သောအနေအထားကို ငေးမောနေမိသည်။ ရုတ်တရက် Safety First ဟုရေးထားသော အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို တွေ့ရလေသည်။
Safety first ဟု ဆိုသော်လည်း အုတ် ၊ သဲ၊ ကျောက် ထမ်းနေသူတို့မှာ Safety helmet အသာထား အင်္ကျီပင်မကပ်ပါ။ သူ့Safety နှင့်သူပေါ့။ YBS ကား ကာတရိပ်ရိပ်နှင့် သွားနေဆဲ။ မီးပွိုင့် တခုသို့ ရောက်သောအခါ မီးနီ နေ၍ လှမ်းကြည့် သောအခါ ကားတန်းကာ တမျှော်တခေါ်။ လက်ပွေ့ဈေးသည်တို့ကာအလုအယက်။
ကွမ်းယာ၊ ရေသန့် ၊ ဆေးလိပ် တို့မှ အစ မရမ်းပေါင်း မြေပဲလှော် အလယ် ၊ ဂျာနယ် ၊ သတင်စားအဆုံး ထိုမီးပွိင့်တွင် အကုန်ရသည်။ရုတ်တရက် ပိုစတာတွေရမယ် ပိုစတာတွေရမယ် ဟု အော်ရောင်းနေသော ဈေးသည်ကို လှမ်းကြည့် လိုက်သောအခါ ဒေါ်အောင်ဆန်းစုကြည်မှ ကျွန်တော့အား မချိပြုံးဖြင့် ကြည့်နေပါတော့သည်။
ကားထွက်၍ မှတ်တိုင်ရောက်သောအခါ လူအများ ကတော့ တက်လိုက် ဆင်းလိုက်။ ပုံးထဲသို့ ပိုက်ဆံများ ထည့်ကြရသဖြင့် စပယ်ယာတို့၏ မိုက်ရိုင်းသံများကို မကြားရ၍တမျိုးတော့ စိတ်ချမ်းသာဖို့ ကောင်းပါသည်။ ရုတ်တရက် " သား တခါးလေး ခဏဖွင့်ပေးပါ အန်တီ အမှိုက်ပြစ် ချင်လို့ " ဟူသောအသံကြား၍ ဘေးကို လှည့်ကြည့် လိုက်သောအခါ ရွှေဆွဲကြိုး တုတ်တုတ်ကြီး အား စိန်လော့ကက်တီး နှင့် ဆွဲထားသော အန်တီကြီးကို တွေ့ရလေတော့သည်။
အန်တီကြီးကလည်း ဆက်၍ " သားမရိုမသေ သည်အမှိုက်လေး ပြစ်ပေးပါအုံး " ဟူ၍ ကျွတ်ကျွတ်အိတ် အသေးလေးဖြင့် ထုပ်ထားသော အမှိုက်ထုပ်ကို လှမ်းပေးပါသည်။ ရွှေလက်ကောက်တို့ကာ မရှိလျင် အနည်းဆုံး ၁၀ ကွင်းခန့်ရှိမည်။ ကျွန်တော်လည်း မတတ်သာ၍ အမှိုက်ထုပ်အားယူထား၍ ကျောပိုးအိတ်ဘေးအိတ်တွင် ထည့်ထားလိုက်ရပါသည်။
ကျွန်တော်လည်း လိုရာခရီးရောက်၍ ကားပေါ်မှ ဆင်းသောအခါ ပြင်ပ နေက ပူပြင်း လွန်းလှသည်။ ထို နေရောင် အောက်တွင် လူတို့ကာ တလုပ် လုပ် သွားလာနေကြဆဲ။ ရုတ်တရက် ဘေးမှ ပြစ်ပြစ်နှစ်နှစ်ဆဲသံကြားလိုက်၍ လှည့်ကြည့် သောအခါ ပလားစတစ်ကောက် နေကြသော ကလေးနှစ်ယောက် ဘာတွေ အဝေမတည့် ကြမှန်းမသိ ။
ရန်ဖြစ်၍ ဆဲနေကြသည်မှာ မကြာဝံ့ မနာသာ။ ကျွန်တော်သည် အသက်အရွယ် ရောက်လာသည်အထိ ထိုမျှလောက်သော ဆဲနည်းရှိသည် ကိုပင်မသိပါ။ ကျွန်တော်လည်း ခပ်သုတ်သုတ် လမ်းလျှောက်၍ ဝေးရာသို့ အမြန် ဖယ်ကျဉ်းရလေတော့သည်။
မြို့ထဲသို့ ရောက်တုန်းရောက်ခိုက် နာမည်ကြီး ကော်ဖီဆိုင် သို့ ဝင်ထိုင်ရန် အကြံဖြစ်မိ၍ ထိုဆိုင်သို့ ဝင်လိုက်သောအခါ အိမ်သာ နံ့က ထောင်းကနဲ။ ယခင်က မင်္ဂလာပါ ရှင် ဘာများ သုံး ဆောင်ခြင်ပါ သလဲ ဒီဘက်ကို ကြွပါ ဟူသော ဧည့်ကြို စပွဲထိုး မလေးများ၏ အသံလည်း မကြားရ။
သူတို့လည်း ကျွန်တော်ဝင်လာသည်ကို ဂရုပင်မစိုက် ။ ပြန်ထွက်လာခဲ့ လိုက်တော့သည်။ နေပူထဲတွင် လူတို့ကာ တရုန်းရုန်း ၊ ကားတို့ကာ ပြွတ်သိပ်နေဆဲ ။ ကားဟွန်းသံတို့ကာ နားငြီးစရာ။ မြို့ထဲတိုက်ခန်းတွင် နေထိုင်ကြသူတို့ကာ ဘယ်လို နေမှန်း မသိ ။ ကျွန်တော့ အတွက်တော့ ထိုတိုက်ခန်းမျိုးတွင် နေရသည်မှာ ငရဲ ငယ် တခု အဖြစ်သာ။ ဗိုက်ဆာလာ၍ နာမည်ကြီး ကြေးအိုးဆိုင်သို့ ဝင်စား သောအခါ အရသာက မဆိုးလှ ဗိုက်ဆာနေ၍ ထင့်။
ပိုက်ဆံရှင်းသောအခါ ပြေစာတွင် တဆိပ်ခေါင်းလေးများကပ်ပေးပါသည်။ မိမိလည်း အခွန်ထမ်း ပြည်သူ တယောက် ဖြစ်နေကြောင်း ယခုမှ သဘောပေါက်လိုက်မိပါသည်။ ကျွန်တော်လည်း မြို့ထဲသို့ လာရင်း ကိစ္စပြီးသွားသဖြင့် အိမ် မပြန်ချင်သေ၍ ရန်ကုန်မြို့တွင် ဘယ်နေရာ သွားလည်ရမလဲ စဉ်းစား သောအခါ ရွှေတိဂုံ ဘုရားမှလွဲ၍ လည်ပတ်စရာ နေရာ စဉ်းစားမရပါ။ အိမ်ပြန်၍ စာဖတ်နေတာပဲကောင်းပါတယ်ဟူ၍ ကားမှတ်တိုင်သို့ သွားပြီး YBS ကားပေါ်သို့ တက်လိုက်ပါတော့သည်။
ကျွန်တော်နေသော ရပ်ကွက်ကလေးသည် ဆိပ်ငြိမ် ရပ်ကွက် ဖြစ်၍ ကားသံလူ သံများနှင့် ဝေးပါသည်။ ထို့ အပြင် ရပ်ကွက် ဓမ္မာ ရုံ နှင့်လည်း ဝေး၍ မနောသီချင်း ၏ နှိပ်စက်မှုနှင့်လည်းကင်း ဝေးပါသည်။ တခါတရံ ထီသည်များ ရောက်လာလျင်တော့ ၁၅ မိနစ်ခန့် နားငရဲ ရောက်ရပါသည်။ ကျွန်တော်တို့ အိမ်၏ တလမ်း ကျော်တွင် ရပ်ကွက် ဈေးရှိပါသည်။ ထိုဈေးလေး အကြောင်းကို နောက်ဆောင်းပါးတွင် ဖေါ်ပြပေးပါမည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001