မင်္ဂလာပါ။ ယခုတလော MSC member များ၏ ဤ platform အပေါ် သွေးအေးလာကြသော အခြေ အနေနှင့်ပါတ်သက်ပြီး အားပေးစကားပြောကြသူများ ၊ သတိပေး ဆောင်းပါး ရေးသားကြသူများ ကိုသတိထားမိ၍ ဤ ဆောင်းပါးအား ရေးသားရခြင်း ဖြစ်ပါသည်။ အမှန်အား ဝန်ခံရလျင် ခေါင်းဆောင် ဖြစ်သော ကျွန်တော့ တာဝန်မကင်းပါ။
အဖွဲ့ အစည်း တခု တည်တံ့စေရန်အတွက် ထို အဖွဲ့ ၏ Active ဖြစ်မှုမှာ များစွာ အရေးကြီးပါသည်။ ထိုအပြင် အမြဲ မပြတ်စည်းဝေးတိုင်ပင် ကြခြင်းသည်လည်း အဖွဲ့အစည်း ၏ အသက်တခု ဖြစ်ပါသည်။ ကျွန်တော်တို့ MSC အား ပြန်လည် အသက်သွင်းရန် လိုအပ်နေပြီ ဖြစ်ပါသည်။
ယနေ့ နံနက် ကိုမဟော် ရေးသားထားသော MSC ပြန်လည်စည်ကားလာစေရန် နှင့်ပါတ်သက်၍ အဖွဲ့ဝင် ဟောင်းများ ပြန်လည် စီစစ်လက်ခံရန် အကြံပြုရေးသားထားသည်ကို ဖတ်ရပါသည်။ လက်ရှိ MSC ငြိမ်သက် နေခြင်း နှင့်ပါတ်သက်၍ အဓိက တာဝန်ရှိသူမှာ ခေါင်းဆောင် ဖြစ်သူ ကျွန်တော် Henry Aung ၏ တာဝန် လစ်ဟင်းမှုကြောင့်သာ ဖြစ်ကြောင်း ဝန်ခံပါသည်။
ကျွန်တော့ အနေဖြင့်လည်း MSC အားပြုပြင် ပြောင်းလည်းရန် အရှိန်ယူနေရသောကြောင့် ဖြစ်သလို ဤ ကဲ့သို့ Steem ဈေးနှုန်းများ ကျဆင်းလာသောအခါ မည်သူက မည်မျှလောက်ဇွဲ ရှိသည်ကို သိလိုသောကြောင့် စောင့်ကြည့် နေခြင်း ဖြစ်ပါသည်။ Steem ဈေးနှုန်းကျ ဆင်းခြင်းအတွက် ဆောင်းပါးများ ရေးသားခြင်း ရပ်တန့်လိုက်သူများအား အပြစ်တင်ရန် မဟုတ်ပါ။
ဦးမင်း ပြောသကဲ့သို့ပင် steemit က လောလောဆယ် ကျွန်တော်တို့အား ထမင်း မကျွေးနိုင်သေးပါ။ လက်ရှိအချိန် အထိ မိမိဝမ်းစာ အတွက် အလုပ်လုပ်နေကြရင်း steemit platform ပေါ်မှ အပို ဝင်ငွေ ရလိုရငြား မျှော်လင့်ချက် တခု ဖြင့် လုပ်ကိုင် နေကြရဆဲ ဖြစ်ပါသည်။ သို့သော် ဤ MSC အား တကယ် ချစ်မြတ်နိုးသူ ၊ တကယ်တည်တံ့ နေစေချင်သူတို့ ရှိနေကြသည် ဖြစ်၍ ကျွန်တော့ အနေဖြင့်လည်း ဤ MSC အား ယခင်ကကဲ့သို့ ပြန်လည်စည်ကား အသက်ဝင်လာစေရန် ကြိုးစား၍ ပြုပြင် ပြောင်းလည်း ပါမည်ဟု ကတိပြုပါသည်။
ပထမဦး စွာ ပြောင်းလည်း ရမည့် အချက်မှာ MSC Admin Team ဖြစ်ပါသည်။ ယခင် Admin Team မှ ပြည့်စုံခင်ခင် ထွက်သွားပြီ ဖြစ်သလို သက်ကိုဇော်
နှင့် ကိုညီညီဝင်း
တို့ကလည်း မိမိတို့ မိသားစု အရေးကြောင့် Admin များ အဖြစ်မှ အနားယူ သွားကြပြီဖြစ်ပါသည်။ MSC မှ လုံးဝ ထွက်ခွာသွားကြခြင်းတော့ မဟုတ်ပါ။ ထို့ကြောင့် လက်ရှိ MSC အား အဓိက မောင်းနှင် နေကြသော Admin များမှာ ကိုဒွန်
၊ ကိုစိုး
နှင့် ဒိုမီလေး
တို့သာ ရှိပါသည်။ ထို့ကြောင့် ကျွန်တော်တို့ MSC Admin Team အား ပထမဦးစွာ ပြုပြင် ပြောင်းလည်း ပါမည်။ လိုအပ်နေသော အတွင်းရေး မှုးနေရာနှင့် Organiser များ ထပ်မံ ခန့်အပ်၍ တာဝန်များ ခွဲ ဝေယူသွားကြမည် ဖြစ်ပါသည်။
ဒုတိယအနေဖြင့် Steem ဈေးများကျ ဆင်နေသော်လည်း ယခင်ကကဲ့သို့ Best author award များ ၊ MSC နှင့် ပါတ်သက်သော အလှူ အတန်း များ ၊ အဖွဲ့ အစည်း ဖြင့် လုပ်ဆောင် ရသော ပျော်ရွှင်စရာ အစီအစဉ် များ ပြန်လည် အသက်ဝင်လာ စေရန် ကြိုးစားလုပ်ဆောင်ပါမည်။ လက်ရှိအချိန် တွင် အဖွဲ့ဝင် အင်အား နည်း နေသေးသော်လည်း ရှိသည့် လူအင်အားဖြင့် တတ်စွမ်း သလောက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားပါမည်။
တတိယအချက်အဖြစ် အဖွဲ့ဝင်များ အတည်ပြုခြင်း နှင့် smart card များ ထုတ်ပေး ခြင်း များအား Admin team နှင့် တိုင်ပင်၍ လုပ်ဆောင်ပေးသွားပါမည်။ MSC မှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားကြသော အဖွဲ့ ဝင် ဟောင်းများအား ပြန်လည် စီစစ် လက်ခံ နိုင်ရန် ၊ အဖွဲ့ဝင် အသစ်များအားလည်း လက်ခံ နိုင်ရန် Admin Team ဖြင့် တိုင်ပင်၍ ကြိုးစားလုပ်ဆောင်သွားပါမည်။
နောက်ဆုံးနှင့် အရေးကြီးဆုံး အချက်မှာ အထက်ဖေါ်ပြပါ အကြောင်းအရာများ ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်ရန် အတွက် MSC chat group တွင် အစည်း အဝေးခေါ်ယူပါမည်။ MSC အား ချစ်မြတ်နိုးသူတိုင် ထိုအစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ကြပါရန် နှိုးဆော်လိုပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001